New Aye Yar Hotel - Nay Pyi Taw

New Aye Yar Hotel - Nay Pyi Taw "Embracing Hospitality, Embracing You"

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁၅) ရက်နေ့မှာ ကျရောက်တဲ့ "ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" နေ့ထူးနေ့မြတ...
29/07/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁၅) ရက်နေ့မှာ ကျရောက်တဲ့ "ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" နေ့ထူးနေ့မြတ်မှာ -

မြတ်စွာဘုရားရှင်၏ တရားတော်ရိပ်ဝယ် စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း New Aye Yar Hotel မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် တရားဦးဓမ္မစကြာကို စတင်ဟောကြားတော်မူခဲ့သော၊ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သော အလွန်ပင် မွန်မြတ်လှသည့် ဓမ္မအခါတော်နေ့ ဖြစ်သည်နှင့်အညီ...

ဒီလို မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်မှာ မိသားစု၊ ဆွေမျိုး၊ မိတ်သင်္ဂဟများနှင့်အတူ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်း စိတ်နှလုံး အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ကြပါစေ။

ခရီးသွားပြည်သူများနှင့် ဧည့်သည်တော်များအားလုံး ခန္ဓာကိုယ် စိတ်နှလုံး ငြိမ်းချမ်းစွာဖြင့် အနားယူနိုင်ဖို့ New Aye Yar Hotel ကလည်း အမြဲမပြတ် နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။ ✨


#နယူးဧရာဟိုတယ်
#နေပြည်တော်ဟိုတယ် #ဟိုတယ် #ဝါဆိုလပြည့်နေ့

❝၇၉ ကြိမ်မြောက် အာဇာနည်နေ့❞ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့တွင် မြန်မာနိုင်ငံအတွက် လွတ်လပ်ရေး ရရ...
19/07/2026

❝၇၉ ကြိမ်မြောက် အာဇာနည်နေ့❞

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့တွင် မြန်မာနိုင်ငံအတွက် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အားလုံးကို 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 မိသားစုမှ အစဉ်ထာဝရ အောက်မေ့သတိရလျက် ရိုသေစွာ ဂါရဝပြုအပ်ပါသည်။


#နယူးဧရာဟိုတယ်
#နေပြည်တော်ဟိုတယ် #ဟိုတယ် #အာဇာနည်နေ့

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐠𝐚 𝐃𝐚𝐲🤍ယောဂဟူသည် ခန္ဓာကိုယ်ကိုသာမက စိတ်ကိုပါ အေးချမ်းစေတတ်သော အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါသည်။ယနေ့ ဇွန်လ...
21/06/2026

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐠𝐚 𝐃𝐚𝐲🤍

ယောဂဟူသည် ခန္ဓာကိုယ်ကိုသာမက စိတ်ကိုပါ အေးချမ်းစေတတ်သော အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐘𝐨𝐠𝐚 𝐃𝐚𝐲 တွင် မိမိတို့၏ နေ့စဉ်လူနေမှုဘဝထဲ၌ ယောဂကျင့်စဉ်များကို ထည့်သွင်းလေ့ကျင့်ခြင်းဖြင့် စိတ်အပန်းပြေမှုနှင့် လန်းဆန်းမှုများကို ရယူကာ...

ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🧘‍♀️




#နယူးဧရာဟိုတယ် #နေပြည်တော်ဟိုတယ် #ဟိုတယ်

𝐍𝐞𝐰 𝐕𝐢𝐛𝐞, 𝐍𝐞𝐰 𝐋𝐢𝐟𝐞, 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫နေပြည်တော်ကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်... အပန်းဖြေဖို့ပဲဖြစ်ဖြစ် ခရီးထွက်လာတဲ့အခါ လူကြီးမင...
08/06/2026

𝐍𝐞𝐰 𝐕𝐢𝐛𝐞, 𝐍𝐞𝐰 𝐋𝐢𝐟𝐞, 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫

နေပြည်တော်ကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်...

အပန်းဖြေဖို့ပဲဖြစ်ဖြစ် ခရီးထွက်လာတဲ့အခါ လူကြီးမင်းတို့ရဲ့ ဒုတိယအိမ်လိုမျိုး ခံစားရစေဖို့ 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 က အသင့်စောင့်ကြိုနေပါပြီ။🏨

🌿သစ်ရိပ်၊ ဝါးရိပ်တွေနဲ့ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်မှာ စိတ်ကူးသစ်တွေကို ဖော်ထုတ်ရင်း အလုပ်ကိစ္စတွေကို အာရုံစိုက်နိုင်သလို...

