Royal Hinthar Hotel

Royal Hinthar Hotel လုံခြုံနွေးထွေးပြီး အကောင်းမွန်ဆုံးသော
ခိုနားရာ Royal Hinthar
(2182)

🌧️ Royal Hinthar ရဲ့ MONSOON FAREWELL PROMOTION နဲ့အတူ မိုးရာသီကို လှပစွာ နှုတ်ဆက်ရအောင်… 🙆 မိုးရာသီရဲ့ နောက်ဆုံးလလေးကို...
31/08/2026

🌧️ Royal Hinthar ရဲ့ MONSOON FAREWELL PROMOTION နဲ့အတူ မိုးရာသီကို လှပစွာ နှုတ်ဆက်ရအောင်… 🙆

မိုးရာသီရဲ့ နောက်ဆုံးလလေးကိုတောင် ရောက်လာပြီနော်။ 🌿
Royal Hinthar Hotel အတွက်တော့
မိုးရာသီကုန်ဆုံးသွားတာထက် ဒီမိုးရာသီတစ်လျှောက် Royal Hinthar ကို ရွေးချယ်ပြီး လာရောက်တည်းခိုပေးခဲ့ကြတဲ့ ဧည့်သည်တော်တိုင်းကို ကျေးဇူးတင်ရတာက ပိုအရေးကြီးပါတယ်ရှင်🤍

လူကြီးမင်းတို့ရဲ့ ခရီးစဉ်လေးမှာ
တစ်ညတာ အနားယူခဲ့တာပဲဖြစ်ဖြစ်…
မိသားစုနဲ့ အချိန်ကောင်းတွေ ဖြတ်သန်းခဲ့တာပဲဖြစ်ဖြစ်…
ချစ်ရသူနဲ့ အမှတ်တရတွေ ဖန်တီးခဲ့တာပဲဖြစ်ဖြစ်...
Royal Hinthar Hotel ကို ရွေးချယ်ပေးခဲ့တဲ့အတွက် ကျွန်တော်/ကျွန်မတို့က တကယ်တန်ဖိုးထားပါတယ်ရှင်🥰
ဒါကြောင့်…မိုးရာသီကို မနှုတ်ဆက်ခင်
“ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားလေးကို Promotion လေးနဲ့အတူ ပြန်လည်မျှဝေချင်ပါတယ်။ 🎁✨

🌧️ MONSOON FAREWELL PROMOTION 🌧️
မိုးရာသီရဲ့ နောက်ဆုံးလလေးမှာလည်း Royal Hinthar ရဲ့ 15% Off Promotion လေးစောင့်ကြိုနေတာမလို့....
မိုးသံလေးတွေ နားထောင်ရင်း…
နွေးထွေးတဲ့အခန်းလေးထဲမှာ အနားယူရင်း…
ချစ်ရသူတွေနဲ့ အေးအေးဆေးဆေး အချိန်ဖြုန်းရင်း…
မိုးရာသီရဲ့ နောက်ဆုံးအမှတ်တရလေးကို Royal Hinthar မှာ ဖန်တီးလိုက်ပါနော်🏨✨

“You are not just our guests,
You are the reason we care.” 💜

📞 09-455559810 | 09-772395331
📍 No.73, Myoe Shaung Road, Myaynigone Ward, Mawlamyine

30/08/2026

Royal Hinthar ရဲ့ဘယ်အခန်းမှာ Staycation လုပ်မလဲ?... 👑

တစ်ခါတလေ…
အဝေးကြီးကို မသွားဘဲ အေးချမ်းမှုတစ်ခုကိုပဲ ရှာဖွေချင်တဲ့နေ့တွေ ရှိကြတယ်မဟုတ်လား ရှင် ✨

တံခါးဖွင့်လိုက်တာနဲ့ စိတ်ကို အေးချမ်းစေမယ့် အခန်းလေးတစ်ခန်း…🛏️
နူးညံ့တဲ့အိပ်ရာပေါ်မှာ ခဏတာ အားလုံးကို မေ့ထားလိုက်မယ်...🛌

