Wai Wai's Place

Wai Wai's Place Come and Feel like "Home Away from Home" our traditional food is amazing 😍. "Thukha (Pali: Sukha)" means "bliss" in Pali/Sanskrit.

Wai Wai's Place was established in 2013 when Wai Wai, who is from a small town name Momeik in northern Shan State. She alone established a small place at Thiri Mingalar St, since then we moved to third location at 4(A) Thukha St, Sanchaung Township. Wai Wai's Place is a community in itself, for long stay or short stay travellers. We cannot offer much of the modern amentities. Our place has staircases of five floors without elevator, but whatever you decide, "You'll know if it's right for you."

မနေ့က Sunday သားလေးတွေကို ပဲကပ်ကြော် လုပ်ကျွေးဖြစ်ပါတယ်။ စားလိုက်ကြတာရှင်။ သားကြီးက မေမေ Charlie ရန်ကုန်မှာ အမြဲစားတယ်နေ...
15/06/2026

မနေ့က Sunday သားလေးတွေကို ပဲကပ်ကြော် လုပ်ကျွေးဖြစ်ပါတယ်။ စားလိုက်ကြတာရှင်။ သားကြီးက မေမေ Charlie ရန်ကုန်မှာ အမြဲစားတယ်နော့ဆိုပြီး သတိရနေလျှက်ရှင်။ သူသွားနေကျ အိမ်နားက ပွင့်ဝါဆိုင်ကို သူသွားချင်တယ်ဆို ကြောင်း ခဏခဏပြော။ အဲ့ဆိုင်မှာက သူစားချင်တာ အကုန်ရနေတော့ မှတ်ညဏ်က မှတ်မိနေလေလျှက်။

.

Wai Wai team.
Much love. 💙

14/06/2026

အချဉ်သီးကို ဆားနဲ့ အပီအပြင်စားနေကြတယ်။ ကုန်သွားတော့ ခြံထဲပြေးခူးပြီး ထပ်စားနေကြတယ်။ တော်တော်ကိုကောင်းပါတယ်။🥰😘
.

Wai Wai team.
Much love. 💙

14/06/2026

ချဉ်ငံစပ် အရမ်းကြိုက်ကြတဲ့ ညီအစ်ကို။ ဆီဖြူသီး နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဆားလေးနဲ့တို့စားကြတယ်။အငယ်က အဲ့လောက်မကြိုက်ပါဘူး အကြီးလေးက ပိုကြိုက်တယ်။ မေမေလိုပဲ ချဉ်ငံစပ်။ ကျောင်းပိတ်ရက် သားလေးတွေနဲ့ မနက်ခင်းလေးတစ်ဖြတ်။🥰

.

Wai Wai team.
Much love.💙

အနောက်အရပ်မှာ အခုလို ဗန်းကြီး ဗန်းငယ်နဲ့ လက်ဖက်သုတ် ဂျင်းသုတ်ကို တစ်နေ့သုတ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဘူးပါဘူး။ သူတို...
14/06/2026

