စက်မှုဒေါ်ညို ငါးခူမုန့်ဟင်းခါး

  • Home
  • Myanmar
  • Yangon
  • စက်မှုဒေါ်ညို ငါးခူမုန့်ဟင်းခါး
Call Directions

စက်မှုဒေါ်ညို ငါးခူမုန့်ဟင်းခါး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စက်မှုဒေါ်ညို ငါးခူမုန့်ဟင်းခါး, Yangon.

07/10/2026

၇.၁၀.၂၀၂၆(ဗုဒ္ဓဟူးနေ့)
စက်မှူဒေါ်ညို ငါးခူမုန့်ဟင်းခါးဆိုင်ပြန်ဖွင့်ပါပီရှင်🙏🙏🙏

အမျိုးတို့ရေ ...ပြန်လာပါပြီ..မနက်ဖြန် စက်မှုဒေါ်ညို ၂ ဆိုင်လုံး ပြန်ဖွင့်ပါပြီရှင်...ပြန်မဖွင့်သေးဘူးလား လာလာဂျီကျကြတဲ့ ...
06/10/2026

အမျိုးတို့ရေ ...ပြန်လာပါပြီ..မနက်ဖြန် စက်မှုဒေါ်ညို ၂ ဆိုင်လုံး ပြန်ဖွင့်ပါပြီရှင်...

ပြန်မဖွင့်သေးဘူးလား လာလာဂျီကျကြတဲ့ ကျွန်မရဲ့ အမာခံတွေအတွက်...

မနက်ဖြန် မေတ္တာညွန့်ဆိုင်ရော ၊ သုဝဏ္ဏ ILBC ရှေ့က ဆိုင်မှာရော ခါတိုင်းထက် မုန့်ပွဲတွေ ပိုပြင်ထားပါမယ်ရှငိ။

ငါးခူ မုန့်ဟင်းခါး၊ အသုပ်စုံ၊ နန်းကြီး၊ နန်းပြား၊ ရွှေတောင် နဲ့ အုန်းနို့ခေါက်ဆွဲ အကုန်ရစေရပါမယ်။

ကဲ...မနက်ဖြန် ၆ခွဲ- ၇ ဆိုတာနဲ့ လာခဲ့တော့။

၃ ရက် ဆိုင်ပိတ်လို့ မစားရတဲ့အရသာကို ပြန်ပြီးအတ်ိုးချ ရှယ်ပလန်နဲ့ ကောင်းကောင်းစားရမယ်နော်😉

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

🚍ငွေဆောင်ခရီးစဥ်ပျော်ရွှင်ခဲ့ရတဲ့အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်ရှင်🏝
06/10/2026

🚍ငွေဆောင်ခရီးစဥ်ပျော်ရွှင်ခဲ့ရတဲ့အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်ရှင်🏝

Hello...အမျိုးတို့ရေ ကြို သတင်းပေးပါရစေနော်...မုန့်ဟင်းခါး အနှစ်ထုပ်တွေ ကြိုမှာထားရအောင်လို့ပါ...ကျွန်မရဲ့ စက်မှုဒေါ်ညို...
29/09/2026

Hello...အမျိုးတို့ရေ ကြို သတင်းပေးပါရစေနော်...မုန့်ဟင်းခါး အနှစ်ထုပ်တွေ ကြိုမှာထားရအောင်လို့ပါ...

ကျွန်မရဲ့ စက်မှုဒေါ်ညိုဆိုင်က ဝန်ထမ်း ညီမလေးတွေကို အနားပေးချင်လို့...