ပြီးတော့ ကိုယ့်အတွက်ပဲ သီးသန့်ထားတဲ့ Relaxing moment တစ်ခု ဖန်တီးမယ်… 🛁🤍
Royal Hinthar Hotel မှာအခန်းတိုင်းက နေဖို့
အတွက်သာမက ပြန်လည်အားဖြည့် ဖို့အတွက်ပါ ဖန်တီးထားတာဖြစ်လို့ အခုပဲ အနားယူအားဖြည့်ဖို့ လာခဲ့လိုက်နော်

❣️For More Information❣️
☎️09-455559810
☎️09-772395331

📍အမှတ် 73၊ မြို့ရှောင်လမ်း၊ မြေနီကုန်းရပ်၊ မော်လမြိုင်မြို့။

မော်လမြိုင်မြို့၊ Royal Hinthar Hotel ဝင်းအတွင်းရှိ ကားပါကင် နေရာတွင် [၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်] ဖြစ်ပွားခဲ့သော သီးခြာ...
30/08/2026

မော်လမြိုင်မြို့၊ Royal Hinthar Hotel ဝင်းအတွင်းရှိ ကားပါကင် နေရာတွင် [၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်] ဖြစ်ပွားခဲ့သော သီးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့ ဟိုတယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဧည့်သည်တော်ကြီးများနှင့် ပြည်သူလူထုထံသို့ အောက်ပါအတိုင်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးအပ်ပါတယ်ရှင် 💁

၁။ မိမိတို့ Royal Hinthar Hotel သည် လာရောက်တည်းခို အနားယူကြသော ဧည့်သည်တော်ကြီးများအားလုံး စိတ်အေးချမ်းသာစွာ နားခိုနိုင်ရေးအတွက် "ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ အေးချမ်းမှုနှင့် ဘေးကင်းလုံခြုံရေး" ကို အစဉ်တစိုက် အမြင့်ဆုံးသော ပရော်ဖက်ရှင်နယ် စံနှုန်းများအတိုင်း တာဝန်ယူ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

၂။ [၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်] သတင်းမီဒီယာအချို့တွင် ဖော်ပြပါရှိသော ကားပါကင်အတွင်း ဖြစ်စဉ်သည် ဟိုတယ်အတွင်း တည်းခိုနေထိုင်လျက်ရှိသော အခြားသော ဧည့်သည်တော်ကြီးများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းရေး၊ သွားလာရေးနှင့် ဟိုတယ်၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု ဝန်ဆောင်မှုပိုင်းများနှင့် လုံးဝ တိုက်ရိုက်ပတ်သက်မှု မရှိဘဲ ပြင်ပယာဉ်တစ်စီး၏ သီးခြားဖြစ်စဉ်တစ်ခုသာ ဖြစ်ပါသည်။

၃။ မိမိတို့ ဟိုတယ်သည် မည်သည့် တရားမဝင်မှုမျိုးကိုမဆို "လုံးဝ လက်မခံသောမူ (Zero-Tolerance Policy)" အတိုင်းသာ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်လျက်ရှိပြီး၊ တန်ဖိုးရှိလှသော ဧည့်သည်တော်ကြီးများ ဘေးကင်းလုံခြုံစိတ်ချစွာ တည်းခိုနိုင်ရန်အတွက် ဟိုတယ်ဝန်းကျင်နှင့် လုံခြုံရေး စနစ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

လူကြီးမင်းတို့၏ ယုံကြည်စိတ်ချစွာ ရွေးချယ်မှုအတွက် အထူးကျေးဇူးတင်ရှိပြီး နောင်တွင်လည်း ယခုထက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများ၊ နွေးထွေးပျူငှာမှု အပြည့်ဖြင့်သာ အစဉ်တစိုက် ကြိုဆိုဧည့်ခံသွားမည် ဖြစ်ကြောင်း လေးစားစွာ ဖြင့် Royal Hinthar Hotel စီမံခန့်ခွဲမှုအဖွဲ့ မှ အသိပေးအပ်ပါတယ်ရှင်။🩷

