ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင်

  • Home
  • Myanmar
  • Yangon
  • ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင်

ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင် ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်
ကားလက်မှတ်များ ဝယ်ယူနိုင်ပါတယ်။
(1328)

 #လူတော်တော်များများက ကံဇာတာတက်လာတဲ့အခါ ငါကံကောင်းနေပြီလို့ပဲ ထင်တတ်ကြပါတယ်။ #ဒါပေမယ့် ဗုဒ္ဓတရားကတော့ ဒီလိုမဟုတ်ပါဘူး။ က...
05/08/2026

#လူတော်တော်များများက ကံဇာတာတက်လာတဲ့အခါ ငါကံကောင်းနေပြီလို့ပဲ ထင်တတ်ကြပါတယ်။

#ဒါပေမယ့် ဗုဒ္ဓတရားကတော့ ဒီလိုမဟုတ်ပါဘူး။ ကံဇာတာတက်လာတာဟာ အရင်ကပြုခဲ့တဲ့ ကုသိုလ်ကံတွေ အကျိုးပေးလာတာပါ။ ဒီအချိန်မှာ မာနမတက်ပါနဲ့။ အပျော်မလွန်ပါနဲ့။ ကုသိုလ်ကို ပိုပြီးဆက်လက်ပြုလုပ်ပါ။ ဘာကြောင့်လဲဆိုတော့ ကုသိုလ်မဖြည့်တော့ရင် ကံကောင်းမှုဟာလည်း တစ်နေ့မှာ ကုန်ဆုံးသွားနိုင်ပါတယ်။

#ဒါကြောင့် ကံဇာတာတက်နေတဲ့အချိန်ဟာ ပိုပြီး ဒါန၊ သီလ၊ ဘာဝနာ ပြုလုပ်ရမယ့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

#ဒီနေ့ ကံကောင်းနေတယ်ဆိုရင် ကုသိုလ်တစ်ခုခုကို ချက်ချင်းစလုပ်လိုက်ပါ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္နမာလဘိဝံသ🙏🙏🙏

လောကမှာ မပြည့်တဲ့ အိုးတွေက ဘောင်ဘင်ခတ် တတ်ပါတယ်။ အဲ့ဒီလို ဘောင်ဘင်ခတ်ရင်းနဲ့ အိုးထဲက အရာတွေ တဖြည်းဖြည်း ကုန်သွားတတ်ပါတယ်...
30/07/2026

လောကမှာ မပြည့်တဲ့ အိုးတွေက ဘောင်ဘင်ခတ် တတ်ပါတယ်။ အဲ့ဒီလို ဘောင်ဘင်ခတ်ရင်းနဲ့ အိုးထဲက အရာတွေ တဖြည်းဖြည်း ကုန်သွားတတ်ပါတယ်။

လူတချို့က ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးပါလို့ ထင်မြင်ပြီး တစ်ဖက်သားကို အထင်သေးတတ်ကြတယ်။ အဲ့ဒီလိုလူမျိုးတွေက ခပ်များများပဲ။ ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ တပုံကြီးရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

လူတချို့က ကိုယ့်ကိုယ်ကိုယ် အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး ဆင်းရဲနွမ်းပါးတဲ့ တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်။ ကိုယ့်ထက် ကျပ်ကျပ်တောက် ချမ်းသာသူတွေ ဒုနဲ့ဒေး ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

လူတချို့က ကိုယ့်ကိုယ်ကိုယ် ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်။ ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ အမြောက်အများ ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

ဘဝမှာ လူတိုင်းကတော့ သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်။ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ သူ့ဆီမှာ ရှိနိုင်သလို သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း ကိုယ့်ဆီမှာ ရှိနိုင်ပါတယ်။ ဘာမှ မမြဲတဲ့ လောကကြီးမှာ ဘဝကို ပုံသေ တွက်မထားပါနဲ့။

အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ ခေါင်းနဲ့ ပန်းလိုပဲ အနီးဆုံးမှာ ရှိနေတာမို့ ဘယ်သူ့ကိုမှ အနိမ့်နဲ့ အမြင့် မခွဲခြားတာ ကောင်းပါတယ်။