အောက်တ်ိုဘာလ 3 ရက် (စနေနေ့) ကနေ 6 ရက် (အင်္ဂါနေ့) ထိ စက်မှုဒေါ်ညို 2 ဆိုင်လုံး ခဏလေး ပိတ်ပါရစေနော်။

ခရီးလေးသွား၊ စိတ်လေး လန်းဆန်းပြီး ပျော်လာကြရင် အလုပ်ခွင်မှာ ပိုတက်ကြွပျော်ရွှင်ကြမယ့် ညီမလေးတွေအဖြစ် မြင်စေချင်လို့ပါ။

ဒါမို့ ပိတ်ရက် အတွင်း Delivery တွေရပ်နားထားမှာမို့ 3 ရက်နေ့ထိ မတိုင်ခင် မုန့်ဟင်းခါးအနှစ်ထုပ်တွေ ကြိုမှာထားကြနော်။

စောစောမှာရင် စောစော ပို့ထားလို့ရပါတယ်။

အောက်တိုဘာ 7 ရက် (ဗုဒ္ဓဟူးနေ့) မှာ 2 ဆိုင်လုံးပြန်ဖွင့်ပါမယ်နော်။😇

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

စက်မှုဒေါ်ညိုမှာ မနက်စာ လာစားရင်း အချိုပွဲကိုပါ လုဝယ်နေရပြီတဲ့...မကောင်းရင် လုံးဝ မရောင်းတဲ့ ထိပ်တန်းအရသာ "ရတနာလေးသွယ်" ...
28/09/2026

စက်မှုဒေါ်ညိုမှာ မနက်စာ လာစားရင်း အချိုပွဲကိုပါ လုဝယ်နေရပြီတဲ့...

မကောင်းရင် လုံးဝ မရောင်းတဲ့ ထိပ်တန်းအရသာ "ရတနာလေးသွယ်" အချိုပွဲ ဘူးလေးတွေက တနေ့ကို ဘူး ၅၀ လောက်ပဲ ရောင်းနိုင်ပါတယ်ရှင်။

ဒါတောင် ကိုယ်စားဖို့ ဖယ်ထားတဲ့ဘူးပါ ရောင်းပေးလိုက်ရတာ ခဏ ခဏပဲ။

တစ်ဘူးမှ ၁၂,၀၀၀ တည်းနဲ့ ရန်ကုန်မှာ ထိပ်တန်းအရသာ ချိုအီဆိမ့်ခဲနေတဲ့ မြန်မာမုန့် ပရီမီယံကွာလတီကို စားရမှာပါ။

စက်မှုဒေါ်ညို၂ ဆိုင်လုံးမှာ မနက်စာစားတဲ့အခါ ဒီဘူးတွေ့တဲ့အချိန် ဝယ်သာဝယ်သွား မမှားစေရဘူး။

စားပြီးရင် နောက်နေ့ ၄-၅ ဘူး လာပြန်မှာတဲ့သူတွေချည်းပဲရှင်😋😋

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

စက်တင်ဘာ ၂၅-၂၆-၂၇ (သောကြာ၊ စနေ၊ တနင်္ဂနွေ) သုံးရက်တာကို ILBC ဆိုင်လေး ပိတ်ပါမယ်ရှင်...မေတ္တာညွန့်ဆိုင်လေး ဖွင့်ပြီး စားလ...
24/09/2026

စက်တင်ဘာ ၂၅-၂၆-၂၇ (သောကြာ၊ စနေ၊ တနင်္ဂနွေ) သုံးရက်တာကို ILBC ဆိုင်လေး ပိတ်ပါမယ်ရှင်...

မေတ္တာညွန့်ဆိုင်လေး ဖွင့်ပြီး စားလိုသမျှ အကုန်ရပါမယ်နော်။

မနက်စာ မုန့်ဟင်းခါး၊ အုန်းနို့ရွှေတောင်၊အသုပ်စုံတွေစားပြီးတဲ့အခါ...

နာမည်ကြီးနေတဲ့ "ရတနာ လေးသွယ်" အချိုပွဲလေးတွေပါ ရပါမယ်ရှင်။ အဲ့အချိုပွဲက စောစောကုန်တတ်လို့ စောလာကြနော် 😍

ILBC ဆိုင်လေးကိုတော့ တင်္နလာပြန်ဖွင့်မယ်နော်။

မေတ္တာညွန့်ဆိုင်လေးမှာ မုန့်အစုံရမှာမို့ နေ့တိုင်းလာစားနော်။🥳

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

စက်မှု ဒေါ်ညို မှာရောင်းရင် သူများ ရောင်းတာထက် ၂ ပွဲစာ...အသားကလည်း ၂ ဆ...ပုံတွေကိုပဲကြည့်.... တပွဲ တပွဲကို အပြည့်အလျှံ ဗ...
21/09/2026

စက်မှု ဒေါ်ညို မှာရောင်းရင် သူများ ရောင်းတာထက် ၂ ပွဲစာ...အသားကလည်း ၂ ဆ...

