KMA Pinlaung Hotel

KMA Pinlaung Hotel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMA Pinlaung Hotel, Hotel, KMA Pinlaung Hotel, 5RR8+77, မြန်မာ, Pinlaung.

အသိပေးအကြောင်းကြားခြင်း 📣လေးစားရပါသော ဧည့်သည်တော်များရှင့်🙇‍♀️ယခုလတ်တလောတွင် အွန်လိုင်းငွေလိမ်လည်မှုများနှင့် အကောင့်တုမ...
05/06/2026

အသိပေးအကြောင်းကြားခြင်း 📣

လေးစားရပါသော ဧည့်သည်တော်များရှင့်🙇‍♀️

ယခုလတ်တလောတွင် အွန်လိုင်းငွေလိမ်လည်မှုများနှင့် အကောင့်တုများဖြင့် ငွေကြေးတောင်းခံခြင်းများဖြစ်ပေါ်နေပါသဖြင့် ဧည့်သည်တော်များ စိတ်အနှောင့်အယှက်မဖြစ်စေရန် ဘိုကင်တင်ခြင်းနှင့်Deposit
လွှဲပြောင်းခြင်းများအတွက် KMA Hotels Group ဟိုတယ်များ၏ တရားဝင် page ၊ Messenger များနှင့် Hotline Viber Numbers များကိုသာ ဆက်သွယ်ပါရန်နှင့် တရားဝင်နံပါတ်မဟုတ်သော ဖုန်းများဖြင့်ဆက်သွယ်ပါက ငွေလွှဲခြင်းမပြုပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်ရှင်🙇‍♀️

Book your unforgettable family & Friend holiday today & touch the SKY with us !😊မြူနှင်းတွေဝေနေတဲ့ ရှမ်းတောင်တန်းတွေ⛰️အေ...
02/06/2026

Book your unforgettable family & Friend holiday today & touch the SKY with us !😊

မြူနှင်းတွေဝေနေတဲ့ ရှမ်းတောင်တန်းတွေ⛰️

အေးမြတဲ့တောင်ပေါ်လေညင်းနဲ့ အတူ ရိှနေတဲ့ ထင်းရှူးပင်တန်းတွေ🌲🌧️
စိမ်းစိုညှို့မှိုင်းတောင်တန်းကြီးတွေဝန်းရံထားတဲ့
KMA Pin Laung Resort🏠လေး
သဘာဝတရားရဲ့ အလှပဆုံး မိုးရာသီဥတုကို မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းဖို့ အကောင်းဆုံးနေရာတစ်ခုပါ…..✨

Hotelရဲ့ ကျယ်ဝန်းပြီး ဝန်ဆောင့်မှု့ ပြီးပြည့်စုံတဲ့ Suite အခန်းတွေမှာ မိသားစုများ လွတ်လပ်ပေါ့ပါးမှုမျိုး ရရှိစေဖို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်🌸✨🌸

• အလွန်ကျယ်ဝန်းအိပ်ခန်း၊ ဧည့်ခန်း တ်ု့ကလည်း သက်တောင့်သက်သာရှိသလို….🏠 သီးသန့်ဝရံတာ (Large Private Balcony) ကနေလဲ မြူနှင်းတိမ်တိုက်တွေနဲ့ အတူ တောင်တန်းအလှ view တွေကိုလဲရင်သပ်ရှူမောစွာနေ့နေ့ညည ခံစားနိူင်ပါတယ် 🌲 kitchen ငယ် လေးပါဝင် လို့ကိုယ်တိုင် snacks အစားအစာတွေ ဒါမှမဟုတ် မနက်ခင်း tea coffee နဲ့ သောက်နိုင်ဖို့ အသုံးအဆောင်တွေ ကိုလည်း စုံစုံလင်လင် ထည့်သွင်းပေးထားပါတယ်✨

ဒီလိုပြီးပြည့်စုံအောင်ပြင်ဆင်ထားပြီး၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှူ့ တွေနဲ့အတူ KMA Pin Laung ရဲ့ signature လို့တင်စားလို့ရဲ့ Suite ခန်းကျယ်ကြီးမှာအပန်းဖြေ အနားယူပြီး အမှတ်တစ်ရ ဖြစ်စေမည့် သဘာဝတောတောင်အလှအပတွေကို ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါရစေ✨

For Bookings and More Infos,
📞Hotel Hotline:09 894 99 44 55, 09 894 99 55 44
📞Sales Hotline: 09 44 55 66 036
📞Social Media Hotline: 09 44 55 66 037
🏠Address:Htar Ngo Village,Pinlaung Township,Southern Shan State

မင်္ဂလာရှိသောမနက်ခင်းလေးပါ🙏🏼😊ဟိုတယ်ဂါးဒင်းလေးကနေ တောင်ပေါ်နေထွက်ချိန်အလှကိုကြည့်ရင်း တစ်နေ့တာအတွက် စွမ်းအင်တွေ အပြည့်အဝဖ...
01/06/2026

