Royal Education & Visa Service

Royal Education & Visa Service 🎓 Your Trusted Partner for Global Education & Carer
✅ Study Abroad & Professional Visa Consulting

Page မှာ Post အမြဲမတင်ဖြစ်ပေမယ့် ကျောင်းလခအတွက်လိုအပ်ပါက Active အမြဲရှိပါတယ်ရှင် 🙏International College Student Deposit ...
01/09/2026

Page မှာ Post အမြဲမတင်ဖြစ်ပေမယ့် ကျောင်းလခအတွက်လိုအပ်ပါက Active အမြဲရှိပါတယ်ရှင် 🙏

International College Student Deposit နှင့် Europe Country ငွေလွှဲအတွက်လိုအပ်ပါက Royal Education & Visa Service တွင် ဆက်သွယ်နိုင်ပါတယ်

လတ်တလော Service ရဦးမယ့် Country List လေးကတော့

Europe , USA , UK , Thailand , Australia , Canada

တို့ပဲရနိုင်ပါဦးမယ်နော် Admin တို့အနေဖြင့် နောက်ပိုင်းကျ ထပ်တိုး Service ရမယ့် List လေးတွေရှိလာရင် Update ပြန်တင်ပေးပါမယ်

Service အတွက်လိုအပ်ပါက Admin တို့ဖော်ပြထားသော Contacts များဆီတွင် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်

☎️ Viber : +19708662800
☎️ Telegram : +3197006544226
☎️ WhatsApp : 97006544226

Euro 🇪🇺 သုံးတဲ့နိုင်ငံတွေကို MMK ↔ Euro exchange လုပ်ချင်တဲ့သူများအတွက် easy & fast service ရှိပါတယ်။💸✔️ MMK → Euro✔️ Eu...
31/08/2026

Euro 🇪🇺 သုံးတဲ့နိုင်ငံတွေကို MMK ↔ Euro exchange လုပ်ချင်တဲ့သူများအတွက် easy & fast service ရှိပါတယ်။💸

✔️ MMK → Euro
✔️ Euro → MMK
✔️ ကျောင်းလခ / အိမ်လခ ပေးချေခြင်း
✔️ အိမ်သွားကြည့်ပေးခြင်း(only Italy)
✔️ Flight tickets ဝယ်ပေးခြင်း
✔️ Airport pick-up (only Italy) ✈️ စတဲ့ service များရရှိနိုင်ပါတယ်။

EU SEPA Zone မှာရှိတဲ့ bank တွေကနေ လွှဲပေးတာမို့ စောင့်ရတာမကြာဘဲ transfer လုပ်ပြီးတာနဲ့ ချက်ချင်း တစ်ဖက်အကောင့်ကို တန်းဝင်ပါတယ်။ ⚡

ယုံကြည်စိတ်ချစွာ ငွေလဲလှယ်နိုင်ပါတယ်။ 🇪🇺🇮🇹🇲🇲

🌟ဥရောပတိုက်ရှိ Malta နိုင်ငံနှင့် ပတ်သက်ပြီး ကျောင်းတက်ချင်သူများ၊ အလုပ်လာလုပ်ချင်သူများအတွက် relocate ဖြစ်နိုင်စေဖို့ ဗ...
31/08/2026

🌟ဥရောပတိုက်ရှိ Malta နိုင်ငံနှင့် ပတ်သက်ပြီး ကျောင်းတက်ချင်သူများ၊ အလုပ်လာလုပ်ချင်သူများအတွက် relocate ဖြစ်နိုင်စေဖို့ ဗဟုသုတရအောင် ပြင်ဆင်လို့ရအောင် sharing post လုပ်ပေးလိုက်ပါတယ်။ ကျနော်ကိုယ်တိုင် Malta မှာ နေခဲ့ပြီး အလုပ်လုပ်ခဲ့ဖူးတာမို့ ကျနော့် experience နှင့် လေ့လာထားမှုများကို အခြေခံပြီး share ပေးချင်ပါတယ်။

🇲🇹 Malta နိုင်ငံက ဥရောပအဖွဲ့ဝင်/ Schengen area အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး သေးငယ်တဲ့ ကျွန်းနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံကို ရေ ပတ်ပတ်လည်ဝိုင်းထားပြီး အဓိက ကျွန်းသုံးခုနှင့် ဖွဲ့စည်းထားပါတယ်။အကြီးဆုံးကျွန်းကတော့ Malta main island ဖြစ်ပြီး ကျန်တာကတော့ Gozo နှင့် comino ကျွန်းတို့ ဖြစ်ပါတယ်။