ပုံတွေကိုပဲကြည့်.... တပွဲ တပွဲကို အပြည့်အလျှံ ဗိုက်အဝစားရမယ့် မနက်စာ ကိုမှ ရောင်းတာပါ။

ခုဆို မုန့်ဟင်းခါး၊ ရွှေတောင်၊ အူန်းန်ို့၊ အသုပ်တွေ စားရင်း မြန်မာမုန့် အချိုပွဲလေးတွေပါ ဝယ်လို့ရပြီနော်။

ရတနာ ၄ သွယ် အချိုပွဲကို တစ်ဘူး ၁၂,၀၀၀ ကျပ်နဲ့ နေ့တိုင်းရောင်းပေးနေပါတယ်ရှင်။

မေတ္တာညွန့်ဆိုင်ရော ၊ ILBC ရှေ့ရော ရပါမယ်နော်။

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

ကျွန်မကလေ တဦးမေတ္တာ တဦးစေတနာဆိုတာကို အရမ်း ယုံတာသိလား?နာမည်လေး တခုရနေတဲ့ ကျွန်မ "စက်မှုဒေါ်ညို" လေးအောက်မှာ တခြားအမျိုးသ...
15/09/2026

ကျွန်မကလေ တဦးမေတ္တာ တဦးစေတနာဆိုတာကို အရမ်း ယုံတာသိလား?

နာမည်လေး တခုရနေတဲ့ ကျွန်မ "စက်မှုဒေါ်ညို" လေးအောက်မှာ တခြားအမျိုးသမီးလေး တယောက်ရဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေကို သူ့လက်ရာ သူ့ဝါသနာ နဲ့ သူ့အရည်အသွေးကို ယုံကြည်ပြီး...

သူ့လက်ရာ မြန်မာမုန့်လေးတွေကို ၄ မျိုး assorted ဘူးလေးတွေနဲ့

စေတနာအပြည့်နဲ့ တင်ရောင်းဖို့ စီစဉ်ပေးခဲ့တာ...

စေတနာအကျ်ိုးပေးက တကယ် သိသာလိုက်တာ...

ခု စတင်တင်ချင်းမနေ့က ပထမရက်မှာတင် ၁၆ ဘူး တစ်နာရီမကြာ အကုန်ပြောင်။

ခုဒုတိယရက် ၂၆ ဘူး က နာရီဝက်တောင် မကြာ လုဝယ်ကြ အားပေးကြတာ အကုန်ကုန်ရုံတင်မက...

ကြိုက်လွန်းလို့ အော်ဒါ ၁၀ ဘူး၊ ၅ဘူးတွေ တင်သွားကြတာ မနက်ဖြန် ဘူးရေ ၆၀ ကျော်ကို ၂ ဆိုင်ခွဲရောင်းရမယ်။

မုန့်လုပ်တဲ့ ညီမလေးမှာ ဝမ်းသာမျက်ရည်ဝဲလို့...

ကျွန်မလည်း သူ့လက်ရာလေးကို လူတွေသိအောင် ကျွန်မ တံဆိပ်လေးအောက်မှာ ဖြန့်ပေးရတာ ပီတိတွေ ခံစားရလိုက်တာရှင်။

စက်မှုဒေါ်ညို က ရောင်းရင် ကောင်းမှာပဲလို့ 100% အပြည့် ယုံကြည်ပေးကြတဲ့ ကျွန်မရဲ့ အားပေးသူ ထမင်းရှင် ကာစတန်မာများ အားပေးတဲ့ မုန့်လေး တဘူးဟာ...