လောကမှာ အမြဲတမ်း အောင်မြင်နေတဲ့သူ မရှိနိုင်သလို အမြဲတမ်း ရှုံးနိမ့်နေတဲ့သူလည်း မရှိပါဘူး။
ထိုနည်းတူစွာ အမြဲတမ်း ချမ်းသာနေမယ်လို့ ပြောလို့မရသလို အမြဲတမ်း ဆင်းရဲနေမယ်လို့လည်း မထင်လိုက်ပါနဲ့။

ဒါကြောင့် ဘယ်သူ့ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့ လျှော့မတွက်ပါနဲ့။ မပြည့်တဲ့အိုးလို မဖြစ်ပါစေနဲ့။
ကိုယ်က မပြည့်တဲ့အိုး ဖြစ်နေခဲ့ရင်တောင် ဘောင်ဘင် မခတ်အောင် နေတတ်ရမယ်။

ပါချုပ်ဆရာတော်ဘုရား 🙏

ဗုဒ္ဓမြတ်စွာက နေစရာအာရုံလေးတွေကို ပေးထားတယ်၊ နေစရာအာရုံလေးတွေဆိုတာ အင်မတန်လွယ်ပါတယ်။ဗုဒ္ဓကိုကြည်ညိုကြတဲ့ ဥပါသကာဥပါသိကာမတ...
25/07/2026

ဗုဒ္ဓမြတ်စွာက နေစရာအာရုံလေးတွေကို ပေးထားတယ်၊ နေစရာအာရုံလေးတွေဆိုတာ အင်မတန်လွယ်ပါတယ်။

ဗုဒ္ဓကိုကြည်ညိုကြတဲ့ ဥပါသကာဥပါသိကာမတွေဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ အရည်အသွေးကို အားလုံးသိနေကြတယ်။

အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်ကို အာရုံပြုပြီး နေလို့ရတယ်၊ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော စတဲ့ မြတ်စွာဘုရားရဲ့ ကြည်ညိုစရာ ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ အသိဉာဏ်နဲ့ နားလည်အောင် လေ့လာဖတ်ရှုပြီးတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ နေလို့ရတယ်။

အနည်းဆုံး ရုပ်ထုတွေ-ပုံတော်တွေကနေ စပြီးတော့
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ တည်ငြိမ်တဲ့ စိတ်စွမ်းအားတွေ သီလဂုဏ်သမာဓိဂုဏ် ပညာဂုဏ်တွေကို အာရုံပြုနိုင်အောင် လုပ်ရမယ်။

ဘုန်းကြီးတို့ နှစ်စဉ် ဂျာမနီကို သွားတဲ့အခါ ဂျာမန် အမျိုးသမီးကြီးတစ်ဦးက လျှောက်တယ်၊ သူက အစကတော့ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး၊ နောက်တော့ သူက ဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်။

သူက ဘာပြောတုန်းဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ပွားတော်ကို ဖူးလိုက်ရတဲ့အချိန်မှာ သူ့ရဲ့ စိတ်ထဲမှာ အရမ်းကို ကြည်နူးတယ်တဲ့၊ တည်ငြိမ်တဲ့မျက်နှာတော်နဲ့ ဗုဒ္ဓမြတ်စွာရဲ့ ထိုင်နေတော်မူပုံဟာ သူ့ရဲ့ စိတ်ကို ကြည်လင်အေးချမ်းပြီး ကြည်နူးစေတယ်လို့ ဘုန်းကြီးကို လျှောက်ခဲ့ဖူးတယ်နော်။

နောက် ဂျာမန်အမျိုးသမီးကြီးတစ်ယောက်က
မြတ်စွာဘုရားက ရုပ်ပွားတော်ကို တခြားနိုင်ငံကနေ ဝယ်ထားတာ ထင်တယ်၊ ပုံစံကတော့ မြန်မာပြည်က ရုပ်ပွားတော်ပုံစံ ဖြစ်တယ်။) သူသွားလေရာ ပင့်ဆောင်သွားတယ်၊ သူဘယ်ကိုပဲ သွားသွား သူ့ရဲ့သေတ္တာထဲမှာ ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ပွားတော်ကို ထည့်ပြီး ပင့်သွားတယ်၊ သူနေတဲ့နေရာမှာ အဲဒီရုပ်ပွားတော်ကို တင်ထားတယ်၊ ရုပ်ပွားတော် ကို ဖူးမျှော်နေရင် သူ့ရဲ့စိတ်တွေဟာ ကြည်နူးနေတယ်၊ အာရုံပြုပြီးတော့ သူနေတယ်၊ ပုံတော်ကနေပြီးတော့ ဂုဏ်တော်ကို သူရောက်လာတယ်၊ ပုံတော်ပဲ ဖူးဖူး၊ ဂုဏ်တော်ပဲ ဖူးဖူးပေါ့၊ ပုံတော်ဆိုတာ ဘဂဝါထဲမှာ ပါတယ်နော်။

