09/09/2026
❝ မြိတ်ရောက်ရင်… ဘာတွေစားမလဲ❓ဘယ်တွေလည်မလဲ❓ဘယ်မှာတည်းမလဲ❓❞ 🏨
မြိတ်ကို ခရီးထွက်ဖို့ စီစဉ်နေပြီဆိုရင် ဘယ်သွားမယ် ၊ ဘာစားမယ် ၊ ဘယ်မှာတည်းမယ် ဆိုတာတွေကို ကြိုတင်စဉ်းစားထားမှ ခရီးစဉ်လေးက ပိုပြီးပြည့်စုံမှာပေါ့။ 🤍
ပင်လယ်နဲ့နီးတဲ့ မြိတ်မြို့ရဲ့ Local Vibe ကို ခံစားရင်း၊ ဒေသအစားအစာလေးတွေ မြည်းစမ်းမယ်၊ အထင်ကရနေရာလေးတွေ လည်ပတ်မယ်၊ တစ်နေ့တာကုန်ဆုံးချိန်မှာတော့ သက်တောင့်သက်သာနဲ့ အနားယူမယ်ဆိုရင် မြိတ်ခရီးစဉ်လေးက ပိုပြီးအမှတ်တရဖြစ်လာမှာပါ။ ✨
🍜 မြိတ်ရောက်ရင် ဘာတွေစားမလဲ?
မြိတ်ရောက်ပြီဆိုရင် ဒေသရဲ့အရသာစစ်စစ်ကို ခံစားမြည်းစမ်းဖို့ မြိတ်ကတ်ကြေးကိုက်ကို မဖြစ်မနေ စမ်းစားကြည့်သင့်ပါတယ်။ နောက်ပြီးပင်လယ်နဲ့နီးတဲ့မြို့ဆိုတော့ လတ်ဆတ်တဲ့ ပင်လယ်စာတွေ၊ ပုစွန်၊ ကဏန်း၊ ပြည်ကြီးငါးနဲ့ ငါးဟင်းလျာတွေ ကိုလည်း မြည်းစမ်းကြည့်လို့ရပါတယ်။ ခရီးသွားရင်း Local Food လေးတွေကို စမ်းစားတာက မြိတ်ခရီးစဉ်ရဲ့ အမှတ်တရတစ်ခု ဖြစ်လာမှာပါ။ 🦐🦀
📸 မြိတ်ရောက်ရင် ဘယ်တွေလည်မလဲ?
မြိတ်မြို့ထဲမှာ သိမ်တော်ကြီးဘုရားကို သွားရောက်ဖူးမြော်ပြီး မြိတ်မြို့ရဲ့ အထင်ကရနေရာတွေကို လေ့လာနိုင်ပါတယ်။ ရေကန်ဘောင် ဘက်မှာလည်း အေးအေးဆေးဆေး လမ်းလျှောက်ရင်း မြို့ရဲ့ Local Vibe ကို ခံစားနိုင်သလို Strand Road နဲ့ ဆိပ်ကမ်းဘက်တွေမှာလည်း မြိတ်ရဲ့ ရေကြောင်းမြို့ပုံရိပ်လေးတွေကို မြင်တွေ့နိုင်ပါတယ်။ အချိန်ပိုသေးရင်တော့ မြိတ်ကျွန်းတွေဘက်ကိုသွားပြီး ပင်လယ်ပြာပြာနဲ့ သဘာဝအလှတွေကိုပါ ခံစားကြည့်လို့ရပါတယ်။ 🌴🌊
🏨 မြိတ်ရောက်ရင် ဘယ်မှာတည်းမလဲ?
တစ်နေ့တာလုံး လည်ပတ်ပြီး ပင်ပန်းလာတဲ့အခါ ညဘက်သက်တောင့်သက်သာနဲ့ အနားယူနိုင်မယ့်နေရာကလည်း ခရီးစဉ်မှမပါမဖြစ်ပါပဲ။ ဒါကြောင့် အိမ်တော်ဖြူဟိုတယ်မှာ လာရောက်တည်းခိုရင်း သက်တောင့်သက်သာရှိတဲ့ အခန်းလေးမှာ အနားယူလိုက်ပါ။ ရေကူးကန်မှာလည်း အေးဆေးအနာယူပြီး Refresh လုပ်နိုင်သလို ၊ မလိစားသောက်ဆိုင်က အရသာရှိတဲ့အစားအစာတွေကို စားသုံးရင်း တစ်နေ့တာကို အေးအေးဆေးဆေး အဆုံးသတ်နိုင်ပါတယ်။ 🤍🌿
ကဲ လာမယ့် ပိတ်ရက်တွေမှာ စားစရာလည်းရှိ၊ လည်စရာလည်းရှိ၊ အနားယူစရာလည်းရှိတဲ့ မြိတ်ခရီးစဉ်လေးတစ်ခု ဖန်တီးလိုက်တော့ ။ 😎 ဒါနဲ့ မြိတ်ရောက်ရင်တော့ အိမ်တော်ဖြူဟိုတယ်မှာပဲ ဆုံကြမယ်နော်။🏨✨
🔰 Booking တင်ရန် အတွက် -
☎️ : 09 260 769 789, 09 260 769 790
🌐 : [email protected]
📍: No(42),ကန်ဖျားလမ်းမကြီး၊ကန်ဖျား၊မြိတ်မြို့
#အိမ်တော်ဖြူဟိုတယ် #အိမ်တော်ဖြူ
#မြိတ်