Swallow Hotel

Swallow Hotel Hotel

🙏 မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယလေးဖြစ်ပါစေရှင် 🙏ဒီကနေ့လို မြင့်မြတ်လှတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယလေးမ...
30/04/2026

🙏 မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့)
အခါသမယလေးဖြစ်ပါစေရှင် 🙏

ဒီကနေ့လို မြင့်မြတ်လှတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယလေးမှာ 𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 ၏ ချစ်မိတ်ဆွေဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘေးဘယာဝေးကွာကာ အေးချမ်းသာယာကြပါစေကြောင်း 𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်
ကဆုန်ညောင်ရေသွန်းလောင်းရင်း ကုသိုလ်ကောင်းမှုတွေ တိုးပွားနိုင်ကြပါစေ၊ မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ အားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်😊 🌿💧


#ကဆုန်လပြည့်နေ့
#ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲတော်

⚠️ အထူးသတိပေး နှိုးဆော်ချက် (SCAM ALERT) ‼️ချစ်ခင်ရပါသော Swallow Hotel ဧည့်သည်တော်များနှင့် မိတ်ဖက်လုပ်ငန်းရှင်များရှင့်...
19/04/2026

⚠️ အထူးသတိပေး နှိုးဆော်ချက် (SCAM ALERT) ‼️
ချစ်ခင်ရပါသော Swallow Hotel ဧည့်သည်တော်များနှင့် မိတ်ဖက်လုပ်ငန်းရှင်များရှင့်...
ယခုရက်ပိုင်းအတွင်း Swallow Hotel ၏ တရားဝင် Logo ကို အသုံးပြု၍ "Swallow Hotel - BOSS" ဟူသော အမည်ဖြင့် Viber အကောင့်တု (Fake Account) တစ်ခု ဖန်တီးကာ ငွေလွှဲခိုင်းခြင်း၊ Kpay မှတစ်ဆင့် ငွေတောင်းခံခြင်းများ ပြုလုပ်နေကြောင်းကို စိစစ်တွေ့ရှိရပါသည်။
ယင်း Viber အကောင့်နှင့် ငွေတောင်းခံမှုများသည် Swallow Hotel Mandalay နှင့် လုံးဝ (လုံးဝ) သက်ဆိုင်မှုမရှိကြောင်းကို အများပြည်သူသိရှိစေရန် တရားဝင် အသိပေး ကြေညာအပ်ပါသည်။
Swallow Hotel အနေဖြင့် ဧည့်သည်တော်များထံသို့ဖြစ်စေ၊ လုပ်ငန်းချိတ်ဆက်ထားသူများထံသို့ဖြစ်စေ ဤကဲ့သို့ ကိုယ်ပိုင် Viber အကောင့်များဖြင့် ဆက်သွယ်၍ ငွေတောင်းခံခြင်း၊ တရားဝင်ကြေညာထားခြင်းမရှိသော ပြင်ပပုဂ္ဂိုလ်များ၏ အကောင့်များသို့ ငွေလွှဲခိုင်းခြင်းများကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပါ။
ထို့အပြင် ဟိုတယ်၏ လုပ်ထုံးလုပ်နည်း (SOP) အရ
ငွေပေးချေမှုများ တောင်းခံရာတွင် ဟိုတယ်ဘက်မှ တရားဝင်တောင်းခံလွှာ (Official Invoice) ကို ဦးစွာ ပေးပို့တောင်းခံလေ့ရှိပြီး၊ ငွေပေးချေမှု လက်ခံရရှိပါကလည်း တရားဝင် ငွေရပြေစာ (Official Receipt) ကိုသာ မပျက်မကွက် ပြန်လည် ထုတ်ပေးလျက်ရှိပါသည်။
အကောင့်တုများကဲ့သို့ Chat Box မှတစ်ဆင့် အထောက်အထားမခိုင်လုံဘဲ ငွေလွှဲခိုင်းခြင်းမျိုးကို လုံးဝ ပြုလုပ်လေ့မရှိပါ။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့်
အဆိုပါ အကောင့်တုမှ ဆက်သွယ်လာပါက
လုံးဝ (လုံးဝ) တုံ့ပြန်ခြင်း၊ ငွေလွှဲပြောင်းခြင်းများ မပြုလုပ်ကြပါရန်နှင့် ငွေကြေးလိမ်လည်မှုများ၏ သားကောင်မဖြစ်စေရန် အထူးသတိပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဟိုတယ်၏ အခန်းခနှင့် ဝန်ဆောင်မှုများအတွက်
ငွေပေးချေရန် လိုအပ်ပါက Swallow Hotel ၏ တရားဝင် page မှတစ်ဆင့်ဖြစ်စေ၊
ကျွန်မတို့၏ တရားဝင် ဖုန်းနံပါတ်ဖြစ်သည့် 09 78 78 38 777 သို့ တိုက်ရိုက်ခေါ်ဆို၍ဖြစ်စေ အတည်ပြုပြီးမှသာ ငွေပေးချေမှုများ ပြုလုပ်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
လိမ်လည်သူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Swallow Hotel Mandalay