ကြိုးစားနေလျက် အခွင့်မသာတဲ့အမျိုးသမီးလေး တယောက်ရဲ့ ဝါသနာ နဲ့ အဆင်ပြေရေး လမ်းကြောင်းလေးတခုပါ။ အားလုံး ဝမ်းသာရအောင် ပြောပြတာပါရှင်။

မနက်ဖြန် မေတ္တာညွန့်ဆိုင်မှာရော ILBC ရှေ့မှာရော ရတနာ ၄ သွယ် အချိုပွဲ ဘူး ၃၀ စီ ရပါမယ်ရှင်။

အရင် ၂ ရက်နဲ့ မတူတဲ့ အရသာသစ် ၂ မျိုးပါလာပါမယ်။

၂၅ ဘူးစီက - ရွှေကန်စွန်းဥပြင် ၊ အာလူးဆနွင်းမကင်း၊ ပူတင်းရွှေကြည်နဲ့ အုန်းနို့သာကူပြင် လေးမျိုးတွဲ ဖြစ်မှာဖြစ်ပြီး

ကျန် ၅ ဘူးစီက ရှယ်ငှက်ပျောပေါင်း ရပါမယ်ရှင်။

တဆိုင် ဘူး ၃၀ စီနဲ့ ဘူး ၆၀ စာ ထုတ်ထားပါမယ်။

ဒါကုန်ပြီး ထပ်မှာချင်ရင် နောက်ရက် ဘူးရေထပ်တိုးပေးပါမယ်နော်။

ပုံထဲကလို အလှုတွေအတွက်၊ အိမ်မှာစားဖို့ လက်ဆောင်ပေးဖို့ ဗန်းလိုက်ကြီးမှာချငိလည်းရပါမယ်ရှင်။

စက်မှုဒေါ်ညိုရဲ့ မုန့်ဟင်းခါး၊အုန်းနို့၊ ရွှေတောင် လာစားရင်း ဒီအချိုပွဲလေးတွေပါ သုံးဆောင်ပါနော်။

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

ဒီရက်ပိုင်းရာသီဥတု မိုးများတော့ ဆိုင်က ဝန်ထမ်းညီမလေးတွေ ဖျားနာကြနဲ့ ခွင့်ယူကြရပါတယ်...ကျွန်မ ဆိုင်လေးက အမျိုးသမီးလေးတွေ ...
14/09/2026

ဒီရက်ပိုင်းရာသီဥတု မိုးများတော့ ဆိုင်က ဝန်ထမ်းညီမလေးတွေ ဖျားနာကြနဲ့ ခွင့်ယူကြရပါတယ်...

ကျွန်မ ဆိုင်လေးက အမျိုးသမီးလေးတွေ အများစုနဲ့ ဦးစီးနေတာပါ။

ဝန်ထမ်းကောင်းရှားတဲ့ခေတ်မှာ မနက်အစောကြီးထ ပင်ပန်းခံပြီး မုန့်ဟင်းခါးအနှစ်ထုပ် အတွက်ရော မုန့်ရောင်းဖို့ပါ ကြိုးစားကြတဲ့ ညီမလေးတွေမို့...

သူတို့ ဖျားနာတဲ့အခါ ကိုယ်ကလည်း အနားပေးရပါတယ်။

ဝန်ထမ်းကလည်း တယောက်ဆို တယောက်နားရင် ဆိုင်မှာ အရမ်းသိသာတာမို့ ဒီရက်ပိုင်း တာဝန်လစ်ဟင်းတာ အော်ဒါလေးများကြာတာရှိမိရင် ကျွန်မ အနူးညွတ်တောင်းပန်ပါရစေနော်။

မေတ္တာရှေ့ထား နားလည်ပေးဖို့ ထမင်းရှင် ကာစတန်မာတွေကို မေတ္တာရပ်ခံပါရစေနော်။

ကျွန်မလည်း သူတိူ့ကို နေပြန်ကောင်းအောင် အထူးဂရုစိုက်နေပါတယ်။

လူအင်အားနည်းလို့ လိုအပ်တာလေးများရှိရင် ကျွန်မက ကိုယ်စား မေတ္တာရပ်ခံကြိုတောင်းပန်ထားပါရစေနော်❤️🥹🙏

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

ညကပဲ ကြော်ငြာတယ်...ဒီမနက် ၁၆ ဘူးလုံး ရောက်တာနဲ့ အကုန်ပြောင်သွားပါတယ်ရှင်...စက်မှုဒေါ်ညို က ဟေ့ ဆို ကောင်းမယ်ဆိုတာ သိပြီး...
14/09/2026

ညကပဲ ကြော်ငြာတယ်...ဒီမနက် ၁၆ ဘူးလုံး ရောက်တာနဲ့ အကုန်ပြောင်သွားပါတယ်ရှင်...

