13/05/2026
မင်္ဂလာပါရှင် 🥰🥰🥰
Panora Pan Laung Farmstay Page လေးကနေ ဒီတစ်ပါတ်မှာ ပန်းလောင်မြစ်နဲ့ လည်ပါတ်စရာအထင်ကရနေရာများရဲ့ အပိုင်း ၂ လေးကို ဆက်လက်ဖေါ်ပြပေးပါရစေရှင်...
အခုစာစဥ်လေးများကို ခွင့်ပြုချက်မရှိပဲ တစ်ဆင့်ပြန်လည်ကူးယူဖေါ်ပြခြင်းမျိုး ခွင့်မပြုပါဘူးရှင်
အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် 🥰
အရင်တစ်ပါတ်က အပိုင်း ၁ ကိုဖတ်ချင်ရင် ဒီ Link လေးကို နှိပ်ပြီး ဖတ်နိုင်ပါတယ်နော်
https://www.facebook.com/share/p/18uY7coGjn/
အပိုင်း ၂
ကင်းတားဆည်နဲ့ ပြက္ခရွေတောင်တို့ပြီးရင် ပန်းလောင်မြစ်တစ်လျှောက်မှာ လည်ပါတ်လို့ကောင်းပြီး အပူရှောင်ရေချိုးလို့ကောင်းတဲ့ နေရာလေးတွေကတော့ ပန်းလောင်မြစ်ပဲဖြစ်ပါတယ်။
ပန်းလောင်မြစ်တစ်လျှောက် စက်လှေစီးရင်း ပန်းလောင်အတွင်းစီးဝင်နေတဲ့ ရေထွက်ကကျတဲ့ ရေတွေဟာ သဘာဝရေတံခွန်တွေအဖြစ် လှပစွာဖြစ်တည်နေပါတယ်။ အဲ့ဒီရေတံခွန်တွေထဲမှာတော့ ပိန္နဲပင်ရွာဖက်အခြမ်းကနေကျနေတဲ့ ဖိုအင်ရေထွက်ကလာတဲ့ ရေတံခွန်ကြီးတစ်ခုဟာ အရမ်းလှပပြီးထင်ရှားပါတယ် ဒီရေတံခွန်ကို မောင်းကွေးရေတံခွန်လို့ သိကြပါတယ်။ သူက ပန်းလောင်မြစ်ထဲမှဖြစ်စေ၊ မောင်းကွေးရွာမှဖြစ်စေလာရတာဖြစ်ပြီး မောင်းကွေးရွာဖက်အခြမ်း စုပေါင်းထိန်းသိမ်းထားတဲ့ CF အစုအဖွဲ့ပိုင်သစ်တောနဲ့ မောင်းကွေးရွာဖက်အခြမ်းကနေ ဓါတ်ပုံရိုက်လို့ အရမ်းလှတာမလို့ မောင်းကွေးရွာကို အစွဲပြုပြီး မောင်းကွေးရေတံခွန်လို့ခေါ်ကြတာပါ။ ရေတံခွန်က မောင်းကွေးရေတံခွန်ရယ်၊ အဲ့အထက်ဖက်နားမှာရှိတဲ့ အပေါ်ရေတံခွန်တစ်ခုရယ်က ပန်းလောင်မြစ်ရိုးတစ်လျှောက်မှာ လည်ပါတ်လို့ကောင်းပါတယ်။ မောင်းကွေးရေတံခွန်ကတော့ မိုးရာသီ ၆ လပိုင်း ၇ လပိုင်းကနေစလို့ ဆောင်းတွင်းအထိ အရမ်းလှပပြီး ကျောက်ဆောင်တွေနားကနေ ရေတွေအလုံးအရင်းနဲ့ဖြာစီးကျနေတာမလို့ စက်လှေစီးပြီးသွားရတာ ရင်သပ်ရှုမောဖွယ်အတိပါပဲ။ ဒီရေတံခွန်ဟာ တစ်နှစ်ပါတ်လုံးမှာ လှပနေပြီး March, April နှစ်လလောက်မှာတော့ ရေအနည်းငယ် နည်းတတ်ပါတယ်။ ရေနည်းရခြင်းက အဓိကကတော့ ရေတံခွန်အပေါ်က စိုက်ပျိုးမြေတွေမှာ နွေစပါးစိုက်ဖို့အတွက် ဒီရေတံခွန်ထဲကို စီးဝင်မယ့်ရေတွေကိုတောင်သူတွေလယ်ယာစိုက်ပျိုးရေးအတွက် လယ်ရေသွင်းဖို့သွယ်ယူကြရတာကြောင့်ဖြစ်ပါတယ်။