နိုင်ငံက သေးငယ်ပေမယ့် အထင်သေးလို့မရပါဘူး။ Homeless မရှိသလောက် နည်းပြီး safe ဖြစ်တဲ့ နိုင်ငံဖြစ်ပါတယ်။ Malta မှာ Party, ပွဲလမ်းသဘင်ပေါများတာမို့ ပျင်းစရာမကောင်းပါဘူး။ အီတလီမှာလို့ ရေကို kitchen / tap water ကနေတော့ သောက်လို့မရပါဘူး။ ရေငန်တွေမို့ ဆိုင်ကနေ ရေသန့်ဘူးပဲ အမြဲ ဝယ်သောက်ရပါတယ်။

📌 ပြီးတော့ ဥရောပမှာရှိတဲ့ တစ်ခုတည်းသော English ဘာသာစကားပြောတဲ့နိုင်ငံက Malta နိုင်ငံ ဖြစ်ပါတယ်။ English ဘာသာစကားပြောတာကြောင့် အလုပ်ရှာရတာ လွယ်ကူပြီး part time jobs ပေါများပါတယ်။

တစ်နာရီလုပ်အားခ (Part time) - 7 to 12 euros ဝန်းကျင် ရပါတယ်။ ကျနော်မြင်ဖူးတဲ့သူဆို part time ကို သုံးခုလောက်လုပ်သူများလည်း ရှိပါတယ်။ ကျနော်လည်း Malta မှာ Restaurant waiter နှင့် souvenir shop sales position ဖြင့် အလုပ်နှစ်ခု လုပ်ဖူးပါတယ်။

🇲🇹 Malta အကြောင်း အကျဉ်းချုပ်

အသုံးပြုတဲ့ ငွေကြေး - Euro (EU နိုင်ငံတိုင်းက Euro မသုံးပါဘူး)

Main Language - English (Maltese ဘာသာစကားကတော့ local တွေ သုံးကြပါတယ်)

တစ်လ နေစားရိတ် - 250 to 400 euros (၁၂သိန်းကနေ သိန်း ၂၀ ဝန်းကျင်ကြား)

တစ်လ စား စားရိတ် - 150 to 200 euros

Main transportation - Bus, Car, Taxi, Flights (Train, metroမရှိပါ)။ Transportation အတွက် bus card လုပ်ပြီး စီးရင် စျေးပိုသက်သာပါတယ်။

ရာသီဥတု - တစ်နှစ်ပတ်လုံး ရာသီဥုတုကောင်းပါတယ်။ နွေရာသီမှာ အပူချိန်များတာမို့ ကမ်းခြေဘက် လမ်းလျှောက်ထွက်ကြပါတယ်။Malta ရဲ့ ရာသီဥတုကို အဖြူတော်တော်များကြိုက်ကြပါတယ်။ Summer ဆိုရင် ခရီးသွားတွေနှင့် လူအပြည့်ပါပဲ။

📌 ကျောင်း programsများနှင့် Malta ကို relocate လုပ်ချင်သူများအတွက် ရွေးချယ်စရာ အစုံရှိပါတယ်။
- Language School
- Bachelor programs
- Master programs
- Diploma programs များ ရှိပါတယ်။

Tuition fees - 3000 ကနေ up to 15000 euros per year ထိ ရှိကြပါတယ်။
ကိုယ်ရွေးချယိတဲ့ program/ school ပေါ်မူတည်ပြီး ကျောင်းလခ ကွဲပြားပါတယ်။ Programs Duration ကတော့ 1/2/3 years ကြာပါတယ်။ ကျောင်းတက်နေစဉ် တရားဝင် part time အလုပ်လုပ်ခွင့်ရှိပါတယ်။

Malta မှာ ဆေးကျောင်းတက်ချင်သူများကတော့ ကျောင်းလခ စျေးအတော်များပါတယ်။ Malta ဆေးကျောင်းထက် အခြားဥရောပနိုင်ငံ ရွေးတာ ပိုကောင်းပါတယ်။

📌 Malta မှာ popular ဖြစ်တဲ့ courses တွေကတော့
- Tourism and hospitality
- Education and teaching
- Technology studies
- Fishery
- Transport and logistics အစရှိသည်တို့ ဖြစ်ပါတယ်။

ကျောင်းလျှောက်ဖို့အတွက် ကျောင်းအကြောင်း posts များကိုတော့ page မှာ နောက် တင်ထားပေးပါ့မယ်။ ဒါကတော့ general info ဖြစ်ပါတယ်။

🇲🇹 Student Visa အတွက် မြန်မာနိုင်ငံထဲကနေလျှောက်လို့ရပါတယ်။ VFS ကနေတစ်ဆင့်လျှောက်ထားလို့ရပြီး online interview လည်း ဖြေရပါတယ်။ Bank statementsကတော့ မဖြစ်မနေ ပြဖို့လိုအပ်ပါတယ်။ Visa အတွက် လိုအပ်တဲ့ documents အပြည့်အစုံကို identità Malta မှာ ဖတ်ရှူနိုင်ပါတယ်။ မြန်မာတွေအတွက် Visa approve rate ကောင်းတဲ့ eu နိုင်ငံဖြစ်ပါတယ်။