အေး ဒီလို မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီး နေတဲ့အခါမှာ တရားချစ်ချင်သူတော်စင်အပေါင်းတို့ စဉ်းစားကြည့်ပေါ့၊ အဲဒီအခါမှာ လောဘစိတ်တွေ ဝင်လာသလား, ဒေါသစိတ်တွေ ဝင်လာသလား၊ တွေဝေနေတဲ့စိတ်တွေ ရှိသေး သလား၊ ဒီလိုစိတ်တွေ မဖြစ်တော့ဘူးနော်၊ လောဘ ဒေါသ မောဟတွေ ဝင်မလာတဲ့အတွက် အကုသိုလ်တရားတွေ ဝင်မလာတော့ဘူး၊ ဒီလို အကုသိုလ်တရားတွေဟာ ငြိမ်နေတဲ့အတွက် စိတ်ငြိမ်တယ်၊ ဒီတော့ အကုသိုလ်တရားတွေ ငြိမ်သွားပြီး no active မလှုပ်ရှားတော့ဘူး၊
မလှုပ်ရင် အန္တရာယ်မရှိဘူး၊ ဒီအကုသိုလ်တရားတွေ
ငြိမ်နေတဲ့အတွက် စိတ်ဟာ အကုသိုလ်တွေအပေါ်မှာ
မလှုပ်ရှားတော့ဘူး၊ ငြိမ်နေရင် ကာယကံလည်း
မဖြစ်တော့ဘူး၊ ၀စီကံလည်း မဖြစ်တော့ဘူး၊ မနောကံလည်း မမြောက်တော့ဘူး၊ ဝစီကံ ကာယကံ
ဒါတွေ မမြောက်ဘူးဆိုရင် active မဖြစ်တော့ဘူး။

စာပေကျမ်းဂန်တွေထဲမှာ “လောဘပရိယုဋ္ဌိတံ စိတ္တံ နဟောတိ” “စိတ်ထဲမှာ လောဘ ဖြစ်မလာဘူး” ဒေါသ ဖြစ်မလာဘူးတဲ့၊

ဘုရားဂုဏ်တော်တွေကို အာရုံပြုလို့ရှိရင် ဒီလို တွေ့ရတယ်။ ဘုရားဂုဏ်တော်တွေထဲမှာ စိတ်က တဖြောင့်တည်းရှိ နေရင်-အားလုံးခံစားဖူးပါလိမ့်မယ်- ကြည်နူးပြီး ဝမ်းသာပီတိ ဖြစ်နေမယ်။

ဒါ ကိုယ့်သန္တာန်မှာ ဖြစ်မဖြစ် စဉ်းစားကြည့်နော်၊ မဖြစ်သေးရင် ဖြစ်အောင်လုပ်၊ ကိုယ့်သန္တာန်မှာ ပီတိဆိုတာလေး ဖြစ်လာလို့ရှိရင် ကိုယ်လည်း ငြိမ်းချမ်းမယ်, စိတ်လည်း ငြိမ်းချမ်းလာမယ်။

ဒါတွေက တောင်းဆိုနေရမယ့်အရာတွေ မဟုတ်ဘူးတဲ့၊ ဒီ process က ဒီတစ်ခုလာရင် နောက်တစ်ခု လာကို လာရမယ်။

ဆိုပါစို့- လျှပ်စစ်မီးချောင်းလေး ဖွင့်လိုက်လို့ရှိရင်
အလင်းက တမင်တကာခေါ်စရာ လိုဦးမလား၊
အမှောင်ကို ပယ်ပျောက်ဖို့ တမင်လုပ်စရာ လိုဦးမလား၊ မလိုတော့ဘူး နော်၊ အလင်းရောက်လာရင် အမှောင်က သူ့ဟာသူ ပျောက်သွားလိမ့်မယ်။

