Seagull Service

Seagull Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seagull Service, Service Apartments, Yangon.
(2)

​Your Trusted Travel Partner! 🕊️
We help you soar above challenges.
✅ Visa 🇲🇲🇹🇭🇻🇳🇲🇾🇮🇳🇰🇭 | Passport🇲🇲 |
Flight | Hotel | Tour 🇻🇳
📱 09 798 338 900 | 09 400 59 49 59

🎉 ထိုင်းဗီဇာ Approved Cases များ ထပ်တိုး! စုစုပေါင်း (၁၉) ဦး အောင်မြင်စွာ Approved ရရှိ 🇹🇭✈️Seagull Service မှ ဝမ်းမြောက...
10/06/2026

🎉 ထိုင်းဗီဇာ Approved Cases များ ထပ်တိုး! စုစုပေါင်း (၁၉) ဦး အောင်မြင်စွာ Approved ရရှိ 🇹🇭✈️

Seagull Service မှ ဝမ်းမြောက်စွာ မျှဝေပေးလိုက်ပါတယ်။

ယခုရက်ပိုင်းအတွင်း DTV Visa Approved Cases များ ထပ်မံတိုးလာခဲ့ပြီး DTV Visa၊ ED Plus Visa၊ TR (Tourist) Visa နှင့် MT (Medical Treatment) Visa များအပါအဝင် စုစုပေါင်း Visa Applicants (၁၉) ဦးအား အောင်မြင်စွာ Approved ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ 🎊

အောင်မြင်စွာ ရရှိခဲ့သော ဗီဇာအမျိုးအစားများမှာ -

✅ DTV (Destination Thailand Visa)
✅ ED Plus Visa (University Name Included)
✅ TR (Tourist) Visa
✅ MT (Medical Treatment) Visa

ဖြစ်ပါသည်။

အထူးသဖြင့် DTV Visa Approved Cases များ ဆက်တိုက် ထပ်တိုးလာနေပြီး ယခုရက်ပိုင်းအတွင်းလည်း Approved Cases အသစ်များ ဆက်လက် ရရှိလျက်ရှိပါသည်။ 🏆

ထို့အပြင် ED Plus Visa များကိုလည်း အောက်ပါ တက္ကသိုလ်များဖြင့် ထပ်တိုးအောင်မြင်စွာ ရရှိထားပါသည်။ 🎓

🎓 Bangkok University
🎓 Suranaree University of Technology
🎓 Mae Fah Luang University
🎓 Rangsit University
🎓 Kasem Bundit University
🎓 King Mongkut's Institute of Technology Ladkrabang

🙏 Seagull Service ကို ယုံကြည်စွာ အပ်နှံပေးကြသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

✈️ Seagull Service မှ Thailand Visa များအပြင် နိုင်ငံပေါင်းများစွာအတွက် Visa Service များကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🌏 Visa Services Available for Multiple Countries
🏨 Hotel Booking Services
🎫 Flight Ticket Services
🚐 Da Nang Tour Services

📩 Flight Ticket, Hotel Booking, Tour Service နှင့် Visa Service များအတွက် Seagull Service ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📲 +95 9798338900
📲 +95 9400594959















10/06/2026

☁️🌉 ဒီရက်ပိုင်း Bà Nà Hills ရာသီဥတုက တကယ်ကို လည်ပတ်လို့ကောင်းနေပါတယ်!

Tour လိုက်ပို့ဖြစ်တဲ့ အချိန်တိုင်း Golden Bridge ပေါ်က View တွေက မရိုးနိုင်အောင် လှနေဆဲပါပဲ။ ဒီရက်ပိုင်းဆို မိုးတိမ်ဖြူဖြူကြီးတွေ၊ အေးမြတဲ့လေပြေတွေ၊ တောင်ပေါ်က သာယာတဲ့ရာသီဥတုကြောင့် Customer တွေအားလုံး သဘောကျနေကြပါတယ်။ ☁️✨

Golden Bridge ပေါ်ကနေ Da Nang မြို့ကို အပေါ်စီးက ကြည့်ရတဲ့ မြင်ကွင်းက ဓာတ်ပုံထဲမှာ မြင်ရတာထက် အပြင်မှာ ပိုပြီး အံ့အားသင့်စရာကောင်းပါတယ်။ 📸❤️

📍 Bà Nà Hills ကို ရောက်ဖူးပြီးပြီလား?
📸 ဒီ View ကို ၁၀ မှတ်ပြည့်မှာ ဘယ်လောက်ပေးမလဲ?

