29/05/2026
မဂ်လာပါ
Kalaw Aurora မှနွေးထွေးစွာကြိုဆိုပါတယ်
ဒီနေ့တော့ သင်ခန်းစာ တခုရပါတယ်
မနေ့ ည က ၁၀ယောက်(၂ ထပ်) ယူမယ်ဆိုပြီး booking လုပ်ပါတယ်
ည ၈ နာရီ လောက်ဖြစ်နေတော့ စရံငွေလွဲခိုင်းရမှာအားနာလို့
စကားထဲတောင်ထည့်ပြောခဲ့ပါတယ်
မောင်လေးရေ ယုံကြည်မှုနဲ့ ပဲ အခန်းဖယ်ထားလိုက်ပါပါမယ်လို့
မနက်ခင်း ဧည့်သည်ရှိလို့
သန့်ရှင်းရေးဝင်ပြီးတာနဲ့
ဝင်လို့ရတာနဲ့ ဖုန်းဆက်ပါမယ်လို့
တကယ်ဆို. Check in က 2pm မှနော်
စောပြီး အနားးယူစေချင်တဲ့ စိတ်စေတနာ
မနက်ဖုန်းဆက်တော့လဲ ညနေမှ ရောက်မယ်ဆိုလို့
ဟုတ်ပေါ့
ညနေ ၅ နာရီရောက်လာတယ်
ပစည်းနဲနဲချပြီးလို့ ဧည့်စာရင်းတိုင်ဖို့ မှတ်ပုံတင်တောင်ယူပြီးပါပြီ
မတည်းတော့ဘူးတဲ့
ရပါတယ် မကြိုက်လို့ မတည်းတော့ဘူးဆိုရင်လဲ
မင့်ဆီ ကို ဖုန်းဆက် Booking တင်တဲ့ မောင်လေး က
အစ်မရေ အစ်မတို့ အိမ် ကို မကြိုက်လို့ မယူတော့ဘူး
ရပါတယ်
မင် အဲလောက်ထိ နားလည်ပေးပါတယ်
ဖုန်းလဲ မဆက်
မင်က စပြီးဆက်တော့မှ အကြောင်းတခုခုရှိလို့ မတည်းတဲ့ အကြောင်း ပြောပါတယ် .ကောင်းကောင်းမွန်မွန်ပါပဲ
မင်တို့နစ်နာသွားရင် စရံလိုမျိုးလွဲပေးမယ်ပေါ့
မင် သူများပိုက်ဆံ လဲ မတရားမလိုချင်ပါဘူး
မင်မင်တို့ က ဘာမှ မနစ်နာပါဘူး
ဧည့်သည်လာရင် ပိုက်ဆံဝင်မယ်
မလာရင် အိမ် က ဒီတိုင်းလေးပါ
ဘာဖြစ်သွားလဲ ဆိုတော့. ယုံကြည်မှု တခုပါ
အခုခေတ် လူလိမ်တွေရှိတော့ ငွေလွဲခိုင်းရင် အဲလိုကြုံမှာစိုးလို့
ရောက်မှပေးပါလို့တောင် ပြောလိုက်ပါတယ်
မင်လဲ Online Shop တွေအရမ်းမှာပါတယ်
တခါလေးတောင် cancel မလုပ်ဖူးပါဘူး
ဘာလို့လဲ သိလား
ပိုက်ဆံ ၂ သိန်း ၃သိန်းနဲ့
မင့်အပေါ် ယုံကြည်မှု တန်ဖိုးတခု ကိုမလဲ ချင်လို့ပါ
တခုတော့ Request လုပ်ပါတယ်
ဘယ်ခရီး သွားသွား ဘယ်မှာပဲ တည်းတည်း
ပိုင်ရှင်တွေအားလုံးအပေါ် အဲလိုမလုပ်ပါနဲ့ ရှင်
လူတိုင်း က အခက်အခဲတွေကြားက
အလုပ်လုပ်ရတာပါ
ဆီ လမ်းပန်းဆက်သွယ်ရေး ရာသီဥတု
အားလုံးအဆင်ပြေမှ
ဧည့်သည်တော်တွေလဲ ကလောရောက်နိုင်သလို
ပိုင်ရှင်တွေလဲ ဝင်ငွေတခု ရကြတာပါ
မိမိ ကိုယ်တိုင်လဲ စားဝတ်နေရေးအတွက်
အလုပ်တခု လုပ်နေမှာပါ
ကိုယ်ချင်းစာပေးဖို့ပါ
ပုံမှန်အားဖြင့်
Agent တွေ ဆီ က ဧည့်သည်တွေ က ရှင်းတယ်Deposit လွဲရင် confirm
မလွဲရင် နောက်ဧည့်သည် ကိုရောင်းလို့ရတယ်
မင် Agentတွေဆီ က ဧည့်သည်တွေပဲလက်ခံထားများပါတယ်.