" အေး ဒါကြောင့် မြတ်စွာဘုရားကို အာရုံပြု
ပြီးတော့ စိတ်ထဲကြည်နူးလာတဲ့အခါမှာ ပါမောဇ္ဇဆိုတဲ့ ဝမ်းမြောက် ဝမ်းသာ ဖြစ်လာတယ်၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာငြိမ်းချမ်းတယ်, ကိုယ်ထဲမှာ ငြိမ်းချမ်းတယ်၊ ကိုယ်စိတ်ငြိမ်းချမ်းတဲ့အခါကျတော့ သုခဆိုတဲ့ချမ်းသာမှု ဖြစ်ပေါ်လာတယ်။

ချမ်းသာတော့ စိတ်တည်ငြိမ်သွားတယ်။
ဒါ အခုချက်ချင်း လက်ငင်းရမယ့်အကျိုး ဖြစ်တယ်။
နေ့စဉ် ဘဝမှာ အဲဒီလိုလေး နေမယ်ဆိုရင် စိတ်ကလေး တည်ငြိမ်မှုလေး ရလာမယ်၊ စိတ်တည်ငြိမ်ဖို့ဆိုတာ မလွယ်ဘူးလေ။

လူတွေဟာ သောကဖြစ်စရာတွေ ကြုံရမယ်,
ဒေါသ ဖြစ်စရာတွေ ကြုံရမယ်၊ အမျိုးမျိုးကြောင့် စိတ်တွေမတည်ငြိမ် တဲ့အခါမှာ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး နေလိုက်မယ်ဆိုရင် စိတ်ကလေးတည်ငြိမ်ပြီးတော့ ငြိမ်းအေးလာလိမ့်မယ်။

ဒီနည်းကို မသိတဲ့သူတွေကျတော့ တခြားနည်းတွေနဲ့
စိတ်ကို တည်ငြိမ်လာအောင် လုပ်ကြတယ်။အိပ်ဆေးတွေ သောက်တယ်၊ မူးယစ်ဆေးတွေ သုံးကြတယ်၊ ဒီနည်းတွေရဲ့ နောက်ဆက်တွဲ မကောင်းတဲ့အကျိုးဆက်တွေ အများကြီး ဆက်ခံကြရတော့တာပါပဲ။တရားဓမ္မမှာ side effect ဘေး ထွက်ဆိုးကျိုးဆိုတာ မရှိဘူး၊ တခြားစိတ်ငြိမ်ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးလာမယ်။ အဲဒီနည်းနဲ့ စိတ် တည်ငြိမ်အောင် ကြိုးစားမယ်ဆိုရင်တော့ ဒုက္ခ ရောက်မယ်။

တရားဓမ္မနည်းနဲ့ စိတ်တည်ငြိမ်အောင်ကြိုးစားရင်တော့ အဲဒီ ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲနဲ့ ထာဝရငြိမ်းချမ်းတဲ့ ငြိမ်းအေးမှုမျိုး ရနိုင်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

ရွှေနဂါးကြီးကတော့ လုပ်ချလိုက်ပြန်ပြီဗျို့🫢မယုံနိုင်လောက်အောင်ကို ဈေးတွေထပ်ချလိုက်တာ သိပြီးကြပြီလား❓🏝️ချောင်းသာ / 🏖️ငွေဆေ...
21/07/2026

ရွှေနဂါးကြီးကတော့ လုပ်ချလိုက်ပြန်ပြီဗျို့🫢
မယုံနိုင်လောက်အောင်ကို ဈေးတွေထပ်ချလိုက်တာ သိပြီးကြပြီလား❓

🏝️ချောင်းသာ / 🏖️ငွေဆောင်
🚌ကားခသီးသန့် ဆိုရင်...
☝️အသွား/အပြန် ၁ဦး-၆၀၀၀၀

🎁packageနဲ့သွားမယ်ဆိုရင်...
🚌ကားခ 🏩အခန်းခ 🍽️မနက်စာအပါ

🏝️ချောင်းသာ
☝️၁ညအိပ် ၁ဦး-၇၅၀၀၀
✌️၂ညအိပ် ၁ဦး-၉၅၀၀၀

🏖️ငွေဆောင်
☝️၁ညအိပ် ၁ဦး-၉၅၀၀၀
✌️၂ညအိပ် ၁ဦး-၁၃၅၀၀၀ သာ
ကျသင့်မှာဆိုတော့......တန်ပြီးရင်းတန်ဖြစ်တဲ့
ရွှေနဂါးရဲ့promotion အစီစဉ်လေးက်ို အခုပဲjoinလိုက်တော့နော်။