❤️ ၁ - ၅ = ပုံမှန်
👍 ၆ - ၈ = လှတယ်
🔥 ၉ - ၁၀ = အခုချက်ချင်း သွားချင်တယ်

Comment မှာ အမှတ်ပေးခဲ့ပါဦး👇
ပြီးတော့ Golden Bridge ကို အတူသွားချင်တဲ့သူကို Tag လုပ်ခဲ့နော် 😍

✈️ အရှေ့တောင်အာရှရဲ့ အရှည်ဆုံး Runway က ဘယ်နိုင်ငံမှာ ရှိလဲ သိကြလား?အဖြေကတော့ 🇲🇲 မြန်မာနိုင်ငံ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလ...
08/06/2026

✈️ အရှေ့တောင်အာရှရဲ့ အရှည်ဆုံး Runway က ဘယ်နိုင်ငံမှာ ရှိလဲ သိကြလား?

အဖြေကတော့ 🇲🇲 မြန်မာနိုင်ငံ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ပါ။

အရှည် ၄,၂၆၈ မီတာရှိတဲ့ ဒီ Runway ဟာ အရှေ့တောင်အာရှရဲ့ အရှည်ဆုံး Runway တွေထဲက တစ်ခုဖြစ်ပြီး လေယာဉ်ကြီးများစွာကို လက်ခံနိုင်ပါတယ်။

📍 မန္တလေးလေဆိပ်ကို ရောက်ဖူးရင် Comment မှာ “ရောက်ဖူးတယ်” လို့ ရေးခဲ့ပေးပါဦး။

🌍 Seagull Service ကတော့ ခရီးသွားအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အမြဲအသင့်ရှိနေပါတယ်။

✈️🌏

✈️ ထိုင်းသို့ ခရီးသွားမယ့်သူများ သတိထားဖို့! Power Bank သယ်ဆောင်မှု စည်းမျဉ်းအသစ် ထုတ်ပြန် 🇹🇭🔋ထိုင်းမြို့ပြလေကြောင်းအာဏာ...
05/06/2026

✈️ ထိုင်းသို့ ခရီးသွားမယ့်သူများ သတိထားဖို့! Power Bank သယ်ဆောင်မှု စည်းမျဉ်းအသစ် ထုတ်ပြန် 🇹🇭🔋

ထိုင်းမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) က လေယာဉ်ခရီးစဉ်များ၏ ဘေးကင်းလုံခြုံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် Power Bank နှင့် Lithium-ion Battery သယ်ဆောင်မှုဆိုင်ရာ စည်းမျဉ်းအသစ်များကို ထုတ်ပြန်လိုက်ပါတယ်။

📌 အဓိက သိထားသင့်တဲ့ အချက်များ

✅ Power Bank အများဆုံး (၂) လုံးသာ သယ်ဆောင်ခွင့်ရှိ
✅ 100Wh အောက် Power Bank များကို ပုံမှန်သယ်ဆောင်ခွင့်ရှိ
✅ 100Wh မှ 160Wh အတွင်းရှိပါက လေကြောင်းလိုင်း၏ ကြိုတင်ခွင့်ပြုချက် လိုအပ်
❌ 160Wh အထက် Power Bank များကို လုံးဝ သယ်ဆောင်ခွင့်မပြု

🧳 Checked Baggage (အပ်နှံအိတ်) ထဲတွင် Power Bank ထည့်သွင်းခြင်း လုံးဝ မပြုလုပ်ရ

💺 လေယာဉ်ပေါ်တွင် Power Bank ကို ခုံအောက် သို့မဟုတ် ခုံအိတ်ကပ်ထဲတွင်သာ ထားရှိရမည်

🔌 လေယာဉ်စီးနေစဉ်အတွင်း
❌ Power Bank ဖြင့် ဖုန်းအားသွင်းခြင်း
❌ လေယာဉ်ပေါ်ရှိ Plug Point များမှ Power Bank ကို အားပြန်သွင်းခြင်း
များကို တားမြစ်ထားပါသည်။