မင်္ဂလာရှိသောမနက်ခင်းလေးပါ🙏🏼😊

ဟိုတယ်ဂါးဒင်းလေးကနေ တောင်ပေါ်နေထွက်ချိန်အလှကိုကြည့်ရင်း တစ်နေ့တာအတွက် စွမ်းအင်တွေ အပြည့်အဝဖြည့်လိုက်ပါ။ ဒေသရိုးရာနံနက်စာကို အရသာရှိစွာမြိန်ယှက်စွာ သုံးဆောင်ပါ။

မနက်ခင်းပိုင်း ဟိုတယ်အနီးအနားမှာ ရှိတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်းစေပြီး အမောပြေစေသည့် Soft Adventure Trip လေးများကိုလမ်းလျောက်လေ့လာပြီးသဘာဝအလှတရားများကိုအပြည့်အဝခံစားကြည့်ပါ။

ဘဝမှာ ဒီလိုလှပတဲ့အမှတ်တရမျိုးတွေကို လက်လွှတ်မခံသင့်ပါဘူးရှင် ။ ဒါဟာ ရိုးရိုးခရီးစဉ်တစ်ခုတင်မဟုတ်ဘဲ သင့်ရဲ့ကျန်းမာပျော်ရွှင်မှုအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလို့လဲပြောနိုင်ပါတယ်ရှင့်😊☺️😘

စိတ်အေးချမ်းမှုနဲ့ ခွန်အားတွေလိုအပ်တိုင်း KMA Pin Laung Hotel မကြာခဏအနားယူ အပန်းဖြေဖို့ ဖိတ်ခေါ်ပါရစေရှင်🙏🏼

adventuretravel
For more information : 09 445566036/ 09 894 99 4455 / 09 894 99 5544
ထာငိုရွာ၊ ပင်လောင်းမြို့/ ရှမ်းတောင်

ရှမ်းပြည်တောင်တန်းတွေဆီ ဦးတည်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ လေထုက ချက်ချင်းပြောင်းလဲသွားပါလိမ့်မယ်ရှင်…မိုးဖွဲ...
31/05/2026

ရှမ်းပြည်တောင်တန်းတွေဆီ ဦးတည်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ လေထုက ချက်ချင်းပြောင်းလဲသွားပါလိမ့်မယ်ရှင်…မိုးဖွဲဖွဲလေးရွာထားတဲ့ မြေသင်းရနံ့ နဲ့အတူ…ထင်းရှူးနံ့သင်းပျံ့တဲ့ သန့်ရှင်းအေးမြတဲ့ လေညင်းက ချစ်မိတ်ဆွေတို့ကို ကြိုဆိုနေမှာ အမှန်ပါဘဲရှင် 🌲🌧️….

လှပတဲ့ လမ်းခရီးစဉ်တစ်လျောက် လတ်ဆတ်သန့်ရှင်းတဲ့ လေပြေလေညင်း လေး ကို ရှူရှိုက် ရင်း..ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းတလျှောက် စိမ်းစိုနေတဲ့ တောင်လှေကားစိုက်ခင်းတွေ…သစ်ပင်ကြီးတွေ၊ ဝါးတောတွေနဲ့ ကျယ်ပြောလှတဲ့ လျှိုမြောင်တွေကို ဖြတ်သန်းရတာလဲ ..စိတ်လှုပ်ရှားကြည်နူးစရာပါရှင် 💕😊

တောင်တန်းတွေထိပ်တွေမှာ ရစ်ဆိုင်းနေတဲ့ မြူခိုးဖြူလွလွ လေးတွေကို မြင်တွေ့ရတာ သဘာဝပန်းချီကား တစ်ချပ်ထဲရောက်သွားသလို , ခံစားရမှာပါရှင်….🌸🌲🏞️

ခရီးစဉ်တစ်ခုလုံးပြီးပြည့်စုံဖို့ဆိုရင်…KMA Pin Laung Hotel ရဲ့ Monsoon Promotion ကိုသာ အမြန်ဆုံး Enjoy လုပ်လိုက်ပါနော် 😍🙏🏼

KMA Pin Laung Hotel
ထာငိုရွာ၊ ပင်လောင်းမြို့
For More information # 09 44 55 66 036/
09 894 994 455/ 09 894 995 544

🏞️တောင်တန်းပြာပြာကြီးကိုရစ်ပတ်နေတဲ့ မြူခိုးဖြူလွလွလေးတွေ ကြားမှာ ကောင်းကင်ပြာကြီး ကိုတစ်ဝကြီးကြည့်လိုပါသလား??🌧️🌧️ဖွဖွလေး...
30/05/2026

🏞️တောင်တန်းပြာပြာကြီးကိုရစ်ပတ်နေတဲ့ မြူခိုးဖြူလွလွလေးတွေ ကြားမှာ ကောင်းကင်ပြာကြီး ကိုတစ်ဝကြီးကြည့်လိုပါသလား??

🌧️🌧️ဖွဖွလေးရွာနေတဲ့ မိုးစက်မိုးပေါက်လေးတွေရဲ့ စည်းချက်ညီညီအသံလေးတွေနဲ့အတူ မနက်ခင်းကို အေးအေးချမ်းချမ်း နိုးထလာရမယ့် ခံစားချက်ကို ရလိုပါသလား ????