ချစ်ခင်လေးစားရပါသော 𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 ၏ ဧည့်သည်တော်များရှင့် 💛မြန်မာသက္ကရာဇ်၁၃၈၈ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ ဧည့်သည်တော်များအ...
17/04/2026

ချစ်ခင်လေးစားရပါသော 𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 ၏ ဧည့်သည်တော်များရှင့် 💛

မြန်မာသက္ကရာဇ်၁၃၈၈ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ
ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ကောင်းခြင်း
မင်္ဂလာအဖြာဖြာ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့
𝗦𝘄𝗮𝗹𝗹𝗼𝘄 𝗛𝗼𝘁𝗲𝗹 မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏✨

ပြီးခဲ့တဲ့ နှစ်ဟောင်းမှာ ကျွန်မတို့ဟိုတယ်ကို ယုံကြည်စိတ်ချစွာ ရွေးချယ်တည်းခိုခဲ့ကြတဲ့ ဧည့်သည်တော် တစ်ဦးစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ နှစ်သစ်မှာလည်း မန္တလေးမြို့ရဲ့ အလှတရားတွေနဲ့အတူ အကောင်းဆုံးသော ဝန်ဆောင်မှုတွေ၊ အေးချမ်းတဲ့ အနားယူမှုတွေကို ဆက်လက်ပေးစွမ်းနိုင်ဖို့ ကျွန်ုပ်တို့မှ အမြဲတမ်း အသင့်ကြိုဆိုနေပါတယ်။ 🏨✨

နှစ်သစ်မှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စအဝဝ အဆင်ပြေချောမွေ့ကြပါစေရှင့်။ 🌸

#နှစ်သစ်ကူးဆုတောင်း

💦 သင်္ကြန်ပိတ်ရက်ရှည်အတွက် ပြီးပြည့်စုံတဲ့ "𝗧𝗵𝗶𝗻𝗴𝘆𝗮𝗻 𝗢𝗮𝘀𝗶𝘀 𝗦𝘁𝗮𝘆𝗰𝗮𝘁𝗶𝗼𝗻" 💦 အလုပ်တွေ ပင်ပန်းထားလို့ ခရီးသွားချင်နေလား?ဒါမှမ...
07/04/2026

💦 သင်္ကြန်ပိတ်ရက်ရှည်အတွက် ပြီးပြည့်စုံတဲ့ "𝗧𝗵𝗶𝗻𝗴𝘆𝗮𝗻 𝗢𝗮𝘀𝗶𝘀 𝗦𝘁𝗮𝘆𝗰𝗮𝘁𝗶𝗼𝗻" 💦

အလုပ်တွေ ပင်ပန်းထားလို့ ခရီးသွားချင်နေလား?
ဒါမှမဟုတ် တစ်ရက်ထက်တစ်ရက်
အပူချိန်ပိုလာတဲ့ ရာသီဥတုနဲ့
သွားရေးလာရေး ဓာတ်ဆီအခက်အခဲတွေကြောင့်
စိုးရိမ်နေရပါသလား?
ဒီစိုးရိမ်မှုတွေကနေ ကင်းဝေးပြီး ကိုယ့်မြို့ထဲမှာပဲ
စိတ်အပန်းပြေပြေ အနားယူရင်း
အားအင်အသစ်တွေ ပြန်လည်ဖြည့်တင်းနိုင်မယ့်
နားခိုရာနေရာလေးတစ်ခု ရှိနေပါပြီရှင် 🙋‍♀️