#မွန်ပြည်နယ် #မွန်ပြည်နယ်သားများစုံစည်းရာ

27/08/2026

What Makes You Happy...? 💭✨

နေ့တစ်နေ့မှာ Stress တွေ အရမ်းများလာတဲ့အခါ... သင့်ကို အမှန်တကယ် ပျော်ရွှင်သွားစေမယ့်အရာက ဘာလဲ? 🤔 ငွေကြေး? အောင်မြင်မှု?

No... Sometimes, it’s just GOOD FOOD & GREAT VIBES! 😋🍹
အစားအသောက်ကောင်းလေးတွေကလဲ စိတ်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ပါတယ် နော်

ဒါကြောင့် လူကြီးမင်းတို့ရဲ့ Happy Energy တွေကို Re-charge လုပ်ဖို့ Royal Hinthar Hotel ရဲ့ Royal Pool Bar မှာဘယ်တော့မှ မရိုးနိုင်တဲ့ ✨ Mouth-watering Dishes ✨ တွေက စောင့်ကြိုနေမှာဖြစ်လို့ ဟင်းလျာတွေကို မြည်းစမ်းကြည့်ဖို့ အမြန်ဆုံး လာခဲ့လိုက်တော့နော်! ✨

**For More Information**
☎️09-455559810
☎️09-772395331

📍အမှတ် 73၊ မြို့ရှောင်လမ်း၊ မြေနီကုန်းရပ်၊ မော်လမြိုင်မြို့။


(15.8.2026) ရက်နေ့က Royal Hinthar Hotel ရဲ့ Shin Saw Pu Ballroom မှာ "မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရ...
18/08/2026

(15.8.2026) ရက်နေ့က Royal Hinthar Hotel ရဲ့ Shin Saw Pu Ballroom မှာ "မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း မွန်ပြည်နယ် ရုံးခွဲ" ရဲ့ အစည်းအဝေးပွဲကို အောင်မြင်စွာ ဧည့်ခံကျင်းပပေးခဲ့ရပါတယ်🎊
စိတ်ကျေနပ်မှုအပြည့်နဲ့ ရွေးချယ်ခဲ့တဲ့ တာဝန်ရှိသူများအားလုံးကို Royal Hinthar မိသားစု ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙆‍♀️

✨ သင့်ရဲ့ အရေးကြီးတဲ့ အခမ်းအနားပွဲတွေကို စိတ်တိုင်းကျ ဖန်တီးဖို့ Royal Hinthar Hotel ကို သတိရလိုက်ပါ! ✨
Business Meeting, Corporate Workshop, Seminar, Gala Dinner နဲ့ မင်္ဂလာဧည့်ခံပွဲများအပြင် ဘာပွဲပဲကျင်းပကျင်းပ ဝန်ဆောင်မှု အပြည့်အဝကို လူကြီးမင်းတို့ လိုအပ်ချက်နဲ့အညီ အကောင်းဆုံး စီစဉ်ပေးနေပါပြီ💁‍♀️
ပွဲရက်ချိန်းများ ကြိုတင်ရယူရန်နှင့် အသေးစိတ် စုံစမ်းရန် -
📞 Phone: 09753505503
📍 Location: No-73, Myoe Shaung Road, Myanigone Ward, Mawlamyine.