🌸💐🌷အေးမြနေတဲ့ မိုးသက်လေနုအေးအေးလေးတွေတိုက်ခတ်လာနေတဲ့ကြားက ..ပွင့်လန်းနေတဲ့ တောင်ပေါ်ရာသီပန်းလေးတွေရဲ့ မွှေးရနံ့ နဲ့မြေသင်းရနံ့လေးကိုနမ်းရှိုက်လိုပါသလား???

အခုလို မိုးရာသီလေးကို ပင်လောင်း ရဲ့ ထာငိုတောင်ထိပ်မှာ တည်ရှိတဲ့ KMA Pin Laung Hotel ကနေ ထူးခြားလှပတဲ့ ခံစားချက်မျိုးနဲ့အတူ ချစ်မိတ်ဆွေကိုယ်တိုင် တခဏတာ အနားယူအပန်း ဖြေခွင့်ပေးလိုက်ပါနော် 😊😊😘…..

for monsoon promotion welcome #

Eid Mubarak🌙ယနေ့ကျရောက်တဲ့ အီးဒ် အလ်-အဿွာဟာ (Eid al-Adha) နေ့မြတ်မှာ အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမများအားလုံး စိတ်နှ...
28/05/2026

Eid Mubarak🌙

ယနေ့ကျရောက်တဲ့ အီးဒ် အလ်-အဿွာဟာ (Eid al-Adha) နေ့မြတ်မှာ အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမများအားလုံး စိတ်နှလုံး အေးချမ်းသာယာရှိကြပါစေကြောင်း ကျွန်မတို့ KMA Pinlaung Hotel မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

🌧️ မိုးရာသီရဲ့ အလှတရားတွေကို ငြိမ်းချမ်းစွာ ခံစားဖို့ KMA Pinlaung Hotel သို့ လှမ်းခဲ့ပါနော် ✨ပင်လောင်းမြို့ရဲ့ စိမ်းစို...
22/05/2026

🌧️ မိုးရာသီရဲ့ အလှတရားတွေကို ငြိမ်းချမ်းစွာ ခံစားဖို့ KMA Pinlaung Hotel သို့ လှမ်းခဲ့ပါနော် ✨

ပင်လောင်းမြို့ရဲ့ စိမ်းစိုနေတဲ့ တောင်တန်းအလှတွေနဲ့အတူ အေးမြတဲ့ မိုးရာသီရက်စွဲများကို အပန်းဖြေ ဖြတ်သန်းချင်သူတွေအတွက်
KMA Pinlaung Hotel မှ "Monsoon Promotion" 🎉

KMA Pinlaung Hotel ရဲ့ စိတ်အပန်းပြေစေမယ့် Deluxe Room များနဲ့ဧည့်သည်တော်များအတွက်
အနားယူမှုကို Premium ဆန်ဆန် ပိုမိုပြည့်စုံစေမယ့် Suite Room များကို Walk-In Rate ရဲ့ 20% OFF အထူးလျှော့စျေး နဲ့ တည်းခိုနိုင်မှာ ဖြစ်ပါတယ်! 🤩✨

မိုးစက်မိုးပေါက်တွေကြားထဲ ပင်လောင်းရဲ့ သဘာဝအလှတရားကို ခံစားရင်း ပူပူနွေးနွေး ကော်ဖီတစ်ခွက်နဲ့ အေးအေးချမ်းချမ်း အနားယူဖို့ အခုပဲ Booking ယူလိုက်ရအောင်နော် ☕⛰️

⌛Promotion Period – Till 30th September 2026
📞: Hotel Hotline – 09 894 99 55 44 ,
09 894 99 44 55
📞: Sales Hotline – 09 44 55 66 036
📞Social Media Hotline – 09 44 55 66 037
🏠Location : Htar Ngo Village, Pinlaung Township, Southern Shan State, Myanmar

Check our Instagram - https://instagram.com/kmahotels?igshid=NTc4MTIwNjQ2YQ==
Join our Viber Channel - https://tinyurl.com/56wj3dxx
Join our Telegram Channel - https://t.me/kmahotels
Visit our Website - www.kmahotels.com.mm

05/05/2026

Warmly welcome to KMA Pinlaung Hotel🙏🙏

ယနေ့မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ “အလုပ်သမားနေ့” ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကာယ၊...
01/05/2026

ယနေ့မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ “အလုပ်သမားနေ့” ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကာယ၊ ဥာဏ လုပ်သားပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း KMA Hotels Group မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🙏🏻✨

ကဆုန်လပြည့် ဗုဒ္ဓနေ့ထူးတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေကြောင်း KMA Pinlaung Hotel မှ ဆုမွန်ကောင်းတောင်းအပ်ပါသ...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ထူးတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေကြောင်း KMA Pinlaung Hotel မှ ဆုမွန်ကောင်းတောင်းအပ်ပါသည််။
Pinlaung Hotel

Address

KMA Pinlaung Hotel, 5RR8+77, မြန်မာ
Pinlaung

Telephone

+959445566036

Website

Alerts

Be the first to know and let us send you an email when KMA Pinlaung Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to KMA Pinlaung Hotel:

Share