23/07/2026
နိုင်ငံခြားသားဧည့်သည်၏ ပျောက်ဆုံးပိုက်ဆံအိတ်ကို ပြန်ပေးနိုင်ခဲ့💛💛
၂၁ ရက်နေ့ ညပိုင်းက လုံခြုံရေးဝန်ထမ်း Round check ပတ်ချိန်တွင် Lobby Toilet ထဲမှ ပိုက်ဆံအိတ်တစ်လုံး တွေ့ရှိခဲ့သဖြင့် Reception တွင် အပ်ထားခဲ့ပါတယ်။
မနက်ပိုင်းတွင် Room 213 မှ ဧည့်သည်လာရောက်၍ ညက လာတွေ့သော သူ၏သူငယ်ချင်း (နိုင်ငံခြားသား) ပိုက်ဆံအိတ် ကျန်ရစ်ပျောက်ဆုံးခဲ့ကြောင်း ပြောကြားလာပါတယ်။ ထို့ကြောင့် ပိုက်ဆံအိတ်ပါ လိုင်စင်ကတ်မှ အမည်နှင့် နံပါတ်ကို တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ကိုက်ညီသဖြင့် ပိုက်ဆံအိတ်ကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်ရှင်။
#ကခဂကပှခဂကခr