ရေနည်းတယ်ဆိုပေမယ့်လည်း လုံးဝရေမကျတော့တာမျိုး မဟုတ်တဲ့အတွက် ပန်းလောင်မြစ်နဲ့ အခြားအလှအပတွေကို မထိခိုက်စေပါဘူး လာရောက်လည်ပါတ်သုများဟာလည်း ရေချိုး၊ ရေကစားလို့ကောင်းတဲ့အတွက် ဧည့်ပြတ်တယ်လို့မရှိသွားပါဘူး။
ပန်းလောင်မြစ်တစ်လျှောက်စက်လှေစီးပြီး ရေတံခွန်တွေမှာ ရေကစားပြီးရင် ပန်းလောင်ကြိုးတံတားနဲ့၊ ကင်းတားလေးဆည်တို့ဟာလည်း သွားရောက်လည်ပါတ်ပြီး ဓါတ်ပုံရိုက်လို့လှပတဲ့ နေရာလေးတွေဖြစ်ပါတယ်။
ဒါကတော့ ပန်းလောင်မြစ်တစ်လျှောက်မှာ လည်ပါတ်လို့ရတာတွေဖြစ်ပါတယ်။
အပန်းဖြေစခန်းတွေ eco resort တွေကတော့ ပန်းလောင်မြစ်ဘေးမှာ ၃ ခု ၊ ၄ ခု လောက်ရှိတာမလို့ မိမိအဆင်ပြေရာ resort တွေမှာချိတ်ဆက်ပြီး အစားအသောက်၊ လည်ပါတ်တဲ့အစီအစဥ်နဲ့ တည်းခိုဖို့တွေကို စုံစမ်းနိုင်ပါတယ်။
မောင်းကွေးနဲ့ ပိန္နဲပင်ရွာတို့မှာလည်း ဒေသခံတို့ရဲ့ တစ်ပိုင်တစ်နိုင် စက်လှေဆိပ်လေးတွေရှိလို့ သူတို့တွေနဲ့ သွားမယ်ဆိုလည်း အဆင်ပြေပါတယ်။
သိပ်မကြာခင် ရက်ပိုင်းတွေအတွင်းမှာလည်း Panora farm stay ခြံလေးမှာ မတူကွဲပြားတဲ့ ဝန်ဆောင်မှုတွေနဲ့ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
ဟုတ်ပါပြီ ပန်းလောင်မြစ်ကြောင်းအတိုင်းပြီးရင်တော့ ဆက်လက်ပြီး ပန်းလောင်မြစ်ထဲကိုစီးကျနေတဲ့ ရေတံခွန်ကြီးရဲ့ ရေအရင်းအမြစ်စတင်ရာ ဖိုအင်ရွာလေးအကြောင်းပြောပြချင်ပါတယ်။
ဖိုအင်ဆိုတဲ့ရွာလေးမှာ လှိုဏ်ဂူ အင်းလိုမျိုး ရေထွက်တွေရှိပါတယ်။ အရင်က အဲ့ဒီ ဂူတွေမှာ ဖွတ် ကြီးတွေခိုအောင်းကြလို့ ဖွတ်အင်းလို့အမည်တွင်ပြီး အခုနောက်ပိုင်းမှာတော့ ဖိုအင်လို့ အမည်ပြောင်းလဲခေါ်ဝေါ်လာကြပါတယ်။ ဖိုအင်ရွာကလေးဟာ ကျွန်တော်သိသလောက် အိမ်ခြေ ၁၅၀ ဝန်းကျင်လောက်ရှိပြီး ဖြူစင်တဲ့ လယ်ယာအဓိကစိုက်ပျိုးကြတဲ့ ဒေသခံများနေထိုင်ကြပါတယ် ပုံမှန်လိုကတော့ ဗမာလူမျိုးများဖြစ်ပြီး ရွာငံနယ်နဲ့ အစပ်မှာဖြစ်တဲ့အတွက် ရှမ်း၊ ဓနု လူမျိုးအစပ်များနဲ့ စကားအနည်းငယ်ဝဲကြပါတယ်။ ဖိုအင်ရွာကလေးဟာ အခုထက်ထိတော့ လမ်းအပိတ်ရွာဖြစ်ပြီး အခြားရွာကိုထပ်ဆက်သွယ်ထားတဲ့ ရွာခြင်းဆက်လမ်းမရှိသေးပါဘူး။ အရင်ကလူသူအရောက်အပေါက်နည်းပြီး လမ်းပန်းဆက်သွယ်ရေးလည်း မလွယ်ကူ မဖြောင့်ဖြူးသေးပါဘူး။ အခုချိန်မှာတော့ မြေသားလမ်းကို ကားလမ်းထိုးထားပြီး ရွာအထိ လမ်းမခင်းဖြစ်သေးပဲ တောင်တက်လမ်းလေးသဖွယ် အတက်အဆင်းအကွေ့အကောက်တွေရှိတာမလို့ မြေသားလမ်းလည်းဖြစ်တာကြောင့် မိုးတွင်းတွေမှာ ပျက်စီးနေပြီးကားငယ်များသွားဖို့ မဖြစ်နိုင်သေးသလို ဆိုင်ကယ်ဖြင့်ဆိုရင်တောင် အနည်းငယ်ခက်ခဲနေပါသေးတယ်။
အင်မတန်လှပတဲ့ ရှုမျှော်ခင်းတောင်တန်းတွေနဲ့ လယ်ကွင်းတွေ လွင်ပြင်ကျယ်တွေ သဘာဝကပေးထားတဲ့ ရေအရင်းအမြစ်တွေပါ ပါရှိတာကြောင့် လှပသာယာတဲ့ရွာလေးဖြစ်ပါတယ်။
ပန်းလောင်မြစ်ထဲကို စီးကျတဲ့ မောင်းကွေးရေတံခွန်ဆိုတာ ဖိုအင်က စတာဖြစ်ပါတယ်။ ဖိုအင်ရွာရဲ့ အဓိက ရေထွက်ဖြစ်ပြီး ဖိုအင်ဂူထဲကနေ အလုံးအရင်းနဲ့ ထွက်နေတဲ့ ကျောက်ကြားရေထွက်ကြီးဖြစ်ပါတယ်။ ဒီရေထွက်ကိုပဲ ချိုးရေ၊ သောက်ရေ၊ သုံးရေသုံးကြပြီး ဒီကနေပဲ စိုက်ပျိုးရေးစနစ်ကြီးတစ်ခုလုံးကို ပံံ့ပိုးပေးထားတဲ့ ရေထွက်ကြီးဖြစ်ပါတယ်။ ဒါ့အပြင် ရှေးယခင်ကဆိုရင် ဒီရေထွက်နဲ့ပဲ 3KV , 5KV စတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ကြပြီး ရွာအတွက်အလင်းရောင်ပါပေးနိုင်တဲ့ ရေထွက်ကြီးဖြစ်ပါတယ်။
အဓိကပြောချင်တာကတော့ ဖိုအင်ရွာကထိန်းသိမ်းထားတဲ့ ရေထွက်ထိန်းသိမ်းတောနဲ့ ဖိုအင်လှိုဏ်ဂူတို့ဖြစ်ပါတယ်။ အဲ့ဒီနေရာတွေဟာလည်း ပန်းလောင်မြစ်နဲ့ ဆက်စပ်နေပြီး ပန်းလောင်တစ်လျှောက် ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးခဲ့ရင် ဖိုအင်လိုရွာမျိုးလေးဟာလည်း အတူလိုက်ပါဖွံ့ဖြိုးလာသင့်တဲ့နေရာတစ်ခုပါပဲ။