အနောက်အရပ်မှာ အခုလို ဗန်းကြီး ဗန်းငယ်နဲ့ လက်ဖက်သုတ် ဂျင်းသုတ်ကို တစ်နေ့သုတ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဘူးပါဘူး။ သူတို့တွေ ခတွင်းတွေ့ကြသလို ကြိုက်တဲ့ဆိုင်မှာလည်း ဝယ်လို့မရပါဘူး။ ဒီအရပ်မှာ ဒါကိုစားချင်ရင် မြန်မာလူမျိုးတွေနဲ့နီးစပ်ရာ သို့မဟုတ် မြန်မာလူမျိုးတွေဆီမှာပဲ မှာယူစားသုံးလို့ရတဲ့ အစားအစာတစ်မျိုးပါပဲ။
ဝေဝေရဲ့ ရန်ကုန်ဆိုင်ကလည်း စဖွင့်ချိန်ကနေ ခုချိန်ထိ ဆယ်စုနှစ်ကျော် တစ်ခါမှ Menu မပြောင်းခဲ့ဘူးပါဘူး။ ဒီအစားအစာနဲ့ ဒီအရသာကို စားချင်ရင် ဒီမှာ ရနိုင်တယ်ဆိုတာမျိုးပါ။ ရိုးရာအစားအစာကိုပဲ ရိုးရိုးရှင်းရှင်းနဲ့ရောင်းခဲ့သလို အခုဒီအရပ်ရောက်တော့လည်း မြန်မာမှာ စခဲ့တဲ့ Menu ပါပဲ။ မပြောင်းလည်းသောအကြောင်းတရားထဲက တစ်ခုလို့ပြောလို့ရပါတယ်။ သေရာပါလို့တောင် တင်စားချင်မိပါတယ်။🥰
ရိုးရိုးလေးက ဘယ်သောမှမရိုးဘူးဆိုသလိုပါပဲ ရိုးရှင်းတဲ့ ရိုးရာအစားအစားကို wonderful, so good, fantastic, amazing ဆိုပြီး တင်စားကြနေလျှက်ရှင်။
Simple is the best ပါပဲ။😍

.

Wai Wai team.
Much love. 💙

ရှမ်းထမင်းချဉ်။ ဝေဝေက တစ်ပတ်မှာ ၄ ရက် EU ဌါနတစ်ချို့ နဲ့ သံရုံးတစ်ချို့ကို ထမင်းဘူးပို့ပါတယ်။ Catering နဲ့ဆုံခဲ့ရင်တော့ ...
13/06/2026

ရှမ်းထမင်းချဉ်။
ဝေဝေက တစ်ပတ်မှာ ၄ ရက် EU ဌါနတစ်ချို့ နဲ့ သံရုံးတစ်ချို့ကို ထမင်းဘူးပို့ပါတယ်။ Catering နဲ့ဆုံခဲ့ရင်တော့ Lunch box မပို့ဖြစ်တော့ပါဘူး။ ဗုဒ္ဓဟူးနေ့မှာ ထမင်းချဉ်ပို့ပါတယ်။ ဒါလည်း သူတို့အရမ်းကြိုက်ကြတာပါပဲ။ ဝေဝေက သူများနဲ့မတူတဲ့ ရိုးရှင်းတဲ့ ရိုးရာအစားအစာနဲ့ နိုင်ငံခြားသားတွေကို ချပြခွင့်ရတာ နေ့တိုင်းမမောနိုင်မပန်းနိုင် စိတ်လှုပ်ရှားပြီး ပျော်ရပါတယ်။ သူတို့ကလည်း ဝေဝေစီစဉ်ပေးသမျှ ထမင်းဘူးလေးတွေကို So so good ဆိုပြီး နှစ်သက်ကြပါတယ်။
ထမင်းချဉ်လုပ်တဲ့အခါ ဒီမှာတော့ ရှမ်းဆန်အစားထိုး ထိုင်းဆန်ကိုသုံးပါတယ်။အာလူးအလုံးအကြီးကိုမသုံးပဲ အလုံးအသေးလေးတွေက ပိုစီးလို့သုံးပါတယ်။ ခရမ်းချဉ်သီးကိုလည်း အရည်အသွေးကောင်းတဲ့အမျိုးအစားကိုသုံးပါတယ်။ ပြုတ်ထားတဲ့ အားလူး၊ခရမ်းချဉ်သီးပူပူနဲ့ ထမင်းပူပူအချိန်မှာ အားကုန် နှယ်ရပါတယ်။ အပူချိန်ကျမှ နှယ်ရင် ထမင်းချဉ်ကမစီးတော့ပါဘူး။ ထမင်းချဉ်နှယ်ပြီးပူနေချိန်မှာ အလုံးလေးတွေလုံးထားရင် ပိုကောင်းပါတယ်။ ခရမ်းချဉ်သီးပြုတ်တဲ့အခါ မကျည်းသီးစိမ်းမရှိလို့ မကျည်းမြည့်ထည့်ပြုတ်ခြင်းဖြင့်ချဉ်ပြုံးအရသာထူးပါတယ်။
ထမင်းချဉ်လုံးပေါ်မှာ ဆီချက်၊ပဲပုတ်အမှုန့်၊ နှမ်း၊ကြက်သွန်ဖြူကြော်၊ကြက်သားချောင်းကြော်တစ်ခု၊ငါးကြော်အသေးလေးတစ်ကောင်၊ ဂျူးမျှစ်အစား နံနံပင်၊ငရုတ်သီးခြောက်ကြော် နဲ့ သခွာသီး၊ radish 🫜 ထည့်ထားပေးပါတယ်။
ကိုယ်လုပ်တဲ့အလုပ်တိုင်းမှာ အသေးစိတ်အသေအချာလေး စေတနာအပြည့်နဲ့ အမြဲပြင်ဆင်ပေးဖြစ်ပါတယ်။
ဝေဝေကို ချစ်ခင်စိတ်နဲ့အားပေးနေတာကို မြင်တွေ့ရပါတယ်။ အခုလိုအခွင့်အရေးပေးလို့ ကျေးဇူးတင်ကြောင်းအမြဲပြောဖြစ်သလို တန်းဖိုးထားကြောင်းလည်း အမြဲပြောဖြစ်ပါတယ်။
စွန့်ဦးတည်ထွင်တတ်ကြတဲ့သူတွေက သူတို့ယုံကြည်ရာကို လွယ်လွယ်နဲ့ လက်မလျော့တတ်ကြပါဘူး။

