Sunrise Bagan Hotel

Call Directions Website Contact the hotel

Sunrise Bagan Hotel 2022 Welcome Promotions

26/09/2026

မေတ္တာပို့သပါတယ်

"ရှေးဟောင်းစေတီပုထိုးတွေကြား ငြိမ်းချမ်းတဲ့ မနက်ခင်းနေရောင်ခြည်ကို ခံစားဖို့ ပုဂံမြေကို လှမ်းလာခဲ့ပါ" 🌅✨​အညာမြေရဲ့ အလှတရ...
26/09/2026

"ရှေးဟောင်းစေတီပုထိုးတွေကြား ငြိမ်းချမ်းတဲ့ မနက်ခင်းနေရောင်ခြည်ကို ခံစားဖို့ ပုဂံမြေကို လှမ်းလာခဲ့ပါ" 🌅✨
​အညာမြေရဲ့ အလှတရားတွေကို အေးချမ်းစွာ ရှုစားရင်း စိတ်ရောကိုယ်ပါ အပန်းဖြေနိုင်ဖို့ Sunrise Bagan Hotel က နွေးထွေးစွာ ကြိုဆိုနေပါတယ်။
​ညောင်ဦးမြို့ရဲ့ အထင်ကရ သမိုင်းဝင် ဘုရားပုထိုးတွေဆီ အလွယ်တကူ သွားရောက်ဖူးမြော်နိုင်ပြီး မြို့ပြရဲ့ ဆူညံသံတွေကင်းဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးထဲမှာ တည်ရှိတာကြောင့် ခရီးပန်းလာသမျှ အပြည့်အဝ အနားယူနိုင်မှာပါခင်ဗျာ/ရှင့်။

​ 🛑ပါဝင်သော ဝန်ဆောင်မှုများ (Included Services):
​ ⏺ သန့်ရှင်းလတ်ဆတ်တဲ့ နံနက်စာ (Breakfast)
⏺​အခမဲ့ Wi-Fi
⏺ ​ရေပူ/ရေအေး စနစ် (Hot & Cold Shower)
⏺ ​လုံခြုံစိတ်ချရသော ကားပါကင် (Spacious Parking)
⏺ ​ခရီးသွားလက်မှတ် ဝယ်ယူရေး ဝန်ဆောင်မှု (Any Ticket Service)

​📍 လိပ်စာ - အမှတ် (၆)၊ အောင်မြေသာရပ်ကွက် (၂) လမ်း၊ ပုဂံညောင်ဦးလေဆိပ်အနီး၊ ညောင်ဦးမြို့။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ -
061 246 0926 / 09 550 4891 / 09 402 648 243
​ #ပုဂံခရီးစဉ် #ပုဂံဟိုတယ်

25/09/2026
မင်္ဂလာပါ
21/09/2026

မင်္ဂလာပါ

၆ နှစ်နားထားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ပန်းတော် အပျော်စီးခရီးစဉ်တွေ နိုဝင်ဘာမှာ ပြန်စမယ်၊ ခရီးစဉ်တကြောင်း ဒေါ်လာ ၄၆၀၀ ကျော်

စက်တင်ဘာ ၊ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ မြစ်ကြောင်းအပျော်စီးခရီးသွားလုပ်ငန်း စတင်လုပ်ကိုင်ခဲ့တဲ့ ပန်းတော် (Pandaw) ကုမ္ပဏီက ခြောက်နှစ်ခန့် ရပ်နားထားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ခရီးစဉ်တွေကို လာမယ့် နိုဝင်ဘာလမှာ ပြန်လည်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။

ရန်ကုန်ကနေ စတင်ထွက်ခွာပြီး မြစ်ဝကျွန်းပေါ်ဒေသက မြို့ရွာတွေကို လည်ပတ်ကာ ရန်ကုန်ကို ပြန်လည်ရောက်ရှိမယ့် ၁၀ ညအိပ်ခရီးစဉ်အဖြစ် ပြေးဆွဲမှာ ဖြစ်ပါတယ်။ ပထမသင်္ဘောခရီးစဉ်ကို နိုဝင်ဘာမှာ စတင်ပြီး ဒုတိယသင်္ဘောက ဒီဇင်ဘာမှာ ထပ်မံပါဝင်လာမယ်လို့ ကုမ္ပဏီရဲ့ ပြောကြားချက်ကို ကိုးကားထားတဲ့ ခရီးသွားလုပ်ငန်းသတင်းအရ သိရပါတယ်။