လမ်း ၆၀ x ၁၀၉ လမ်းထောင့်၊ မနော်ဟရီ မိန်းလမ်းမကြီးအနီးမှာရှိတဲ့ 𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 ကနေ
သင်္ကြန်ပိတ်ရက်ရှည်အတွက်
"𝖲𝗍𝖺𝗒𝖼𝖺𝗍𝗂𝗈𝗇" အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ

✨𝖲𝗍𝖺𝗒𝖼𝗍𝗂𝗈𝗇 𝖯𝖺𝖼𝗄𝖺𝗀𝖾တွင် ပါဝင်မည့်အစီအစဉ်များ ✨
⏰ 𝗖𝗵𝗲𝗰𝗸-𝗶𝗻 : 9:00 𝗔𝗠 | 𝗖𝗵𝗲𝗰𝗸-𝗼𝘂𝘁 : 6:00 𝗣𝗠
🍽️ 𝗕𝗿𝗲𝗮𝗸𝗳𝗮𝘀𝘁 𝗕𝘂𝗳𝗳𝗲𝘁 : (6:30 𝗔𝗠 to 9:30 𝗔𝗠)
🏊‍♀️ 𝗦𝘄𝗶𝗺𝗺𝗶𝗻𝗴 𝗣𝗼𝗼𝗹: ရေကူးကန် အသုံးပြုခွင့် (9:00 𝗔𝗠 to 6:00 𝗣𝗠)
🍱 𝗟𝗨𝗡𝗖𝗛 : နေ့လယ်စာ (𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗦𝗲𝘁 𝗟𝘂𝗻𝗰𝗵)
🍰 𝗧𝗲𝗮𝗯𝗿𝗲𝗮𝗸 : ညနေခင်း 𝗦𝗻𝗮𝗰𝗸 𝗧𝗶𝗺𝗲
🍻 𝗕𝗲𝗲𝗿 : ဘီယာ အေးအေးလေး (၂) ခွက်
🎁 အထူးလက်ဆောင်များ 🎁
ပျော်ရွှင်စရာ အမှတ်တရဖြစ်စေဖို့
အခန်းတစ်ခန်းအတွက်
𝗦𝘄𝗮𝗹𝗹𝗼𝘄 𝗟𝗢𝗚𝗢 𝗧-𝗦𝗵𝗶𝗿𝘁 (၂) ထည်၊ ရေစိုခံ ဖုန်းအိတ် (၂) လုံး နဲ့ ရေကစားဖို့ ရေပြွတ်/ရေပုံး (၁) စုံ ကိုလည်း မေတ္တာလက်ဆောင် ပေးအပ်သွားဦးမှာပါရှင်

💰 အထူး 𝗣𝗮𝗰𝗸𝗮𝗴𝗲 ဈေးနှုန်းများ 💰
ရွေးချယ်စရာ အခန်းအမျိုးအစားအလိုက် အောက်ပါအတိုင်း ကျသင့်မှာ ဖြစ်ပါတယ် -
🔸 𝗗𝗘𝗟𝗨𝗫𝗘 𝗥𝗢𝗢𝗠 (၂ ဦးစာ) - 199,000 MMK
🔸 𝗥𝗢𝗬𝗔𝗟 𝗗𝗘𝗟𝗨𝗫𝗘 𝗥𝗢𝗢𝗠(၂ ဦးစာ) - 219,000 MMK
🔸 𝗙𝗔𝗠𝗜𝗟𝗬 𝗦𝗨𝗜𝗧𝗘 𝗥𝗢𝗢𝗠 (မိသားစု ၃ ဦးထိ) - 349,000 MMK (အိပ်ခန်း နှင့်အတူ ဧည့်ခန်းကျယ်သီးသန့်ပါဝင်ပါသည်)

လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ ပိတ်ရက်ရှည်လေးကို
အမှတ်တရ ဖြစ်အောင် ဝန်ဆောင်မှုပေးဖို့ 𝗦𝘄𝗮𝗹𝗹𝗼𝘄 𝗛𝗼𝘁𝗲𝗹 မိသားစုမှ အေးမြသော စိတ်စေတနာတို့ဖြင့် စောင့်ကြိုနေမှာမို့ ယခုဘဲ ဆက်သွယ်ပြီး
booking တင်နိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းလေး ပါးလိုက်ပါရစေရှင် ...
အခန်းအရေအတွက်လေး ကန့်သတ်ထားလို့
တွေဝေမနေဘဲ အပြေးလေး booking တင်လိုက်ပါတော့နော်
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးကတော့
-09 78 78 38 777, 09-40173331 ဖြစ်ပြီး
လမ်း 60 နဲ့ 109 လမ်းထောင့်မှာ တည်ရှိနေပါတယ်ရှင် …..




25/12/2025

Sharing a little Christmas magic! ✨🎄 A special delivery from the Swallow Hotel family to yours. ❤️

06/10/2025

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ဟာ
ကမ္ဘာတဝန်းမှာ နေထိုင်ကြတဲ့
တရုတ်လူမျိုးတွေအားလုံး အလေးထားကျင်းပတတ်ကြတဲ့ “တရုတ်ရိုးရာ လမုန့်ပွဲ‌တော် (中秋節) ” ‌နေ့ပဲ ဖြစ်ပါတယ်ရှင်

ဒီနှစ်ရဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော်နေ့ဟာ
တိုက်ဆိုင်စွာနဲ့ပဲ မြန်မာလူမျိုးတွေအတွက်သာမက
ထေရဝါဒဗုဒ္ဓဘာသာဝင် တိုင်းရင်းသားလူမျိုးအားလုံးနဲ့ သက်ဆိုင်တဲ့ သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်လို့ နေပါတယ်

တရုတ်ရိုးရာ လမုန့်ပွဲတော်ဟာ တရုတ်ရိုးရာ အဓိကပွဲတော်ကြီးလေးခုထဲက တစ်ခုအပါအဝင်လည်း ဖြစ်တဲ့အတွက်ကြောင့် တရုတ်ရိုးရာ လမုန့်ပွဲ‌တော်ကို တရုတ်ပြက္ခဒိန်ရဲ့ ၈လပိုင်း ၁၅ရက်နေ့မှာ ကျင်းပပြုလုပ်ကြပါတယ်။
တရုတ်ပြက္ခဒိန်အရ ၇ လပိုင်း ၊ ၈ လပိုင်း နဲ့ ၉ လပိုင်း တွေဟာ ဆောင်းဦးရာသီထဲမှာ ပါဝင်တာဖြစ်လို့ တရုတ်ရိုးရာ လမုန့်ပွဲ‌တော်ကို တရုတ်အခေါ်အဝေါအရ “ကျုံးချိုးကျယ် (中秋節) ” လို့ ခေါ်ဝေါ်တတ်ကြပြီး “ဆောင်းဦးရာသီ လလယ်ပွဲ‌တော်”
“Mid Autumn Festival “ ဆိုပြီး အဓိပ္ပါယ်သက်ရောက်ပါတယ်။

ဒီနေ့မှာ တရုတ်လူမျိုးတွေရဲ့ ထုံးတမ်းစဥ်လာအရ မိသားစုတွေဟာ တစုတစည်းတည်း မိမိရဲ့ နေအိမ်မှာ လမုန့်စားရင်း လမင်းကြီးကို ငေးမောကြည့်ရှုတတ်ကြတဲ့ အလေ့အထရှိကြပါတယ်။
ဒါကြောင့် Swallow Hotel မှာ တည်းခိုနေကြတဲ့ Long Stay ဧည့်သည်တော်များအား လမင်းကြီးကို ခံစားကြည့်ရှုရင်း ချစ်ခင်ရသူတွေနဲ့အတူ လမုန့်စားဖို့
လမုန့်မေတ္တာလက်ဆောင်ဝေမျှပေးဖြစ်ပါတယ်ရှင်