စက်မှုဒေါ်ညို က ဟေ့ ဆို ကောင်းမယ်ဆိုတာ သိပြီးသားတဲ့...

မနက်စာ မုန့်ဟင်းခါး ၊ ရွှေတောင်စားရင်း လာဝယ်ကြတာ အများကြီးပဲ။

မနက်ဖြန် ILBC ကျောင်းရှေ့က ဆိုင်လေးမှာ ဘူးရေ ပိုထုတ်ထားပါမယ်ရှင်။

ရတနာ ၄သွယ် အချိုပွဲ ပါ။ တဘူးမှာ မြန်မာမုန့် ကိုမှ တီထွင်ဖန်တီးထားတဲ့ အရသာလေးတွေ ၄ မျိုးပါပါမယ်။

မတူတဲ့ အရသာအသစ်လေးတွေအများကြီးရှိပါသေးတယ်
ချိစ်အာလူးဆနွင်းမကင်းတို့၊ အုန်းပြင်အနှစ်ချည်းပဲတို့ အဲ့လိုတွေလည်း ရပါဦးမယ်။

မနက်ဖြန် ဘူးရေ ပိုအများကြီး ထားပေးထားပါမယ်။

စက်မှုဒေါ်ညိုရဲ့ ILBC ဆိုင်မှာရော မေတ္တာညွန့်ဆိုင်လေးမှာပါ ခုဆို မနက်စာစားပြီးရင် မုန့်အချိုလေးတည်းဖို့ ပါ ရပါပြီနော်။

၄တုံး တစ်ဘူးမှ ၁၂,၀၀၀ ကျပ်ပါရှင်။ စားကြည့်ပါ။ ကြိုက်မှ ရောင်းတဲ့မုန့်မို့ စက်မှုဒေါ်ညို မှာ ရောင်းတာပါ။

"ရတနာ ၄ သွယ်" အချိုပွဲတွေကတော့...

👉 ရွှေကန်စွန်းပြင် (အုန်းပြင်အနှစ်အောက်က ရွှေကန်စွန်းဥ)

👉ခရမ်းရောင်ကန်စွန်းပြင် (အုန်းပြင်အနှစ်အောက်က ခရမ်းရောင်ကန်စွန်းဥ)

👉ရွှေကြည်ပူတင်း (ရွှေကြည်ကို ပူတင်းလို အတုံးခဲလေး ဆိမ့်ထွက်နေတာပဲ)

👉ငှက်ပျောရွှေကြည် (အရောင်ဆိုးဆေးတွေ မသုံးတဲ့ တကယ့်ရှယ် ချိုဆိမ့်လေးလေးပင်ပင်လေး)

အလှုပွဲတွေ အတွက်ဆိုလည်းဗန်းလိုက် မှာလို့ရပါတယ်။ ရန်ကုန်က လူကုံထံတွေရဲ့ အလှုမှာ မျက်နှာပန်းပွင့်နေကျ မြန်မာမုန့်ပါရှင် ❤️

ဖုန်း - 095056878, 09785056878

ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM

မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)

သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)

Address

Yangon

Opening Hours

Monday 07:00 - 12:00
Tuesday 07:00 - 12:00
Wednesday 07:00 - 12:00
Thursday 07:00 - 12:00
Friday 07:00 - 12:00
Saturday 07:00 - 12:00

Telephone

+9595056878

Website

Alerts

Be the first to know and let us send you an email when စက်မှုဒေါ်ညို ငါးခူမုန့်ဟင်းခါး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share