မော်လမြိုင်ကို လာရင် ဘာကြောင့် Royal Hinthar Hotel ကို ရွေးချယ်သင့်တာလဲပြောပြမယ်နော် 💁‍♀️✨မော်လမြိုင်ကိုလာရင် Royal Hint...
06/08/2026

မော်လမြိုင်ကို လာရင် ဘာကြောင့် Royal Hinthar Hotel ကို ရွေးချယ်သင့်တာလဲပြောပြမယ်နော် 💁‍♀️✨

မော်လမြိုင်ကိုလာရင် Royal Hinthar ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုရင် Hotel တည်နေရာက မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိတာကြောင့် ဘာနဲ့ပဲလာလာ သွားရလာရ အဆင်ပြေလို့ပါလို့ ပြောလို့ရပါတယ်နော်

🚌 အဝေးပြေးကားနဲ့ လာမလား? – အဝေးပြေးကားဝင်းကနေ ဟိုတယ်ကို (၅) မိနစ် ဝန်းကျင်လေးပဲ ကြာပါတယ်။
🚆 DEMU ရထားနဲ့ လာမလား? – မော်လမြိုင် ရထားဘူတာကြီးကနေ (၅) မိနစ် ဆို ဟိုတယ်ဆီ အရောက် ရောက်ရှိပါပြီ။
✈️ လေယာဉ်နဲ့ လာမလား? – မော်လမြိုင် လေဆိပ်
ကနေဆိုရင်လည်း (၁၅) မိနစ် ခန့်သာ ကြာမြင့်မှာပါ။

ဒါတင်မကသေးဘဲ ခရီးစဉ်တစ်လျှောက် သက်တောင့် သက်သာ ပြည့်ပြည့်စုံစုံ အနားယူနိုင်ဖို့အတွက် Relax ရစေမယ့် Swimming Pool ၊ အရသာရှိလှတဲ့ အစား အသောက်များရရှိနိုင်မယ့် Restaurant ၊ကျန်းမာရေးအတွက် Gym Facility၊ ကျယ်ဝန်းပြီး လုံခြုံမှုရှိတဲ့ ကားပါကင် ၊ လိုင်းဆွဲအားကောင်းမွန်တဲ့ Free Wi-Fi၊သန့်ရှင်းသပ်ရပ်တဲ့ အခန်းပြင်ဆင်မှုများစတဲ့ အပြည့်စုံဆုံးဝန်ဆောင်မှုနဲ့ Facilities တွေကို တစ်နေရာတည်းမှာ ရရှိနိုင်ဖို့ အခုပဲ Royal Hinthar Hotel မှာ အခန်းလေးတွေ ကြိုတင် Reservation တင်ထားလိုက်တော့နော်… 🌿🛋️

For Booking ; 09-455559810 / 09-772395331
Address: No-73, Myoe Shaung Road, Myanigone Ward, Mawlamyine

✨ “အခွင့်အရေးဆိုတာ စောင့်မနေပါဘူး…”အလုပ်ကောင်းတစ်ခုကို ရှာနေတယ်ဆိုရင် ဒီနေ့ပဲ လျှောက်ထားလိုက်ပါ။ • တည်ငြိမ်သော အလုပ်အကို...
03/08/2026

✨ “အခွင့်အရေးဆိုတာ စောင့်မနေပါဘူး…”
အလုပ်ကောင်းတစ်ခုကို ရှာနေတယ်ဆိုရင် ဒီနေ့ပဲ လျှောက်ထားလိုက်ပါ။

• တည်ငြိမ်သော အလုပ်အကိုင်
• ကောင်းမွန်သော လစာ
• အကျိုးခံစားခွင့် အပြည့်အစုံ

📢 ခေါ်ယူမည့် ရာထူးများ

🍽️ Waiter / Waitress– (၃) ဦး
⚙️ M&E Supervisor – (၁) ဦး
🔧 M&E Technician – (၁) ဦး
👨‍🍳 Chef De Partie – (၁) ဦး
🧹 Public Area Attendant (သန့်ရှင်းရေးစက်မောင်းအမျိုးသား– (၁) ဦး

🎁 သင့်အတွက် အထူးခံစားခွင့်များ
🏠 နေစရိတ် + စားစရိတ် အခမဲ့
💵 Service Money ခံစားခွင့်
⏰ တစ်နေ့ ၈ နာရီသာ အလုပ်ချိန်
📅 တစ်ပတ် (၁) ရက် နားရက်
💰 OT Fee (အချိန်ပိုကြေး)
🎉 Public Holiday အများပြည်သူရုံးပိတ်ရက်ခံစားခွင့်
👕 Uniform စီစဉ်ပေးသည်