🇲🇹 Malta ကို အလုပ်နဲ့ ပြောင်းလာချင်သူများကတော့ hospitality industry အလုပ်တွေကတော့ ပိုပေါပါတယ်။ လက်ရှိ အလုပ်နဲ့ရောက်နေသူများကတော့ Middle East ကနေ ကူးလာခဲ့ကြသူများပါတယ်။

အလုပ်နှင့် ပက်သက်တဲ့ websites, LinkedIn အပြင့် Malta မှာရှိတဲ့ ကိုယ်လျှောက်လိုတဲ့ အလုပ်၊ company emailများ ၊ HR များကို email ကနေတစ်ဆင့် အလုပ်လျှောက်ကြပါတယ်။ Visa မလျှောက်ခင်တော့ Malta ဘက်မှာ အလုပ် offer letter ရထားဖို့လိုပါတယ်။

ဒီpost လေး ဖတ်ပြီး အတိုင်းအတာ တစ်ခုထိ နားလည်သဘောပေါက်သွားဖို့ မျှော်လင့်ပါတယ်။ Happy to share and assist.

📌 Malta မှာ ကျောင်းတက်ချင်သူများ ကျနော် ကျောင်းလျှောက် service + Visa service လုပ်ဆောင်ပေးပါတယ်။ Consultation service လည်း ရှိပါတယါ ခဗျာ။

တစ်လ ပြည့်ဖို့ ၂ရက်အလိုမှာ Visa Approved ဖြစ်😁ကျောင်းလခက ဘဏ်နှစ်ခုကြားညှပ်နေလို့ နောက်ကျမှာ စိတ်ပူလိုက်ရတာအခုတော့ စိတ်မပ...
31/08/2026

တစ်လ ပြည့်ဖို့ ၂ရက်အလိုမှာ Visa Approved ဖြစ်😁

ကျောင်းလခက ဘဏ်နှစ်ခုကြားညှပ်နေလို့ နောက်ကျမှာ စိတ်ပူလိုက်ရတာ

အခုတော့ စိတ်မပူရဘဲ အဆင်ပြေသွားပြီ❤️
Best wishes for the student for the study journey ahead in Hungary.❤️❤️

❌ ပြည်ပကနေ Banking App တွေ သုံးခွင့် တန်းပြီး ပိတ်ပစ်လိုက်ပြီလား? ❌​အခုရက်ပိုင်း ပြည်ပရောက် မြန်မာတွေကြားမှာ Banking App...
31/08/2026

❌ ပြည်ပကနေ Banking App တွေ သုံးခွင့် တန်းပြီး ပိတ်ပစ်လိုက်ပြီလား? ❌

​အခုရက်ပိုင်း ပြည်ပရောက် မြန်မာတွေကြားမှာ Banking App တွေ သုံးမရတော့ဘူးဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ တကယ်တော့ ရုတ်တရက်ကြီး လုံးဝပိတ်ချလိုက်တာမျိုးထက်၊ ဂယက်မထအောင် တဖြည်းဖြည်းချင်း အဆင့်ဆင့် ကန့်သတ်လာနိုင်ခြေ ပိုများပါတယ်။
​ဘယ်လိုနည်းလမ်းတွေနဲ့ ကန့်သတ်လာနိုင်လဲဆိုတာ သိသလောက် မျှဝေပေးလိုက်ပါတယ် 👇

​🌐 ၁။ IP Address မှတစ်ဆင့် ပိတ်ခြင်း
မြန်မာနိုင်ငံက IP (Internet Protocol) မဟုတ်ရင် App ထဲဝင်တဲ့အခါ "Network Error" ပြတာမျိုး၊ Connection Fail ပြတာမျိုးတွေ စတင်ကြုံတွေ့လာရနိုင်ပါတယ်။

​🛡️ ၂။ VPN အသုံးပြုမှုကို ကန့်သတ်ခြင်း
VPN ကျော်ပြီး သုံးရင်တောင် အချိန်အတိုင်းအတာတစ်ခုအထိပဲ သုံးလို့ရနိုင်ပါတယ်။ နောက်ပိုင်းမှာ လူသုံးများတဲ့ Myanmar VPN App တွေကိုပါ လိုက်ပြီး ပိတ် (Ban) လာနိုင်ပါတယ်။

​📲 ၃။ OTP Code မရနိုင်တော့ခြင်း
ငွေလွှဲရာမှာ အရေးကြီးဆုံးဖြစ်တဲ့ OTP Code ကို ပြည်ပရောက် (Roaming) SIM Card တွေဆီ မကျလာအောင် (Message မဝင်အောင်) ပိတ်လိုက်ခြင်းအားဖြင့် ဆက်လက်အသုံးပြုလို့ မရအောင် ကန့်သတ်နိုင်ပါတယ်။