ဖိုအင်လှိုဏ်ဂူဟာ ရေထွက်နဲ့ ဆက်စပ်နေတာဖြစ်ပြီး လှိုဏ်ဂူအတွင်းအောက်စီဂျင်ရှိနေပြီး မီးအလင်းရောင်သာရရင် ဝင်ရောက်လည်ပါတ်နိုင်တဲ့ သဘာဝကျောက်ဂူတွေဖြစ်ပါတယ်။ ထုံးကျောက်တွေနဲ့ ကျောက်ခက်ပန်းဆွဲတွေလည်းရှိတာမလို့ လည်ပါတ်လို့ကောင်းပါတယ်။ ပြီးရင် ရေထွက်နားမှာပဲ ရေပူစမ်းလေးလည်း ရှိပါတယ် ကြက်ဥပြုတ်လို့ရလောက်အောင်အထိပူတာမဟုတ်ပေးမယ့် ရေပူ၊ ရေအေး နှစ်မျိုးသီးသန့်ဖြစ်နေပါတယ်။ ဒါကလည်း သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။
ဆိုတော့ ဖိုအင်ရွာလေးဟာလည်း သီးသန့်ဖြစ်တည်နေပြီး အချုပ်ပြောရရင် လယ်ကွင်းစိမ်းစိမ်းတွေ၊ ရေထွက်တွေ၊ လှပတဲ့ တစ်မျှော်တစ်ခေါ်တောင်တန်းတွေနဲ့ ရေဝင်ရေစီးကောင်းတဲ့ လှိုင်ဂူတွေနဲ့ ပါတ်ချာလည်တောင်တန်းတွေနဲ့ သဘာဝထိန်းသိမ်းတောတွေရှိနေပြီး နောင်တစ်ချိန် သွားရောက်လည်ပါတ်ဖို့ ကောင်းတဲ့ တောင်ပေါ်မြေပြန့်မှာရှိတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။
ဒီလိုနေရာလေးတွေကို သွားရောက်လည်ပါတ်မယ်ဆိုရင် အမှိုက်တွေမဖွခဲ့ကြဖို့နဲ့ မိမိအမှိုက်များပြန်သိမ်းပေးသွားဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒါ့အပြင် မြေတွေစွတ်ဝယ်ပြီး အုတ်တံတိုင်းတွေခတ်တာ ကျောက်တိုင်တွေစိုက်တာမျိုးလုပ်မယ့်အစား ကျေးလက်အခြေပြုခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးလာအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်။ နောင်ရက်တွေမှာလည်း ပန်းလောင်အနီးနားက တခြားလည်ပါတ်စရာနေရာလေးတွေကို ထပ်မံဖေါ်ပြပေးပါဦးမယ်။
စာအရမ်းရှည်သွားမှာစိုးလို့ နောင်တစ်ပါတ်တွေမှာ ထပ်မံ တင်ဆက်ပေးပါမယ်နော်🥰🥰🥰
အခုလို သဘာဝအလှတရားတွေနဲ့ ပန်းလောင်တစ်လျှောက်ကို လာရောက်လည်ပါတ်လေ့လာချင်ရင် Panora Farmstay ခြံလေးကို ဆက်သွယ်ပြီး လာရောက်လည်ပါတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 😍
ဆက်သွယ်ရန် ဖုန်းနံပါတ်ကလေးများပါရှင့် 😊😊
09 675 245 121
09 962 404 253
09 443 315 084
အဆုံးထိဖတ်ရှုပေးတာကျေးဇူူးတင်ပါတယ်ရှင့်
Panora Page လေးကိုလည်း like & share လေးတွေနဲ့ အားပေး ပေးကြပါဦးနော် 🙏🙏🙏
#ပန်းလောင် #ကူမဲ #မောင်းကွေးရွာ
#ဖိုအင် #ခင်လယ်