တရုတ်ရိုးရာ လမုန့်ပွဲတော် နှင့် သီတင်းကျွတ်လပြည့်နေ့လေးမှာ ချစ်မိတ်ဆွေဧည့်သည်တော်များအားလုံးပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🤗🤍🙏

သီတင်းကျွတ် အခါသမယလေးမှာချစ်မိတ်ဆွေဧည့်သည်တော်များအားလုံး —စိတ်၏ချမ်းသာခြင်း 🌸 ကိုယ်၏ကျန်းမာခြင်း 💪နှင့် စီးပွားလာဘ်လာဘမ...
05/10/2025

သီတင်းကျွတ် အခါသမယလေးမှာ
ချစ်မိတ်ဆွေဧည့်သည်တော်များအားလုံး —
စိတ်၏ချမ်းသာခြင်း 🌸 ကိုယ်၏ကျန်းမာခြင်း 💪
နှင့် စီးပွားလာဘ်လာဘများ 💰 တိုးတက်ပြည့်စုံပြီး
မိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်သာယာစွာ
အားလပ်ရက်များကို ဖြတ်သန်းနိုင်ကြပါစေလို့

𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 မိသားစုမှ မေတ္တာအပြည့်နဲ့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🙏🏻💖

ပျော်ရွှင်ကြည်နူးဖွယ် သီတင်းကျွတ်ပွဲတော်ဖြစ်ပါစေ 🌕💫✨

📣🤗 𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 Rooftopမှ  𝗡𝗘𝗦𝗧 𝗕𝗮𝗿&𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကြေငြာပါရစေရှင် 🍸✨🎶မင်္ဂလာပါ ချစ်မိတ်ဆွေဧ...
12/09/2025

📣🤗 𝗦𝗪𝗔𝗟𝗟𝗢𝗪 𝗛𝗢𝗧𝗘𝗟 Rooftopမှ
𝗡𝗘𝗦𝗧 𝗕𝗮𝗿&𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကြေငြာပါရစေရှင် 🍸✨🎶

မင်္ဂလာပါ ချစ်မိတ်ဆွေဧည့်သည်တော်များရှင့်

မတ်လ ၂၈ ရက်နေ့ လှုတ်ခတ်ခဲ့သောငလျင်ကြောင့် အချိန်အတိုင်းအတာတစ်ခုထိ ပိတ်ထားခဲ့ရတဲ့ 𝗡𝗘𝗦𝗧 𝗕𝗮𝗿&𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ကို ယခု 𝖲𝖾𝗉𝗍𝖾𝗆𝖻𝖾𝗋 12 ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားပါပြီရှင်🍹🌆

📍 Location: Swallow Hotel Rooftop
🕔 Time: 5:00 PM – 10:30 PM

✨ 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗢𝗳𝗳𝗲𝗿✨အနေနဲ့
Hotel တွင် တည်းခိုနေထိုင်နေသည့် ချစ်ဧည့်သည်တော်များအတွက် food menu အားလုံးကို 15% discount ပေးသွားမှာဖြစ်ပါတယ် 🍴

အလှပဆုံး Mandalay ရဲ့ နေဝင်အလှကို ကြည့်ရင်း၊ အရသာပြည့်ဝတဲ့ အစားအစာတွေနဲ့ စူးရှစွဲမက်ဖွယ် Cocktails တွေကို သောက်ရင်း ညနေချမ်းလေးကို Rooftop Bar မှာအတူတူ ခံစားကြရအောင် 💛

🍷ပြန်လည်ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပါပြီ! 🤗

⸻💍 💞အလုပ်တွေများနေလို့ရယ် ငလျင်ဒဏ်ကြောင့် ပူပင်စရာတွေ များထားလို့ရယ် ကြင်သူနှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားအတွက် စိတ်ဖိစီးနေကြ...
23/06/2025

⸝

💍 💞အလုပ်တွေများနေလို့ရယ်
ငလျင်ဒဏ်ကြောင့် ပူပင်စရာတွေ များထားလို့ရယ်
ကြင်သူနှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားအတွက်
စိတ်ဖိစီးနေကြပြီလား
အဲ့ဒီအတွက် မင်္ဂလာမောင်နှံတို့ကို စိတ်ဖိစီးမှုကင်းဝေးသက်သာအောင် ကူညီပါရစေနော်💞🤍 💍

သင့်တို့ရဲ့အထူးခြားဆုံးနေ့လေးကို အမှတ်တရဖြစ်အောင်ပြုလုပ်ချင်ပါသလား?