👉လက်မှတ်ဝယ်မယ်ဆိုရင်...
📲09-456 456 570
📲09-456 456 580
📲09-456 456 590 ကို
ဆက်သွယ်လိုက်ပါခဗျ❤️

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး
#ချောင်းသာ
#ငွေဆောင်

လောကမှာ 'စေတနာ' ဆိုတာ ...အင်မတန် အစွမ်းထက်တဲ့ သဘာဝတရားတစ်ခုပါ။ မြတ်စွာဘုရားရှင်က 'စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ' - စေတနာကိ...
16/07/2026

လောကမှာ 'စေတနာ' ဆိုတာ ...
အင်မတန် အစွမ်းထက်တဲ့ သဘာဝတရားတစ်ခုပါ။

မြတ်စွာဘုရားရှင်က 'စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ' - စေတနာကိုပဲ ကံလို့ ခေါ်တယ်လို့ ဟောကြားခဲ့ပါတယ်။ ကိုယ်က သူတစ်ပါးအပေါ်မှာ ဘယ်လို စေတနာမျိုး ထားခဲ့သလဲ... အဲဒီ စေတနာဟာ တစ်နေ့နေ့မှာ မိမိဆီကို ပဲ့တင်သံလိုပဲ မလွဲမသွေ ပြန်လည် ရောက်ရှိလာတတ်ပါတယ်။

တောင်ကုန်းကြီးတစ်ခုရဲ့ ရှေ့မှာရပ်ပြီး ကိုယ်က အကျယ်ကြီး အော်လိုက်ရင် အဲဒီအသံဟာ တောင်နံရံကို ရိုက်ခတ်ပြီး မိမိဆီကိုပဲ 'ပဲ့တင်သံ' အဖြစ် ပြန်လာတာပေါ့။ ကိုယ်က ကောင်းတဲ့စကားအော်ရင် ကောင်းတဲ့အသံ ပြန်လာမယ်၊ ဆိုးတဲ့စကားအော်ရင် ဆိုးတဲ့အသံ ပြန်လာမယ်။ ဒီအတိုင်းပဲ... မိမိရဲ့ ရင်ထဲက ထွက်သွားတဲ့ စေတနာတွေဟာလည်း လောကကြီးကို ရိုက်ခတ်ပြီး မိမိရဲ့ ဘဝခရီးလမ်းဆီကိုပဲ အကျိုးပေးအဖြစ် ပြန်လှည့်လာတာ ဖြစ်ပါတယ်။ သူတစ်ပါးလမ်းကို ဆူးခင်းခဲ့ရင် ကိုယ့်လမ်းမှာ ဆူးပြန်တွေ့ရမယ်၊ ပန်းခင်းခဲ့ရင် ပန်းပြန်တွေ့ရမယ်ဆိုတာ စေတနာရဲ့ ပဲ့တင်သံတွေပါပဲ။

စေတနာဆိုတာ ပြုလုပ်လိုက်တဲ့ အခိုက်အတန့်မှာတင် မိမိရဲ့ ဝသနာ (Wathana) ထဲမှာ ကိန်းဝပ်သွားပြီးသား ဖြစ်ပါတယ်။ သူတစ်ပါးကို ကောင်းကျိုးပြုချင်တဲ့ စေတနာထားရင် မိမိစိတ်က အရင်ဆုံး အေးချမ်းတဲ့ ကုသိုလ်စိတ် ဖြစ်ရတယ်၊ သူတစ်ပါးကို ဖျက်ဆီးချင်တဲ့ စေတနာထားရင် မိမိစိတ်က အရင်ဆုံး ပူလောင်တဲ့ အကုသိုလ်စိတ် ဖြစ်ရတယ်။ အဲဒီ အတွင်းစိတ်ရဲ့ အခြေအနေကပဲ မိမိရဲ့ အနာဂတ် လမ်းကြောင်းကို ပုံဖော်ပေးသွားတာပါ။