ဒီခရီးစဉ်တွေအတွက် RV Kanee Pandaw နဲ့ RV Kha Byoo Pandaw သင်္ဘောနှစ်စီးကို အသုံးပြုမှာဖြစ်ပြီး သင်္ဘောတွေဟာ ဩဂုတ်လအတွင်း ပုဂံကနေ ရန်ကုန်ကို ရောက်ရှိလာကာ သင်္ဘောကျင်းတင် စစ်ဆေးပြုပြင်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ သင်္ဘောနှစ်စီးစလုံး မြစ်ဝကျွန်းပေါ်လမ်းကြောင်းမှာ ပြေးဆွဲဖို့ ခွင့်ပြုချက်ရရှိထားတယ်လို့လည်း ကုမ္ပဏီက ပြောထားပါတယ်။

ကုမ္ပဏီရဲ့ တရားဝင်ခရီးစဉ်အရ ခရီးသည်တွေဟာ ရန်ကုန်မှာ သင်္ဘောပေါ်တက်ရောက်ပြီး ရွှေတိဂုံစေတီ၊ အတွင်းဝန်ရုံးနဲ့ အမျိုးသားပြတိုက်အပါအဝင် မြို့တွင်းနေရာတွေကို လည်ပတ်ကြမှာ ဖြစ်ပါတယ်။ အဲဒီနောက် တွံတေးတူးမြောင်းကနေတစ်ဆင့် ဖျာပုံ၊ ဘိုကလေး၊ မြောင်းမြနဲ့ ပုသိမ်ဘက်ကို သွားရောက်ကာ ဝါးခယ်မ၊ မအူပင်တို့ကို ဖြတ်သန်းပြီး ရန်ကုန်ကို ပြန်လည်ဝင်ရောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ဒေသခံဈေးတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ရိုးရာလက်မှုပညာလုပ်ငန်းတွေနဲ့ မြစ်ကမ်းတစ်လျှောက် လူနေမှုဘဝတွေကို လေ့လာနိုင်ဖို့ ထည့်သွင်းထားပါတယ်။ တွံတေးက အိုးလုပ်ငန်းနဲ့ ပုသိမ်က ရိုးရာထီးလုပ်ငန်းတို့လည်း ခရီးစဉ်မှာ ပါဝင်ပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာ စစ်ဆေးထားတဲ့ တရားဝင်ဝက်ဘ်ဆိုက်အရ ခရီးစဉ်ဈေးနှုန်းကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၆၇၇.၇၅ ကနေ စတင်သတ်မှတ်ထားပါတယ်။ အဲဒီဈေးနှုန်းမှာ အဓိကအစားအစာတွေ၊ ဝင်ကြေးတွေနဲ့ အင်္ဂလိပ်ဘာသာပြော ဧည့်လမ်းညွှန်ဝန်ဆောင်မှုတို့ ပါဝင်ပေမယ့် နိုင်ငံတကာလေယာဉ်လက်မှတ်နဲ့ ဗီဇာကုန်ကျစရိတ်တို့ မပါဝင်ပါဘူး။

ပန်းတော်ဟာ မြန်မာနိုင်ငံမှာ မြစ်ကြောင်းခရီးသွားလုပ်ငန်းကို ၁၉၉၅ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ စကော့တလန်သား သမိုင်းပညာရှင် Paul Strachan က ဇနီးဖြစ်သူ Roser Strachan နဲ့အတူ ဒေသခံသင်္ဘောတွေကို ငှားရမ်းပြုပြင်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အပျော်စီးခရီးစဉ်တွေ စတင်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းစတင်ချိန်မှာ ကိုလိုနီခေတ် မြန်မာနိုင်ငံရဲ့ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့ ဧရာဝတီဖလော်တီလာကုမ္ပဏီ (Irrawaddy Flotilla Company) ရဲ့ အမည်ကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ သမိုင်းဝင် ဧရာဝတီဖလော်တီလာကုမ္ပဏီကို ၁၈၆၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိပန်းတော်ခရီးသွားလုပ်ငန်းရဲ့ စတင်နှစ်ကတော့ ၁၉၉၅ ခုနှစ် ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်မှာ Paul Strachan က စကော့တလန်၊ Clyde မြစ်ဝှမ်းမှာ တည်ဆောက်ခဲ့တဲ့ “ပန်းတော်” အမည်ရှိ ရေနွေးငွေ့သင်္ဘောဟောင်းကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့ပြီး ငှားရမ်းပြန်လည်ပြုပြင်ခဲ့ပါတယ်။ အဲဒီသင်္ဘောရဲ့ အမည်ကို အခြေခံပြီး နောက်ပိုင်းမှာ ပန်းတော်အမှတ်တံဆိပ်နဲ့ လုပ်ငန်းဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။