​📱 ၄။ Device ကို ကန့်သတ်ခြင်း
လုံခြုံရေး (Security) အကြောင်းပြချက်နဲ့ လက်ရှိ ပြည်ပမှာ အသုံးပြုနေတဲ့ ဖုန်း၊ Tablet တွေကနေ Banking App အသုံးပြုခွင့်ကို ကန့်သတ်လိုက်ပါက၊ ပြည်တွင်းက Device တွေကနေသာ မဖြစ်မနေ ပြန်လည်ချိတ်ဆက် အသုံးပြုရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

​❌ အချုပ်အားဖြင့် ပြောရရင် ပြည်ပကနေ လုံးဝကြီး တန်းပိတ်ပစ်လိုက်တာထက်၊ သုံးရပိုခက်ခဲအောင် ကန့်သတ်မယ့် အခြေအနေတွေကို ပိုပြီး ကြုံတွေ့လာရနိုင်ပါတယ် ❌

​ပြည်ပရောက်နေသူတွေအနေနဲ့ မိမိတို့ရဲ့ ငွေကြေးကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

31/08/2026

September second week လောက် yangon ကနေ italy ပြန်ဖို့ရှိပါတယ်။
Yangon ကနေ ထည့်ပေးချင်တာရှိရင် kg ဝယ်လို့ရပါတယ်💗

1kg- £15 ပါ။

📢 USCIS Annual Asylum Fee သွင်းလို့ရပါပြီ!💵 FY 2026 Annual Fee - $102ပေးချေရန်လိုအပ်သောအချက်များ✅ A-Number✅ I-589 Receip...
29/08/2026

📢 USCIS Annual Asylum Fee သွင်းလို့ရပါပြီ!

💵 FY 2026 Annual Fee - $102

ပေးချေရန်လိုအပ်သောအချက်များ

✅ A-Number
✅ I-589 Receipt Number
✅ Online payment method

Payment ပြီးသွားရင် confirmation receipt ကို
PDF သို့မဟုတ် screenshot အဖြစ် မ
ဖြစ်မနေသိမ်းထားပါ။

အားလုံးအဆင်ပြေကြပါစေ

International College Student Deposit နှင့် Europe Country ငွေလွှဲအတွက်လိုအပ်ပါက Royal Education & Visa Service တွင် ဆက်...
27/08/2026

International College Student Deposit နှင့် Europe Country ငွေလွှဲအတွက်လိုအပ်ပါက Royal Education & Visa Service တွင် ဆက်သွယ်နိုင်ပါတယ်

လတ်တလော Service ရဦးမယ့် Country List လေးကတော့

Europe , USA , UK , Thailand , Australia , Canada

တို့ပဲရနိုင်ပါဦးမယ်နော် Admin တို့အနေဖြင့် နောက်ပိုင်းကျ ထပ်တိုး Service ရမယ့် List လေးတွေရှိလာရင် Update ပြန်တင်ပေးပါမယ်

Service အတွက်လိုအပ်ပါက Admin တို့ဖော်ပြထားသော Contacts များဆီတွင် လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်

☎️ Viber : +19708662800
☎️ Telegram : +19708662800

Post အမြဲမတင်ဖြစ်ပေမယ့် Page မာ ကျောင်းလခအတွက်ငွေသွင်းဝန်ဆောင်မှု့အမြဲရှိပါတယ်နော် ❤️Euro 1000 College Deposit ( Aug 21 ...
24/08/2026

Post အမြဲမတင်ဖြစ်ပေမယ့် Page မာ ကျောင်းလခအတွက်ငွေသွင်းဝန်ဆောင်မှု့အမြဲရှိပါတယ်နော် ❤️

Euro 1000 College Deposit ( Aug 21 )

School Fees Service, Blocked Account Payment Service, and Money Transfer ServicesAre you looking for reliable services f...
23/08/2026

School Fees Service, Blocked Account Payment Service, and Money Transfer Services
Are you looking for reliable services for paying school fees, blocked account transfers, or international money transfers? We offer the following services to make your life easier:
School Fees Service: We can help you with smooth and secure payment of school fees, no matter where you are located.
Blocked Account Payment Service: Need to deposit funds into a blocked account for visa purposes? We can assist with fast and hassle-free deposits into your blocked account.
Money Transfer Services: Our efficient money transfer service allows you to send money across borders easily and securely. Whether it’s for family support or business transactions, we’ve got you covered.
Contact us today for more details and get your transactions sorted effortlessly!

WhatsApp - +31(97006544226)

Address

Room No. 706, 7th Floor, M Tower, Hledan, Kamaryut Township , Yangon, Myanmar, 11041
London

Website

Alerts

Be the first to know and let us send you an email when Royal Education & Visa Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share