28/09/2026
🐾 𝐖𝐨𝐫𝐥𝐝 𝐑𝐚𝐛𝐢𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟔
ခွေးကိုက်ခံရတာ၊ အကုတ်ခံရတာမျိုး ဖြစ်လာရင်“အနာသေးသေးလေးပဲ၊ ဘာမှမဖြစ်လောက်ပါဘူး” ဆိုပြီး မပေါ့ဆလိုက်ပါနဲ့နော်။
ခွေးရူးရောဂါဟာ ရောဂါလက္ခဏာတွေ ပေါ်လာပြီဆိုရင် အသက်အန္တရာယ် အလွန်မြင့်မားပါတယ်။ ဒါပေမဲ့ အကိုက်ခံရပြီးနောက် အချိန်မီ ကာကွယ်ကုသမှုခံယူမယ်ဆိုရင်တော့ အသက်အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်ရှင်။
ဒါကြောင့် ခွေး သို့မဟုတ် ရောဂါပိုးရှိနိုင်တဲ့ တိရစ္ဆာန်တစ်ကောင်က ကိုက်ခဲ့၊ ကုတ်ခဲ့ရင်
🔷 အနာကို ဆပ်ပြာနဲ့ ရေများများသုံးပြီး အနည်းဆုံး ၁၅ မိနစ်ခန့် ချက်ချင်းဆေးကြောပါ။
🔷 အနာကို မသေချာတဲ့ဆေးတွေ လိမ်းတာ၊ အိမ်တွင်းကုထုံးတွေနဲ့ ကုသတာမျိုး မလုပ်ပါနဲ့။
🔷 ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြီး ခွေးရူးကာကွယ်ဆေးထိုးဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ခွေးရူးရောဂါကာကွယ်ရေးမှာ လူတစ်ဦးချင်းစီရဲ့ သတိပြုမှုအပြင် ခွေးတွေကို ခွေးရူးကာကွယ်ဆေး ပုံမှန်ထိုးပေးခြင်း၊ ပြည်သူတွေရဲ့ အသိပညာမြှင့်တင်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ခြင်း တို့ကလည်း အရေးကြီးပါတယ်။
ဒါကြောင့် 𝐖𝐇𝐎 ကလည်း 𝟐𝟎𝟐𝟔 𝐓𝐡𝐞𝐦𝐞 ဖြစ်တဲ့ “𝐒𝐭𝐫𝐨𝐧𝐠𝐞𝐫 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫” မှာ ဒီလို ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အလေးပေးထားပါတယ်ရှင်။
𝐖𝐨𝐫𝐥𝐝 𝐑𝐚𝐛𝐢𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟔 အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးအသိပညာလေးတွေကို မြတ်သံလွင်ဆေးရုံက မျှဝေပေးလိုက်ပါတယ်ရှင်။