.

Wai Wai team.
Much love. 💙

ရှမ်းပြည်ဘက်မှာတော့ ပန်ထွေဖျော်လို့ခေါ်ကြပြီး တစ်ချို့ဒေသမှာတော့ ခရမ်းချဉ်သီးထောင်းလို့ခေါ်ကြပါတယ်။ ပန်ထွေဖျော်က ခရမ်းချ...
12/06/2026

ရှမ်းပြည်ဘက်မှာတော့ ပန်ထွေဖျော်လို့ခေါ်ကြပြီး တစ်ချို့ဒေသမှာတော့ ခရမ်းချဉ်သီးထောင်းလို့ခေါ်ကြပါတယ်။
ပန်ထွေဖျော်က ခရမ်းချဉ်သီးအနှစ်ဖြစ်လို့ အသားဆီပြန်အနှစ်ချက်ဟင်းနဲ့ တွဲစားခြင်းထက် ဟင်းချိုရည်ပူပူလေး၊ ဝက်သားသုံးထပ်သား သို့မဟုတ် ကြက်သား ကို မုန်လာပန်းလေးနဲ့ကြော်၊ သို့မဟုတ် ဆူးပုတ်ရွက် နဲ့ ကြက်ဥကြော်တို့နဲ့ စားသုံးခြင်းက ပိုလိုက်ဖက်တယ်လို့ ကျွန်မတစ်ယောက်ထဲ အတွေးပါ။
ခရမ်းချဉ်သီးပန်ထွေဖျော်က ပါဝင်ပစီည်းတွေက ရိုးရှင်းသလို လုပ်တာလည်း လွယ်ကူပါတယ်။ ပါဝင်ပစီည်းက ခရမ်းချဉ်သီး၊နံနံပင်၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ပဲပုတ်ချပ်၊ နှမ်း၊ သံပုရာသီး သို့မဟုတ် အခြားအချဉ်၊ ဆားတို့ဖြစ်ပါတယ်။
ခရမ်းချဉ်သီးကို မိးဖုတ်ရင်တော့ ပိုမွှေးပါတယ်။ ဝေဝေကတော့ အိနေအောင်ပဲပြုတ်လိုက်ပါတယ်။ ငရုတ်သီးစိမ်းကို ကျက်ပြီး မီးသင်းတဲ့အ‌နေအထားအထိ မွှေးနေအောင်ဖြေးဖြေးချင်းလှော်ရပါတယ်။ ဒီအချက်က ပန်ထွေဖျော်ရဲ့အသက်ပါ။
ငရုတ်သီးစိမ်းက မကျက်ပဲ မီးသင်းမနေရင် မမွှေးရင် ပန်ထွေဖျော် အတုပါ 😊။
ပဲပုတ်ကိုလည်း ကြွပ်နေအောင် မိးအေးအေးနဲ့လှော်ခြင်းဖြင့်အနံ့အရသာပိုထူးပါတယ်။ နှမ်းအဖြူကိုလည်း ရွနေအောင် လှော်ထားရပါ့မယ်။
ခရမ်းချဉ်သီးချေထားတဲ့အထဲကို ကြက်သွန်ဖြူ၊ငရုတ်သီးလှော်ထောင်း ထည့်ပါ၊ပဲပုတ် ထောင်းထည့်ပါ၊နံနံပင်၊ဆား၊နှမ်းလှော်၊အချဉ်ဓါတ်ပိုအောင် သံပုရာသီးညှစ်ထည့်ပြီး သမအောင် နှယ်လိုက်ပါ။ အနှံအရသာပြည့်စုံတဲ့ ထမင်းမိန်စေတဲ့ ရိုးရာဟင်းတစ်ခွက်ရပါပြီရှင်။
ပုံတိုင်းမှာ လိုအပ်တာလေးတွေ ရှင်းပြထားပါတယ်ရှင့်။