🧘‍♂️ကြည်လင်လန်းဆန်းတဲ့ သဘာဝအလှတရားတွေကို ခံစားရင်း စိတ်ရော၊ လူပါ အပြည့်အဝ အပန်းဖြေနိုင်မှာ ဖြစ်တဲ့အပြင်

🛌 ကျယ်ဝန်းပြီး သပ်ရပ်သန့်ရှင်းတဲ့ အခန်းတွေကိုစိတ်ကြိုက်ရွေးချယ်နိုင်တာကြောင့် အဆင့်မြင့်မြင့် အနားယူနိုင်မှာပါ။

ဒါဆို...နေပြည်တော်ကို ခရီးထွက်လာပြီဆိုတာနဲ့ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမယ့် နေရာကောင်းတစ်ခု ရှာနေပြီ ဆိုရင်တော့ 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 ကိုသာ လှမ်းလာခဲ့လိုက်ပါ။

📍 𝐍𝐨. 𝟏𝟔-𝐀, 𝐕-𝟒 𝐑𝐨𝐚𝐝, 𝐇𝐨𝐭𝐞𝐥 𝐙𝐨𝐧𝐞 (𝟑), 𝐃𝐞𝐤𝐡𝐢𝐧𝐚 𝐓𝐡𝐢𝐫𝐢 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐍𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰.
🛎️ 09 446 662 050, 09 752 610 866




#နယူးဧရာဟိုတယ် #နေပြည်တော်ဟိုတယ် #ဟိုတယ်

𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲🤱၂၀၂၆ ခုနှစ်၊ မေလ ၁၀ရက်နေ့တွင် ကျရောက်သည့် အမေများနေ့တွင် ကမ္ဘာပေါ်ရှိ ကျေးဇူးရှင် မေမေမ...
10/05/2026

𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲🤱

၂၀၂၆ ခုနှစ်၊ မေလ ၁၀ရက်နေ့တွင် ကျရောက်သည့် အမေများနေ့တွင် ကမ္ဘာပေါ်ရှိ ကျေးဇူးရှင် မေမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး မိသားစုနှင့်အတူ ပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏

ယနေ့ အမေများနေ့တွင် ချစ်ရတဲ့ မေမေတို့နှင့်အတူ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့အတွက်လည်း 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 မှ နွေးထွေးစွာ ကြိုဆိုလျက် ရှိပါသည်။😇




#နယူးဧရာဟိုတယ် #နေပြည်တော်ဟိုတယ်
#အမေများနေ့

အလုပ်သမားနေ့👷‍♀️💼 ၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့တွင်  ဂုဏ်ယူလေးစားရပါသော အလုပ်သမားထုတစ်ရပ...
01/05/2026

အလုပ်သမားနေ့👷‍♀️💼

၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့တွင် ဂုဏ်ယူလေးစားရပါသော အလုပ်သမားထုတစ်ရပ်လုံး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို တိုးတက်ကောင်းမွန်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြကာ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုတိုင်းတွင် အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။




#နယူးဧရာဟိုတယ် #နေပြည်တော်ဟိုတယ်
#ကမ္ဘာ့အလုပ်သမားနေ့

ကဆုန်လပြည့်နေ့ ဆုတောင်းလွှာ🙏 ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ  သဗ္ဗညုတ မြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံ...
30/04/2026

ကဆုန်လပြည့်နေ့ ဆုတောင်းလွှာ🙏
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ သဗ္ဗညုတ မြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတည်းဟူသော ထူးခြားသည့် မှတ်တိုင်လေးရပ်နှင့် ပြည့်စုံသည့် နေထူးမြတ်ကြီး ဖြစ်ပါသည်။

ယခုလို မွန်မြတ်လှတဲ့ ကဆုန်လပြည့်နေ့တွင် ကမ္ဘာသူ၊ ကမ္ဘာသားများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။




#နယူးဧရာဟိုတယ် #နေပြည်တော်ဟိုတယ် #ဟိုတယ်
#ကဆုန်လပြည့်နေ့

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဆုတောင်းလွှာ🙏မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁) ရက်နေ့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ...
17/04/2026

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဆုတောင်းလွှာ🙏

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁) ရက်နေ့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစကာ ဘေးဘယာများ ဝေးကွာပြီး စိတ်နှလုံးရွှင်လန်း အေးချမ်းကြပါစေကြောင်းး 𝐍𝐞𝐰 𝐀𝐲𝐞 𝐘𝐚𝐫 𝐇𝐨𝐭𝐞𝐥 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။



#နှစ်ဆန်းတစ်ရက်နေ့

Address

No (16-A), V-4 Road, Dakhinathiri Township
Naypyidaw

Telephone

+959446662050

Website

Alerts

Be the first to know and let us send you an email when New Aye Yar Hotel - Nay Pyi Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to New Aye Yar Hotel - Nay Pyi Taw:

Shortcuts

Share

Category