Grace Hill at Myinka

Grace Hill at Myinka ဖိတ်ခေါ်ပါတယ် မိတ်ဆွေများ

17/03/2026

ရန်ကုန်ကနေ စုံကား စုံရက်/မကား မရက် မနက် စောစောထွက်ပါ။

76 မိုင် မင်ဂလာပါ မှာ မနက်စာစား၊

138 မိုင် BOC မှာဆီထည့်၊

262 မိုင်မှ ဆင်းပြီး 2မီနစ်ခန့် မောင်းလျှင် ရွှေရှမ်း တရုတ်၊မြန်မာ စားသောက်ဆိုင် နေ့လည်စာစား၊ယင်းမာပင် BOC ဆီထည့်၊ ကလောရောက်လျှင် ဆီ တိုင်ကီ အပြည့် နီးပါး(၂/၃ ဂါလံခန့်လျော့ဖြင့်ရောက်)

ကလောအတက် ရေယောင်းမ ရောက်လျှင် ရေယောင်းမဗျူးပွိုင့် ဝင်လည်၊

ကလောဈေးမှာ နောက်နေ့အတွက် ဆန်၊ဆီ ချက်ပြုတ်စားသောက်ဖို့ ဈေးဝယ်(အိမ်မှာ ချက်စားလိုလျှင်)၊

ပြီးလို့လည်ချင်သေးရင် ကလောနာရီစင်၊မောမြေဦးပန်းခြံ၊ကလော ဘူတာသွားလည် ဓါတ်ဖမ်း၊

Grace Hill at Myinka 🤗 ညအိပ်နား၊

နောက်နေ့မနက် Grace hill က service ပေးတဲ့ ခေါက်ဆွဲခြောက်နဲ့ ကော်ဖီစား‌ေသာက်၊စုံorမ မထွက်ရတဲ့နေ့မို့ မိန်းလမ်းမကြီးပေါ်တက်စရာမလိုတဲ့ အိုးစည်တောင်ကားဖြင့် တက်၊ဓါတ်ဖမ်း၊
အဖေ့သိုးခြံသွားလည် ဓါတ်ဖမ်း၊ အပြန် Kalaw villa ဝင်းထိပ်က The Kennari Shan Tearoom မှာ နေ့လည်စာစား၊Grace hill at Myinka 🤗 ပြန်နား၊
ညနေ Grace Hill at Myinka အိမ်ရှ့က ကွန်ကရစ်လမ်းလေးအတိုင်း နာရီဝက်ခန့် လမ်းလျှောက်ပြီး မြင်းက ဗျူးပွိုင့် သွားလည်ပြီး အိုးစည်တောင်နဲ့ လွန်စွာလှပတဲ့ မြင်းကရွာလေး နောက်ခံနဲ့ ဓါတ်ဖမ်း၊ Grace Hill at Myinka 🤗 ပြန်အိပ်၊

နောက်နေ့မနက် စုံ or မ ကားနေ့မို့ တောင်ကြီး၊အင်းလေး or ရွာငံ၊ပင်းတယလည်ပတ် Grace Hill at Myinka 🤗 ပြန်အိပ်၊

နောက်နေ့မနက် စုံ or မ မထွက်ရနေ့မို့၊ hiking ဝါသနာပါရင် ကဆုန်တောင် (သို့) ပိန်းနဲပင်ရွာ(ပလောင်ရွာ) သွားလည်၊ပိန်းနဲပင်ရွာကို ကားဖြင့်သွားလည်လို့လဲရပါတယ်၊

နေ့လည် Grace Hill at Myinka 🤗 ပြန်နား၊

ညနေ စောစောThe Kennari Shan Tearoom ‌သွားထိုင်၊ဗျူးကြည့်၊ဓါတ်ဖမ်း၊ညစာစား ပြန်အိပ်၊
နောက်နေ့ စုံ or မ ကားထွက်နေ့မို့ ကားဖြင့် ထွက်လည်၊ Grace Hill at Myinka 🤗 ပြန်အိပ်၊၊

နောက်ရက် စုံ or မကားမထွက်ရနေ့မို့ Grace Hill at Myinka 🤗 မှာ မိသားစုတွေ အေးဆေးနား၊ ရွာထဲလည်ပတ် အနားယူပြီး နောက်နေ့ ပြန်ဖို့ ပြင်ဆင် အားမွေး၊

နောက်ရက် စုံ or မ ကားထွက်ရက် စောစောထွက် ကလောဈေးဝင် စားသောက်၊ဈေးဝယ်
(ကလောဈေးမှာ လူများလို့ မဝယ်ချင်ရင် ရေယားနားက လမ်းဘေး အသီးအရွက်ဆိုင်တွေမှာ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေလဲ အေးအေးဆေးဆေးဝယ်ပြီးပြန်လို့ရတယ်နော့။

တခါမှ အများကြီး မရေးဘူးသေး (တော်သေးပြီ ၊ဘိုင့်🤗)