Swallow Hotel တွင် ခမ်းနားသပ်ရပ်တဲ့ Wedding Ballroom ကို စီစဉ်ပေးထားပြီး
Sweet Memories Wedding Planner Service နှင့် လက်တွဲလုပ်ကိုင်ကာ One-Stop Wedding Service ကို စတင်မိတ်ဆက်ပေးလိုက်ပါတယ်။

➡ Invitation card
➡ ပန်းအလှဆင်ခြင်း
➡ အရသာပြည့်ဝတဲ့ စားသောက်ဖွယ်ရာများ
➡ MC & Entertainment
➡ ပြန်ကမ်းလက်ဆောင်
➡ မိတ်ကပ် & ဓာတ်ပုံအဖွဲ့
➡ ပွဲအစအဆုံး စိတ်ချယုံကြည်စွာ စီစဉ်ပေးခြင်း

စိတ်ပင်ပန်းစရာမရှိ – သက်သာအေးချမ်းပြီး– မေ့မရနိုင်တဲ့အမှတ်တရတွေဖန်တီးပေးဖို့ အသင့်ဖြစ်နေတဲ့
Sweet Memories Wedding planner service team ကို
📞 ယခုပဲ သင့်ရဲ့မင်္ဂလာနေ့ရက်ကို booking ပြုလုပ်ဖို့ စုံစမ်းလိုက်ပါတော့နော်

📍 Swallow Hotel – သင့်အမှတ်တရတွေစတင်ရာနေရာ





#မင်္ဂလာနေ့အမှတ်တရ

မကြာသေးမီက မန္တလေးမြို့နှင့်အနီးအနားတို့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့်  ထိခိုက်မှုများ များပြားစွာ ဖြစ်ပွါးခဲ့ရပါတယ...
13/05/2025

မကြာသေးမီက မန္တလေးမြို့နှင့်အနီးအနားတို့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများ များပြားစွာ ဖြစ်ပွါးခဲ့ရပါတယ်
ဒါကြောင့် ကျွန်တော်/မတို့ Swallow Hotel မှလည်း
ငလျင်သင့်ဒေသများတွင် နေထိုင်သူများအတွက် အထူးလိုအပ်နေသော ရေသန့်များ၊ အဟာရဖြည့်စွက်စာများ၊ နေရောင်စွမ်းအင်မီးအိမ်များ၊ ဆေးဝါးများနှင့် အိပ်ရာသုံးပစ္စည်းများကို အဖွဲ့လိုက်သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်ရပါတယ်

Swallow Hotel အနေဖြင့် မန္တလေးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် ဆက်လက်အသင့်ဖြစ်နေပါသည်

ချစ်ရတဲ့ Mandalay မြို့ကြီး အမြန််ဆုံးပြန်လည်ထူထောင်နိုင်ပါစေ

𝐖𝐞 𝐬𝐮𝐩𝐩𝐨𝐫𝐭 𝐰𝐢𝐭𝐡 𝐡𝐞𝐚𝐫𝐭. 𝐖𝐞 𝐫𝐞𝐛𝐮𝐢𝐥𝐝 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫.





Check out 𝐒𝐖𝐀𝐋𝐋𝐎𝐖 𝐇𝐎𝐓𝐄𝐋’s video.

Address

60 Street & Corner Of 109 Street, Chanmyatharzi Township
Mandalay
05041

Telephone

+959787838777

Website

Alerts

Be the first to know and let us send you an email when Swallow Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to Swallow Hotel:

Share

Category