📄 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
✅ CV Form (ကိုယ်ရေးရာဇဝင်)
✅ မှတ်ပုံတင်မိတ္တူ
✅ အိမ်ထောင်စုစာရင်းမိတ္တူ
✅ ရဲစခန်းထောက်ခံစာ
✅ သက်ဆိုင်ရာ သင်တန်းဆင်းလက်မှတ် မိတ္တူများ (ရှိပါက)

📍 လူကိုယ်တိုင် လာရောက်လျှောက်ထားရန်
အမှတ် (၇၃)၊ မြို့ရှောင်လမ်း၊ မြေနီကုန်းရပ်ကွက်၊မော်လမြိုင်မြို့။

📲 Online မှ လျှောက်ထားရန်
Viber : 09 753 505 503

Royal Hinthar Hotel မှ သင့်ကို ကြိုဆိုနေပါတယ်! ❤️

Weekday Peace & Stay ✨ (15% OFF Weekday Deal)ဧည့်သည်တော်ကြီးတို့ ပင်ပန်းသမျှကို ရက်သတ္တပတ် ရဲ့ ကြားရက်မှာတင် reset လုပ်လ...
31/07/2026

Weekday Peace & Stay ✨
(15% OFF Weekday Deal)

ဧည့်သည်တော်ကြီးတို့ ပင်ပန်းသမျှကို ရက်သတ္တပတ် ရဲ့ ကြားရက်မှာတင် reset လုပ်လိုက်ရအောင်..... 💁‍♀️

ပင်ပန်းသမျှကို အေး"ချမ်း"နဲ့ အနားယူဖို့ Weekend ရောက်ဖို့အထိ မစောင့်ပါနဲ့တော့...
Royal Hinthar Hotel ရဲ့ Weekday Deal နဲ့အတူ တနင်္လာမှ ကြာသပတေး ရက်တွေမှာ 15% Discount ရရှိနိုင်ပြီဖြစ်လို့ ခုပဲ Booking လာတင်ထားလိုက်ပါတော့နော်🫶

ကြားရက်ရဲ့ ငြိမ်းအေးမှုနဲ့အတူ စိတ်လက်ပေါ့ပါးစွာ အနားယူဖို့ Royal Hinthar ကို အရောက်လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🏩

Promotion Time လေးကလဲ August 31 ရက်နေ့ထိပဲ ဖြစ်လို့ အမြန်လေး booking ယူလိုက်တော့နော်💜

For Booking ; 09-455559810 / 09-772395331
Address: No-73, Myoe Shaung Road, Myanigone Ward, Mawlamyine

#မော်လမြိုင်

Royal Hinthar Hotel ၀န်ထမ်းမိသားစုများ ၏ ဝါဆိုသင်္ကန်းကပ် စုပေါင်းအလှူ မင်္ဂလာ အမှတ်တရပုံရိပ်များ  🙏♥️
31/07/2026

Royal Hinthar Hotel ၀န်ထမ်းမိသားစုများ ၏ ဝါဆိုသင်္ကန်းကပ် စုပေါင်းအလှူ မင်္ဂလာ အမှတ်တရပုံရိပ်များ 🙏♥️


မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ပြုသမျှ ကုသိုလ် အစုစုတို့ကြောင့် မိသားစုအပေါင်...
29/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ🙏

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ပြုသမျှ ကုသိုလ် အစုစုတို့ကြောင့် မိသားစုအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း Royal Hinthar မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🙏♥️

Address

No (73) Myo Shaung Road, Myaynigone Ward
Mawlamyine

Alerts

Be the first to know and let us send you an email when Royal Hinthar Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to Royal Hinthar Hotel:

Shortcuts

Share

Category