Welcome to Grace Hill at Myinka 🤗

Vacation home for booking

09 975737 661

Welcome to Grace hill at Myinka 🤗 Vacation home 09 975737 661
27/02/2026

Welcome to Grace hill at Myinka 🤗

Vacation home
09 975737 661

26/02/2026
25/02/2026

Welcome to Grace Hill at Myinka 🤗

Vacation home at Kalaw🥰

09 975737 661

23/01/2026
27/12/2025

တိမ်ပင်လယ်တွေနဲ့ လှပနေတဲ့ ကလောမြို့လေးကိုလာရောက်လည်ပတ်ဖို့

Grace Hill at Myinka

မှဖိတ်ခေါ်ပါတယ်နော်။

၂ထပ်အိမ်မြင့်ကြီးပေါ်မှလဲ လှပတဲ့ မြင်းကရွာ တရွာလုံးကို နံနက်ခင်းကော်ဖီတခွက်နဲ့ ကြည့်ရူ့ခံစားနိုင်ပါတယ်နော်။

အိမ်အပေါ်ထပ် ၂ယောက်အိပ်ခန်း ၂ခန်း၊အိမ်အောက်ထပ် ၂ယောက်အိပ်ခန်း၂ခန်း ပါဝင်ပြီး ဧည့်သည် ၈ဦးအထိ ဈေးကလဲ ၁၅၀,၀၀၀ ကျပ်ထဲမို့ တန်နေပါပြီနော်။

ထပ်တိုး ၁ဦးအတွက်လဲ ၁၂,၀၀၀ ကျပ်နဲ့ ၆ဦးအထိ တည်းခိုလို့ရလို့ မိသားစုများများ၊သူငယ်ချင်း မိတ်ဆွေများနဲ့ လွတ်လွတ်လပ်လပ် တည်းခိုလို့ ရတဲ့ လုံးချင်းအိမ်မို့ အခြားဧည့်သည်များနဲ့ ရောထွေးနေထိုင်စရာ မလို လို့ ပျော်စရာပါနော်။

Wifi,24 hrs လျှပ်စစ်မီး,ရေပူ/ရေအေး,တခါသုံး သွားတိုက်ဆေး/တံ,မျက်နှာသုတ်ပဝါ/ကိုယ်သုတ်ပဝါ,နံနက်စာ ကော်ဖီမစ်/ခေါက်ဆွဲခြောက် များလဲ service ပေးပါတယ်နော်။

ကိုယ်တိုင်ချက်ပြုတ်စားသောက်ဖို့လဲ မီးဖိုချောင်သုံး ပစ်စည်း အစုံအလင်နဲ့ BBQ,Hot pot အိုးလဲ ရှိပါတယ်နော်။

အိုးစည်တောင်ခြေရင်းမှာရှိတဲ့ မြင်းကရွာမှာမို့ အိုးစည်တောင် တိမ်ပင်လယ်ကို သွားကြည့်ဖို့ ၄/၅ မီနစ်ပဲ ကားမောင်းသွားလို့ ရတာမို့ သူများလို အစောကြီး ထဖို့ မလိုတော့ဘူးနော်။

Hikking လုပ်ချင်ရင်တော့ အိမ်အနောက်တောင်ပေါ်မှာရှိတဲ့ Myinka view ကို ကွန်ကရစ်လမ်းလေး အတိုင်း နာရီဝက်လောက် လမ်းလျှောက်တက်ရင်း မြင်ကွင်းလှလှနဲ့ တောတောင်သဘာဝကို ခံစားလို့ ရပါတယ်နော်။
( ဝင်ကြေးတော့ တဦးကို ၃ထောင်ပေးရပေမဲ့လူရှင်းလို့ အေးအေးဆေးဆေး နားရင်း ဓါတ်ပုံရိုက်လို့ ကောင်းပါတယ်)

December မှာမလည်ပတ်လိုက်ရတဲ့ မိတ်ဆွေဟောင်း/သစ်များလဲ January 5 ကစလို့ တိမ်ပင်လယ်ရှိသေးတာမို့ လာရောက်လည်ပတ်ဖို့ Booking တင်လို့ရပါတယ်နော်။

Grace hill at Myinka
Vacation home
09 975737 661

24/12/2025

Merry Christmas 🎄🎁ပါလို့ Grace hill မိသားစု မှ နုတ်ဆက်လိုက်ပါတယ် ဘုရားရှင်ရဲ့ချစ်ခြင်း၊ငြိမ်သက်ခြင်း၊၀မ်းမြောက်ခြင်းကိုလူတိုင်းအပေါ်သို့သက်ရောက်ပါစေ။

Address

No 162, Myinka Village
Kalaw

Telephone

+959975737661

Website

Alerts

Be the first to know and let us send you an email when Grace Hill at Myinka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to Grace Hill at Myinka:

Shortcuts

Share

Category