Check in 2pm ဆိုပေမယ့် ရှေ့မှာဧည့်သည် မရှိရင် စောပြီးဝင်ခိုင်းတာ ဖုန်းတောင်ဆက်ပြီးပြောတာ
နားစေချင်လို့
ကိုယ်တိုင်လဲ တခြားခရီးသွားရင်
ရောက်တာနဲ့ နားချင်တယ်လေ
ကိုယ်ချင်းစာပါတယ်
ဝန်ထမ်းအင်အားမရှိလို့ နိုင်သလောက် ပဲလက်ခံ ချင်လို့ Page မှာတောင် Post မတင်ဘူး
လိုအပ်ချက်တွေများပြီး ဧည့်ဝတ်မကျေမှာစိုးလို့
တချို့ဧည့်သည်တွေဆို
Hotel တွေနဲ့ယှဥ်တယ်
အဝတ်ဗီဒို မရှိဘူး ရေခဲသေတာ မရှိဘူး
11 am check out ပြောထားလဲ
မထွက်ပေးနိုင်ဘူး ထွက်ချင်တဲ့အချိန်မှ ထွက်မယ်
တချို့ဧည့်သည်ဆို ဖန်ခွက် ကွဲတယ်
နားလည်ပါတယ် မတော်တဆ ရှိနိုင်တာပဲ
ကောင်းကောင်းမွန်မွန်ပြောလို့ရပါတယ်
မင်တို့ကရော ၄၀၀၀ ၅၀၀၀ နဲ့ ယူမလား
ဧည့်သည် ကဘာပြောလဲ ဆိုတော့ ၆သိန်းတောင် ယူထားတယ်
အဲဒါဖိုး ယူမနေနဲ့တဲ့
၆သိန်းထဲ မှာ ပစည်း ဖျက်ဆီးဖို့ပါထည့်တောင်းထားတာမဟုတ်ပါဘူး
မင်တို့ က Stay Home ဌားတာပါ
မိသားစု များများ တနေရာထဲ အတူတူတည်းနိုင်အောင် လုပ်ပြီး ဌားတဲ့နေရာပါ
HOTEL လိုလဲ မတင်ထားပါဘူး
Agent တွေဆီ က လာရင် အကုန်မေးပါ
Agent တွေက လဲ သေချာဖြေပေးပါတယ်
မင်တို့က အိမ်ဌားတာပါ
တအိမ်နဲ့တအိမ်ဝန်ဆောင်မှုမတူပါဘူး
အတတ်နိုင်ဆုံး အဆင်ပြေ စိတ်ချမ်းသာအောင် လုပ်ပေးပါတယ်
လိုအပ်ချက်ရှိရင်လဲ ပြောလို့ရပါတယ်
Kalaw Aurora မှာ အာမခံနိုင်တာ ရှိပါတယ်
စျေးတက်ချင်ပေါ်တင် တက်မယ်
ပွဲတော်ရာသီ ဧည့်သည်တွေလာမှ စျေးမတက်ဘူး
၁၂ လရာသီ လုံးချင်း ၆ သိန်း နဲ့ပဲ သတ်မှတ်ထားပါတယ်
သက်ြန် သီတင်းကျွတ် တန်ဆောင်တိုင်New Year အဲလိုပွဲရက်တွေမှာ Kalaw Aurora က စျေးပိုတောင်းတာရှိရင် မန့်ခဲ့လို့ရပါတယ်
Deposit
မနှစ် က ငလျင် တုန်းကလဲ
ဧည့်သည်အားလုံး ကို
ရက်ရွေ့တာတောင် မဟုတ်ဘူး
စရံငွေ အပြည့်ပြန်အမ်းပေးခဲ့တယိ
အဆင်ပြေတဲ့ အချိန်မှ လာလည်ပါဆိုပြီး
ဒီနှစ်ဆီ ကိစ နဲ့
ဧည့်သည်တွေမလာနိုင်ဘူး
ရက်ရွေ့ပေးတယ်
၃လ ၆လ တောင် မသတ်မှတ်ဘူး
အချိန် အကန့်အသတ်မရှိပေးရွေ့တာ
မင်တို့ Kalaw Aurora လိုအပ်ချက်တွေ ရှိမှာပါ
100% ဘာပြန်ပေးနိုင်လဲ ဆိုတော့
ဧည့်သည်တွေ ချွေးနဲစာ အပင်ပန်းခံ ရှာထားတဲ့ ငွေကို
ဘယ်တော့မှ စရံအဆုံး ပြန်မပေးတာမျိုး မလုပ်ပါဘူး
တတ်နိုင်သလောက် ညှိပေးတယ်
ရက်ချိန်းပေးတယ်
ဒီငွေ ပြန်ရမှ အဆင်ပြေမှပါဆိုလဲ
ရိုးရိုးသားသား လာပြောပါ
အပြည့်ပြန်အမ်းပေးပါတယ်
Agent တွေ ဆီ က လာတဲ့ဧည့်သည်တွေ ကြတော့
မင်တို့လဲ နှစ်ဦးနှစ်ဖက် ပြန်ကြည့်ရပါတယ်
Agent တွေက အချိန် တွေ လူတွေ အပင်ပန်းခံ ပြီးရှင်းပြ ဝန်ဆောင်မှုတွေပေးထားရတာကို
မင်တို့ ကပြန်အမ်းလိုက် ပြန်ပေးလိုက် လုပ်ဖို့ က
အဆင်မပြေပါဘူး ရှင်
ရက်ရွေ့ပေးတယ်
တခြားဧည့်သည်ဝင်ခဲ့ရင် အရင်ဧည့်သည် ကို ငွေပြန်အမ်းပေးပါတယ်
မင်အခု ရေးတဲ့စာ မှာ အမှားပါခဲ့ ရင် ရိုင်းပျသွားရင်နားလည်ပေးပါရှင်
စေတနာ ကောင်းရင် ကံကောင်းပါတယ်
🍀🍀🍀