ဒါကြောင့် တစ်နေ့တာလုံးမှာ မိမိဆီက ထွက်သွားမယ့် စေတနာတွေကို အမြဲ သတိနဲ့ စောင့်ကြည့်ရမယ်။ သူတပါးက မိမိအပေါ် ဘယ်လိုပဲ ပြုမူပါစေ... မိမိဘက်ကတော့ ကောင်းမွန်တဲ့ စေတနာကိုပဲ ပေးလွှတ်တတ်ရမယ်။ မိမိဆီက ထွက်သွားတဲ့ စေတနာတွေ ဖြူစင်သန့်ရှင်းနေသမျှ ကာလပတ်လုံး မိမိဆီ ပြန်လာမယ့် ဘဝရဲ့ ပဲ့တင်သံတွေဟာလည်း အမြဲတမ်း အေးချမ်းသာယာနေမှာ ဖြစ်ပါတယ်။"

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ🙏🙏🙏

မောဟဆိုတာ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတာ။ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတာ။ ဒါ မောဟ။မောဟဆိုတာ မသိတာ သက်သက်...
05/07/2026

မောဟဆိုတာ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတာ။ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတာ။ ဒါ မောဟ။

မောဟဆိုတာ မသိတာ သက်သက်မဟုတ်ဘူး။ သိတော့ သိတယ်။ သူ့အသိက တလွဲသိနေတဲ့ အသိမျိုး။ အဲဒါကိုပဲ တွေဝေတယ်လို့ ပြောတာ။

အမှန်မသိဘူးဆိုတာ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ မလုပ်သင့်တာကျတော့ လုပ်သင့်တယ်လို့ထင်တယ်။ အဲဒီလို တလွဲထင်နေတာဟာ မောဟပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ဉာဏ်ပညာကျတော့ ဓမ္မာနံ ယထာဘူတ သဘာဝ ပဋိဝေဓ လက္ခဏာ သဘာဝတရားတွေရဲ့ အရှိ၊ အမှန်အတိုင်း သိတာက ပညာလို့ပြောတယ်။ အဲဒီတော့ အရှိအမှန်အတိုင်း မသိဘဲနဲ့ တလွဲသိနေလို့ရှိရင် ဒါ မောဟပဲ။

သဘာဝတရားက ရှိနေတာ တစ်ခု။ သူက သိနေတာ တစ်ခု။ ဒီလို လွဲမှားနေတဲ့ အသိမျိုးတွေကို မောဟလို့ ခေါ်တယ်။ မောဟသမားက သူက ဘာလုပ်လိုက် လုပ်လိုက် တလွဲဖြစ်ဖြစ်သွားတတ်တယ်။ မောဟရှိနေတယ်ဆိုရင် ကိုယ်က ဒါ ထင်လို့ လုပ်လိုက်တယ်။ ဖြစ်လာတာက တခြားဖြစ်လာတယ်ပေါ့။ ဒီတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မှန်မှန်ကန်ကန်မသိဘူး။ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိတယ်။ လုပ်သင့်တာကို မလုပ်မိဘူးဆိုတဲ့ မှားမှားယွင်းယွင်းဖြစ်စေတတ်တဲ့ တရားကို မောဟလို့ခေါ်တယ်။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ - 🙏🙏🙏

🚌 ရွှေနဂါး ခရီးသွားလုပ်ငန်း၏ 💛 ၁၂၅ -ကြိမ်မြောက် ကံထူးပြီအစီအစဉ်ကိုပြန်လည်စတင်လိုက်ပါပြီ ခင်ဗျာ .....▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄🎄က...
02/07/2026

🚌 ရွှေနဂါး ခရီးသွားလုပ်ငန်း၏
💛 ၁၂၅ -ကြိမ်မြောက် ကံထူးပြီအစီအစဉ်ကို
ပြန်လည်စတင်လိုက်ပါပြီ ခင်ဗျာ .....
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

🎄ကံထူးရှင်များကို တစ်ဦးလျှင် ၅၀၀၀၀ ကျပ်တန် ကားလက်မှတ် 🎫 ( ၁ ) စောင် ရရှိမှာဖြစ်ပြီး ကံထူးရှင် (၁၀) ဦး ရွေးချယ်ပေးမှာ ဖြစ်ပါတယ် ။

🏆 ကျိုက်ထီးရိုး၊ ချောင်းသာနှင့် ငွေဆောင် ခရီးစဉ်များမှ ကြိုက်နှစ်သက်ရာ ခရီးစဉ်တစ်ခုကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပြီး (၃) လအတွင်း အဆင်ပြေတဲ့ရက်ကို ခရီးသွားလို့ရပါတယ် ခင်ဗျာ ။