.

Wai Wai team.
Much love. 💙

11/06/2026

မြန်မာ အစားအစာကို Europe မှာ တင်ဆက်ခြင်း။🥰😍

.

Wai Wai team.
Much love. 💙

Wai Wai's Noddles in Belgium and Yangon.Please support our team!Kind regards,Wai Wai.
02/03/2024

Wai Wai's Noddles in Belgium and Yangon.
Please support our team!

Kind regards,
Wai Wai.

My name is Wai Wai Kyaw. I'm from Momeik Northern Shan state (Myanmar Burma and I moved to Yangon (the commercial capital of Myanmar) in 2009. My goal was to develop my own small business in Yangon and help my family and village people to get good jobs and to experience city life.

ဖန်တီးရှင်များ၏ အတတ်ပညာများနင့် ထုထစ်ပုံဖေါ်ထားသော အနုပညာ လက်ရာ (ရင်နှင့်ခံစား သူမလက်ရာများ) ကို လေ့လာဖို့ဖိတ်ခေါ်ပါရစေ။...
04/09/2022

ဖန်တီးရှင်များ၏ အတတ်ပညာများနင့် ထုထစ်ပုံဖေါ်ထားသော အနုပညာ လက်ရာ (ရင်နှင့်ခံစား သူမလက်ရာများ) ကို လေ့လာဖို့ဖိတ်ခေါ်ပါရစေ။
ကတ်ရောဂါနောက်ဆက်တွဲ နှင့် အခြားသော ခက်ခဲလှတဲ့ အခြေနေမျိုးမှာ တစ်ဦးတစ်ယောက်ထဲရပ်တည်နေတာထက် အဖွဲ့အစည်း အနေထား ဖြင့် ဒေါက်တိုင်‌ ပေါင်းများစွာစုစည်းပြီး အားတင်းထောင့်ခံရင်း ရှေ့ဆက် နောင်နှစ်ပေါင်းများစွာ ရပ်တည်နိုင်ပါစေလို့လည်း ‌စုမွန်ကောင်းတောင်းပါတယ်။ Congratulations She Creates သူမလက်ရာ .🌹🌹🌹

Adres

Nieuwstraat 21
Kortenberg
3071

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer Wai Wai's Place nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Contact

Stuur een bericht naar Wai Wai's Place:

Delen