29/08/2026
ရပ်ကွက်က လက်ရှိ ထုတ်ပြန်တဲ့စည်းကမ်းလေး အရ မနက်ဖြန်ကစပြီး ကြေညာစရာလေး ရှိလို့ပါရှင်...
၃၀ ဩဂုတ် (တနင်္ဂနွေနေ့) က နေ လက်ရှိ ခေတ္တ ကာလအတွင်း...
စက်မှုဒေါ်ညိုရဲ့ တာမွေ မေတ္တာညွန့် ပင်မဆိုင်ကနေ မနက်စာကို ...
👉ရွှေတောင်ခေါက်ဆွဲ နဲ့
👉အုန်းနို့ခေါက်ဆွဲ ဒီ ၂ မျိုးကိုပဲ ကြက်သားနိုင်းချင်းနဲ့ ရှယ်ဆိမ့်နေအောင် ချက်ပြီး ရောင်းပါမယ်ရှင်။
ကျိုက္ကဆံ ILBC ကျောင်းဝန်းလေးရှေ့က စက်မှုဒေါ်ညိုမှာတော့ မနက်ဖြန်အပါအဝင် နေ့တိုင်း နေ့တိုင်း မနက်စာ အကုန်ရပါမယ်။ စားချင်တာ ရှိရင် ILBC ရှေ့က ဆိုင်လေးမှာ စုံပါမယ်နော်။
မေတ္တာညွန့် တဆိုင်တည်း ရပ်ကွက်က စည်းကမ်းချက်လေးကြောင့် အားလုံး ကျန်းမာရေးအတွက် ပိုဂရုစိုက်ချင်လို့ ၂ မျိုးတည်း ရောင်းပါရစေနော်။
အားလုံးပြန်ရောင်းခွင့်ရရင် Page လေးမှာ ကြော်ငြာပါ့မယ်ရှင်။
အနှစ်ထုပ်တွေကတော့ ၂ ဆိုင်လုံးရပါမယ်ရှင့်။
ကိုယ့်ဆိုင်လေးအတွက် 100% ကျန်းမာရေးကို ဘယ်လို အသေးစိတ် သန့်ရှင်းနေအောင် ဂရုစိုက်ထားထား အများရဲ့စည်းကမ်းအတိုင်း လိုက်နာရမှာ ရပ်ကွက်နေလူအားလုံး တာဝန်မို့ နားလည်ပေးကြပါနော်။🥹
စက်မှုဒေါ်ညိုရဲ့မိတ်ဆွေအားပေးသူအားလုံး ကျန်းမာရေးဂရုစိုက်ကြပါနော်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်။🥰🙏
အလှုတွေအတွက် အော်ဒါချက်ဈေးနှုန်းတွေကတော့ ၁၀ပိသာ ကစပြီး...
✅မုန့်ဟင်းခါး - ၆၅၀,၀၀၀ ကျပ်
✅အုန်းနို့ ခေါက်ဆွဲ-၆၅၀,၀၀၀ ကျပ်
✅ရွှေတောင်ခေါက်ဆွဲ - ၆၅၀,၀၀၀ ကျပ် ဖြစ်ပါမယ်ရှင်။
ဆိုင်မှာ စားဖို့ ပွဲပြင်ဈေးနှုန်းလေးတွေကတော့...
✅မုန့်ဟင်းခါး -၅,၀၀၀ ကျပ်
✅အုန်းနို့ခေါက်ဆွဲ-၅,၀၀၀ ကျပ်
✅ရွှေတောင်ခေါက်ဆွဲ - ၅၅၀၀ ကျပ်
✅နန်းကြီးသုပ်-၅,၅၀၀ ကျပ်
✅နန်းပြားသုပ်-၅,၅၀၀ ကျပ်
✅အစုံသုပ်-၄,၅၀၀ ကျပ် ဖြစ်ပါတယ်။
စက်မှုဒေါ်ညိုရဲ့ ငါးခူစစ်စစ်ငါးဖယ်အပါ မုန့်ဟင်းခါးအနှစ်ထုပ်ဈေးနှုန်းကတော့...
✅တစ်ထုပ် -၂၀၀၀၀ ကျပ်
✅10ထုတ်စျေး - ၁၉၅၀၀ ကျပ်
✅50ထုတ်စျေး - ၁၉၀၀၀ ကျပ် ဖြစ်ပါတယ်ရှင်။
✅အထုပ် 100 အထက် -၁၉,၀၀၀+ ပ်ို့ခ FREE (ရန်ကုန်မြို့တွင်း) ပို့ပေးပါမယ်ရှင်။
မုန့်ဟင်းခါးအနှစ်ထုပ်လေးတွေပါ တခါတည်း ဝယ်သွားလို့ရပါတယ်ရှင်။
grabfood မှာလည်း စက်မှုဒေါ်ညိုရှိပါတယ်ရှင်
ဖုန်း - 095056878, 09785056878
ဆိုင်ဖွင့်ချိန် - 7:00 AM - 12:00 PM
မေတ္တာညွန့်လိပ်စာ- အမှတ် ၆၈ , စက်မှု ရတနာလမ်း ၊ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နယ်။ (မေတ္တာညွှန့် ရထားဘူတာကျော်တာနဲ့ ဘယ်ဖက်ခြမ်း)(နေ့တိုင်းဖွင့်ပါတယ်ရှင်။)
သုဝဏ္ဏ ILBC လိပ်စာ- နံပါတ် A4 သုဝဏ္ဏအားကစားကွင်းအနီး၊ လေးထောင့်ကန်လမ်းမကြီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ILBC ကျောင်းဝန်းအတွင်း (Myanmar Sport Hotel)