📅 (၁) လ တစ်ကြိမ် ရွေးချယ်ကံစမ်းပေးမှာဖြစ်ပြီး ကံထူးနိုင်ဖို့ အခွင့်အရေးများလို့ မည်သူမဆို ပါဝင်ကံထူးနိုင်ပါတယ် ခင်ဗျာ ။ 🍀

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

🚍 ခရီးသွားမယ် ဆိုရင်တော့ ...
👉 ရွှေနဂါးကိုသာ သတိရလိုက်ပါ ....
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

🙏 ကျိုက်ထီးရိုး
🏖 ချောင်းသာ
🏝 ငွေဆောင်

🚌ကားခသီးသန့်ဆိုရင် ...
☝️အသွားအပြန် တဦးကို - ၅၀၀၀၀
⏰နေ့စဉ် မနက် ၅ နာရီ ရှိပါတယ် ။

🚌 ကားခ + 🏡 ဟိုတယ်ခ တွဲရက်စျေး
🙏 ကျိုက်ထီးရိုး
☝️ ၁ ညအိပ် - ၁၃၀၀၀၀
✌️ ၂ ညအိပ် - ၂၁၀၀၀၀

🏖 ချောင်းသာ
☝️ ၁ ညအိပ် - ၁၉၀၀၀၀
✌️ ၂ ညအိပ် - ၂၄၀၀၀၀

🏝 ငွေဆောင်
☝️ ၁ ညအိပ် - ၁၀၀၀၀၀
✌️ ၂ ညအိပ် - ၁၅၀၀၀၀

🚍 ရွှေနဂါးနဲ့အတူ ကံထူးနိုင်ဖို့🚍
▄▄▄▄▄▄▄▄▄▄▄

1. ကံထူးပြီ post ကို like & Share လုပ်ထားသူဖြစ်ရပါမည်။
2. ဒီPost ရဲ့အောက်မှာ Screenshot နှင့်အတူ ဆုတောင်း Comment ရေးပေးရပါမယ် ။
3. Page မှာ Review ရေးပေးထားခြင်းရှိရပါမည်။

အထက်ပါ (၃) ချက်နှင့်ပြည့်စုံသူများကို
ဦးစားပေးကံထူးရှင်အဖြစ် ရွေးချယ်ပေးမှာ
ဖြစ်ပါတယ် ခင်ဗျာ ...

👉 ခရီးသွားမယ်ဆိုရင်တော့ ....
📲 09-456 456 570
📲 09-456 456 580
📲 09-456 456 590 ကို ဆက်လိုက်နော် ။

🙏အားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 🙏

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

👉ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ...( ၁၂၃-ကြိမ်မြောက် ) ကျိုက်ထီးရိုး ၊ ချောင်းသာ ၊ ငွေဆောင် အသွား အပြန် ကားလက်မှတ် 🎫 ကံထူးရှ...
02/07/2026

👉ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ...
( ၁၂၃-ကြိမ်မြောက် ) ကျိုက်ထီးရိုး ၊ ချောင်းသာ ၊ ငွေဆောင် အသွား အပြန် ကားလက်မှတ် 🎫 ကံထူးရှင် (၁၀ )ဦး ရွေးချယ်လိုက်ပါပြီ ခင်ဗျာ ...

( * ကံထူးရှင်များရဲ့ နာမည်များကို ပုံနှင့်တကွ
တင်ပေးထားပါတယ်ခင်ဗျာ ။)

🏆 ကံထူးရှင်များ ခင်ဗျာ ...
ကျိုက်ထီးရိုး ၊ ချောင်းသာ ၊ ငွေဆောင် ခရိးသွားမယ်ဆိုရင် ရွှေနဂါးရုံးကို ဆက်သွယ်ပေးဖို့လိုပါမယ်နော် 🥰

👉 ခရီးသွားမယ်ဆိုရင် ...
📲 09-456 456 570
📲 09-456 456 580
📲 09-456 456 590 ကို ဆက်လိုက်နော်

(၁)လ တစ်ကြိမ် ကံစမ်းမဲနှိုက် ရွေးချယ်မှာဖြစ်လို့ နောက်အကြိမ်တွေမှာ ကံထူးနိုင်သေးလို့ စိတ်မလျှော့လိုက်ပါနဲ့နော် ... 💪

၁၂၄-ကြိမ်မြောက် ကံထူးပြီအစီအစဉ်ကို
မကြာခင် ပြန်လည် စတင်ပေးမှာဖြစ်လို့ အားလုံးပါဝင် ကံထူးနိုင်ကြပါစေ ခင်ဗျာ ...