ပန်းတော်သင်္ဘောတွေကို ကိုလိုနီခေတ်မြစ်ကြောင်းသင်္ဘောပုံစံ အခြေခံထားပြီး ကျွန်းသစ်နဲ့ ကြေးဝါအလှဆင်ပစ္စည်းတွေ အသုံးပြုထားပါတယ်။ ရေစူးနည်းတဲ့ သင်္ဘောငယ်တွေဖြစ်တာကြောင့် သင်္ဘောကြီးတွေ ဝင်ရောက်ဖို့ခက်ခဲတဲ့ မြစ်ချောင်းတွေနဲ့ ဝေးလံတဲ့နေရာတွေကို သွားရောက်နိုင်တယ်လို့ ကုမ္ပဏီက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ စတင်ခဲ့တဲ့ လုပ်ငန်းကို နောက်ပိုင်းမှာ အာရှဒေသတွင်း တိုးချဲ့ခဲ့ပြီး လက်ရှိမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အိန္ဒိယနိုင်ငံတို့မှာလည်း မြစ်ကြောင်းခရီးစဉ်တွေ လုပ်ကိုင်နေပါတယ်။ မဲခေါင်မြစ်၊ ဗီယက်နမ်မြောက်ပိုင်းက မြစ်နီ၊ အိန္ဒိယက ဂင်္ဂါနဲ့ ဗြဟ္မပုတ္တရမြစ်တို့ဟာ ကုမ္ပဏီရဲ့ ခရီးစဉ်လမ်းကြောင်းတွေထဲမှာ ပါဝင်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ခရီးစဉ်ကတော့ ကုမ္ပဏီအတွက် လုံးဝအသစ်ဖြစ်တဲ့ လမ်းကြောင်းမဟုတ်ပါဘူး။ တည်ထောင်သူ Paul Strachan ရဲ့ ၂၀၂၀ ခုနှစ် မှတ်တမ်းအရ မြစ်ဝကျွန်းပေါ်ခရီးစဉ်ကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ၂၀၁၇ ဖေဖော်ဝါရီလထုတ် ဆောင်းပါးမှာလည်း မြစ်ဝကျွန်းပေါ်ဒေသကို လေ့လာမယ့် ခရီးစဉ်အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့် ပန်းတော်ရဲ့ မြန်မာနိုင်ငံတွင်း မြစ်ကြောင်းခရီးစဉ်တွေဟာ ၁၉၉၅ ခုနှစ်က စတင်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ခရီးစဉ်ကတော့ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်ပြေးဆွဲမယ့် ခရီးစဉ်တွေအတွက် ခရီးသည် ၂၀၀ ကျော် ကြိုတင်စာရင်းပေးထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ မူလခရီးစဉ်မှာ ပုသိမ်ကို ထည့်သွင်းထားပေမယ့် ခရီးမထွက်ခင် အခြေအနေကို ပြန်လည်သုံးသပ်ပြီး လိုအပ်ရင် အခြားဆိပ်ကမ်းတစ်ခုနဲ့ အစားထိုးသွားမယ်လို့လည်း ဆိုပါတယ်။ နိုဝင်ဘာမှာ စတင်မယ့် ပြေးဆွဲမှုဟာ လက်ရှိအချိန်အထိ ကုမ္ပဏီက ကြေညာထားတဲ့ အစီအစဉ်အဆင့်မှာပဲ ရှိနေပါတယ်။

#ပန်းတော် #ဧရာဝတီမြစ်ဝကျွန်းပေါ် #အပျော်စီးသင်္ဘော #ခရီးသွားလုပ်ငန်း

ပုဂံရွှေပြည်
27/08/2026

ပုဂံရွှေပြည်

20/04/2026

သာယာလှပသောပုဂံ

14/04/2026

💦 မဟာပုဂံ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဓါတ်ပုံပြိုင်ပွဲ 💦

📸✨ မဟာသီယံ ရိုးရာထိမ်းသိမ်းမှုအဖွဲ့မှ ကြီးမှုးကျင်းပသော ပုဂံမဟာသင်္ကြန်ဓါတ်ပုံပြိုင်ပွဲကို ဖိတ်ခေါ်အပ်ပါတယ်။

