Royal May Guest House

Royal May Guest House Royal May ဧည့်ရိပ်မွန်မှနွေးထွေးစွာကြိုဆိုပါတယ်❤️

13/04/2026

Royal May Guesthouse က ဘောစိတီတီကြီးက သူ့ဝန်ထမ်းတွေကို င်္သကြန်မုန့်ဖိုးပေးနေပါပီ

Royal May ကို လာတည်းခိုကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး ယခုနှစ်သစ်ကနေစ၍ နောင်လာမယ့်နေ့ရက်တိုင်း ကျန်းမာချမ်းသာကြပါစေ စီးပွါးတွေဒီရေအလားတိုးတက်ကြပါစေရှင် 😍

23/01/2026

Royal May က ဘောစိတီတီရဲ့မွေးနေ့အကြို
ချစ်ရတဲ့ ဝန်ထမ်းတွေကို မနက်စာ ဘူဖေးလိုက်ကျွေး 😘😘😘

31/12/2025

Royal May မိသားစုမှ
ချစ်ရတဲ့ ဝန်ထမ်းများကို နှစ်ကူးလက်ဆောင် မုန်ဖိုးပေး🥰🥰🥰
အားလုံးပဲ ပျော်စရာနှစ်သစ်ကူးလေးဖြစ်ပါစေ 🖤

Happy New Year 😘

မေမြို့သို့မဟုတ် ပြင်ဦးလွင်မြို့ရဲ့ ၁၈ ကြိမ်မြောက်ပန်းပွဲတော်လေးကို လာရောက်လာပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🍀🌼🌻♥️ပန်းမြိ...
06/12/2025

မေမြို့သို့မဟုတ် ပြင်ဦးလွင်မြို့ရဲ့
၁၈ ကြိမ်မြောက်ပန်းပွဲတော်လေးကို လာရောက်လာပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🍀🌼🌻♥️

ပန်းမြို့တော် ပြင်ဦးလွင်ရဲ့ အထင်ကရ သင်္ကေတတစ်ခုဖြစ်တဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ ပန်းပွဲတော်ကြီးကို ဒီနှစ်မှာတော့ (၁၈) ကြိမ်မြောက် အဖြစ် ဒီဇင်ဘာလ (၆) ရက် ၂၀၂၅ ခုနှစ် မှ ဇန်နဝါရီလ (၄) ရက် ၂၀၂၆ ခုနှစ် အထိ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

“မြန်မာပြည်ရဲ့ ပန်းပွဲတော်အစ အမျိုးသားကန်တော်ကြီးက” ဟု ပြောစမှတ်ပြုရတဲ့ ဒီပွဲတော်မှာ ကျွမ်းကျင်ပညာရှင်များမှ တစ်နှစ်နဲ့တစ်နှစ်မတူညီသောပန်းပြကွက်များကို ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ရှားပါးမျိုးစိတ်များအပါအဝင်ပြည်တွင်းပြည်ပ ပန်းအမျိုးအစားစုံလင်စွာကို ခင်းကျင်းပြသထားတာမို့ တစ်နေရာတည်းမှာ လေ့လာကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်
ပွဲတော်ကာလအတွင်း နေ့စဉ် ဖျော်ဖြေရေး အစီအစဉ်များ လည်းရှိတာကြောင့် ရောင်စုံပန်းခင်းတွေကြားမှာ အမှတ်တရ ဓာတ်ပုံ လှလှလေးတွေရိုက်ကူးရင်း ဂီတသံစဉ်တွေနဲ့လည်း စီးမျောနိုင်မှာပဲ ဖြစ်ပါတယ်။

အတွေးမမှား ရွေးချယ်မှု မမှားဘဲ
ဆောင်းလေအေးအေးနဲ့အတူ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့ (၁၈)ကြိမ်မြောက်ပန်းပွဲတော် Immersive Flowers Festival ကိုလာရောက် လည်ပတ်ဖို့ ချစ်ခင်စွာ ဖိတ်ခေါ်ပါရစေရှင်...

#ရှားပါးပန်းမျိုးစိတ်များ

#မေမြို့သို့မဟုတ်ပြင်ဦးလွင်

Address

မန္တလေး-လားရှိုးလမ်း၊မြဝတီဘဏ်ရှေ့လမ်းကြား၊, ရပ်ကွက်ကြီး(၁၀)၊မေမြို့။
Maymyo
05084

Telephone

+959404070181

Website

Alerts

Be the first to know and let us send you an email when Royal May Guest House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category