မြန်မာပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်အောင်မြင်ပါစေလို့ ရွှေနဂါးမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။

အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🙏🙏
#ကံထူးပြီ
#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

👉ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ...( ၁၂၄ -ကြိမ်မြောက် ) ကျိုက်ထီးရိုး ၊ ချောင်းသာ ၊ ငွေဆောင် ကားလက်မှတ် 🎫ကံထူးရှင် (၁၀ )ဦး ရ...
02/07/2026

👉ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ...
( ၁၂၄ -ကြိမ်မြောက် )
ကျိုက်ထီးရိုး ၊ ချောင်းသာ ၊ ငွေဆောင်
ကားလက်မှတ် 🎫
ကံထူးရှင် (၁၀ )ဦး ရွေးချယ်လိုက်ပါပြီ ခင်ဗျာ ...

( * ကံထူးရှင်များရဲ့ နာမည်များကို ပုံနှင့်တကွ
တင်ပေးထားပါတယ်ခင်ဗျာ ။)

🏆 ကံထူးရှင်များ ခင်ဗျာ ...
May လအတွင်း ကျိုက်ထီးရိုး ၊ ချောင်းသာ ၊ ငွေဆောင် ခရိးသွားမယ်ဆိုရင် ရွှေနဂါးရုံးကို ဆက်သွယ်ပေးဖို့လိုပါမယ်နော် 🥰

👉 ခရီးသွားမယ်ဆိုရင် ...
📲 09-456 456 570
📲 09-456 456 580
📲 09-456 456 590 ကို ဆက်လိုက်နော်

(၁)လ တစ်ကြိမ် ကံစမ်းမဲနှိုက် ရွေးချယ်မှာဖြစ်လို့ နောက်အကြိမ်တွေမှာ ကံထူးနိုင်သေးလို့ စိတ်မလျှော့လိုက်ပါနဲ့နော် ... 💪

၁၂၅ -ကြိမ်မြောက် ကံထူးပြီအစီအစဉ်ကို
မကြာခင် ပြန်လည် စတင်ပေးမှာဖြစ်လို့ အားလုံးပါဝင် ကံထူးနိုင်ကြပါစေ ခင်ဗျာ ...

မြန်မာပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်အောင်မြင်ပါစေလို့ ရွှေနဂါးမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။

အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🙏🙏
#ကံထူးပြီ
#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

☔🏔️🚌🙏🌧️ဘားအံထက် ပိုလှတဲ့သဘာဝတရားမြင့်မားတဲ့ တောင်တန်းတွေထက်မှာမြူခိုးများနဲ့ တိမ်ပင်လယ်လေတိုးသံနဲ့ ရောစပ်နေတဲ့ ဆည်းလည်းသ...
22/06/2026

☔🏔️🚌🙏🌧️
ဘားအံထက် ပိုလှတဲ့သဘာဝတရား
မြင့်မားတဲ့ တောင်တန်းတွေထက်မှာ
မြူခိုးများနဲ့ တိမ်ပင်လယ်
လေတိုးသံနဲ့ ရောစပ်နေတဲ့ ဆည်းလည်းသံ

☔မိုးရာသီမှာ ကျိုက်ထီးရိုးစေတီတော်ကို
သွားဖူးလို့ရောရရဲ့လား❓
ကားတွေကရော ထွက်ရဲ့လား❓
ဟိုတယ်ကရော အဆင်ပြေပါ့မလား❓

ဘာမှတွေးပူနေစရာမလိုတော့ပါဘူး☺️
(အပတ်စဉ် )စနေသွားမယ်
တနင်္ဂနွေပြန်လာမယ်

🚌🚌ကားခသီးသန့် -80000

🚌🏩ကားခ တည်းခ မနက်စာပါ
Yoe Yoe Lay.3 Hotel
၁ညအိပ် ၁ဦး-160000
၂ညအိပ် ၁ဦး-240000

လက်မှတ်လေးတွေဝယ်မယ်ဆိုရင်..
09-456 456 570
09-456 456 580
09-456 456 590 ကို ဆက်လိုက်ပါ

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

Address

207, 1st Floor, Kyaik Kasan Road, Tamwe Township
Yangon
11211

Telephone

+959456456530

Website

Alerts

Be the first to know and let us send you an email when ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင်:

Shortcuts

Share