မည်သည့်ကင်မရာ၊ ဖုန်း အမျိုးအစားဖြင့်မဆို
ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
📅 မဟာသင်္ကြန်အကြိုနေ့မှ မဟာသင်္ကြန်အတက်နေ့
ည(၇)နာရီအထိ
🖼️ ပြိုင်ပွဲဝင်ဓါတ်ပုံများကို (၅)ပုံအထိ ပေးပို့နိုင်ပါသည်။
⏰ သတ်မှတ်ချိန်ကျော်လွန်သော ပုံများကို
ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
🏆 ဆုများကို နှစ်ဆန်း(၁)ရက်နေ့ မနက်(၉)နာရီတွင်
Page ကနေ ကြေညာပေးသွားမှာဖြစ်ပါတယ်။
📌 ဆုရရှိသောပုံများ မူရင်းပုံတင်ပြနိုင်ရပါမည်။
🚫 Edit အလွန်အကျွံ ပြုလုပ်ခြင်း မပြုရပါ။

🎁 ပေးအပ်မည့် ဆုများ
🥇 ပထမဆု – ဆုလက်ဆောင် + ၅သိန်းကျပ်
🥈 ဒုတိယဆု – ဆုလက်ဆောင် + ၃သိန်းကျပ်
🥉 တတိယဆု – ဆုလက်ဆောင် + ၂သိန်းကျပ်
👍 Like အများဆုံးဆု – ၁၅၀၀၀၀ ကျပ်
🔁 Share အများဆုံးဆု – ၁၅၀၀၀၀ ကျပ်

🎉 ဆု(၅)ဆုလုံးကို မဟာသီယံ ရိုးရာထိန်းသိမ်းမှုအဖွဲ့မှ
ချီးမြှင့်ပေးမည်ဖြစ်ပါသည်။

📍 ပြိုင်ပွဲဝင်နိုင်သော နေရာများ
🚶‍♂️ လမ်းလျှောက်သင်္ကြန်ကျင်းပရာ
➡️ သရပါတံခါးမှ ဗူးဘုရားလမ်းတစ်လျှောက်
(ပုဂံမြို့ဟောင်း) ပုံများသာ ဖြစ်ပါသည်။

🌿 ပုဂံမဟာသင်္ကြန်၏ ဆောင်ပုဒ်
“သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး
ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိမ်းသိမ်းစို့”

💛 မဟာအတာသည် ပျော်ရွှင်ရုံသက်သက်
သင်္ကြန်ပွဲမဟုတ်၊ ပုဂံ၏စစ်မှန်သော ရိုးရာဓလေ့များကို
ပြန်လည်ဖော်ထုတ်ရင်း ရှေးဟောင်းအမွေအနှစ်များကို
ကာကွယ့်မည့် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။

ပါဝင်မည့် ရိုးရာလှုပ်ရှားမှုများ 👉

🌼 သနပ်ခါးသွေးပွဲ
🐂 နွားလှည်းယဉ်တန်း လှည့်လည်ခြင်း
💧 ဧရာဝတီမြစ်မှ အတာရေခပ်ယူပွဲ
💆‍♀️ ခေါင်းဆေးမင်္ဂလာပွဲ

🍛 စတုဒီသာအကျွေးအမွေးများဖြင့်လည်း
ဧည့်ခံပေးမည်ဖြစ်ပါသည်။

💌 ပုဂံကိုချစ်မြတ်နိုးသူများအားလုံး
🚶‍♀️ မဟာအတာလမ်းလျှောက်သင်္ကြန်ကို ဆင်နွဲပျော်ရွှင်ရင်း
📸 ပြိုင်ပွဲဝင်ဓါတ်ပုံများ ပေးပို့ကြရန် ဖိတ်ခေါ်အပ်ပါသည်။

📥 ဓါတ်ပုံများကို
👉 မဟာသီယံ X r2r page သို့ ပေးပို့ယှဉ်ပြိုင်ရပါမည်။

Page Link https://www.facebook.com/share/1ZbpCgYxNC/?mibextid=wwXIfr

#မြန်မာရိုးရာအတာသင်္ကြန်ပွဲတော် 💦
#မဟာသီယံmaharthian 🌸
#ပုဂံရှေးဟောင်းယဉ်ကျေးမှုလမ်းလျှောက်သင်္ကြန် 🏛️

Address

Nyaungoo
11101

Alerts

Be the first to know and let us send you an email when Sunrise Bagan Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to Sunrise Bagan Hotel:

Shortcuts

Share

Category