🌏 ထိုင်းနိုင်ငံသို့ ခရီးသွားရန် စီစဉ်ထားသူများအနေဖြင့် ခရီးမထွက်မီ မိမိ၏ Power Bank Capacity (Wh) ကို စစ်ဆေးထားပြီး လေကြောင်းလိုင်း၏ သတ်မှတ်ချက်များကို ကြိုတင်လေ့လာထားရန် အကြံပြုအပ်ပါသည်။

Safe Travel = Smart Travel ✈️✨

🌊 Da Nang ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ Cham Island (Cù Lao Chàm) အကြောင်း မျှဝေပေးချင်ပါတယ်။Hoi An လှေဆိပ်ကနေ Speed Boat...
04/06/2026

🌊 Da Nang ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ Cham Island (Cù Lao Chàm) အကြောင်း မျှဝေပေးချင်ပါတယ်။

Hoi An လှေဆိပ်ကနေ Speed Boat စီးပြီး သွားရတဲ့ Cham Island ဟာ ပင်လယ်နဲ့ သဘာဝအလှကို ချစ်တဲ့သူတွေအတွက် မဖြစ်မနေ သွားသင့်တဲ့ နေရာလေးတစ်ခုပါ။ 💙

🚤 Speed Boat Round Trip Ticket – 450,000 VND ခန့်

🤿 Snorkeling – 200,000 မှ 300,000 VND ခန့်

Cham Island ရဲ့ အထင်ရှားဆုံးအရာကတော့ အလွန်ကြည်လင်တဲ့ ပင်လယ်ရေပြင်ပါ။ ရေငုပ်ပြီး သန္တာကျောက်တန်းတွေ၊ အရောင်အသွေးစုံလင်တဲ့ ငါးမျိုးစိတ်တွေကို ကိုယ်တိုင် မျက်မြင်တွေ့ရတာ တကယ်ကို အမှတ်တရဖြစ်စေပါတယ်။

ရေထဲမှာ လွတ်လပ်စွာ ကူးခတ်နေတဲ့ Jellyfish လေးတွေကိုလည်း တွေ့နိုင်ပြီး၊ အခြားနေရာတွေမှာ တွေ့ရခဲတဲ့ အပြာရောင် Starfish (ကြယ်ငါး) လေးတွေကိုပါ မြင်တွေ့နိုင်ပါတယ်။ ⭐️

ပင်လယ်လေညင်းကို ခံစားရင်း သဘာဝအလှတရားတွေကြားမှာ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်တော့ Cham Island ဟာ နိဗ္ဗာန်ဘုံလေးတစ်ခုလိုပါပဲ။ 🏝️

✨ Da Nang ကိုရောက်ခဲ့ရင် အချိန်တစ်ရက်လောက် ပေးပြီး Cham Island ကို သွားရောက်လည်ပတ်ကြည့်ဖို့ အထူးအကြံပြုချင်ပါတယ်။

✈️ June လမှာ ဘယ်နိုင်ငံကို သွားမလဲ? 🌏ဇွန်လမှာ ခရီးထွက်ဖို့ စဉ်းစားနေသူတွေအတွက် ရန်ကုန် (YGN) ကနေ သွားရောက်နိုင်တဲ့ နာမည်...
01/06/2026

✈️ June လမှာ ဘယ်နိုင်ငံကို သွားမလဲ? 🌏

ဇွန်လမှာ ခရီးထွက်ဖို့ စဉ်းစားနေသူတွေအတွက် ရန်ကုန် (YGN) ကနေ သွားရောက်နိုင်တဲ့ နာမည်ကြီး မြို့တွေထဲက အသက်သာဆုံး လေယာဉ်လက်မှတ်ဈေးနှုန်းတွေကို စုစည်းပေးလိုက်ပါတယ်။ 💙

💰 Budget Friendly Destinations From Yangon

🇹🇭 Bangkok – From US$91
🛍️ Shopping, Street Food နဲ့ Night Life ကြိုက်သူတွေအတွက်

🇰🇭 Phnom Penh – From US$125
🏛️ Culture နဲ့ Local Experience ကို လေ့လာချင်သူတွေအတွက်

🇲🇾 Kuala Lumpur – From US$135
🌆 Modern City View တွေ၊ Food Tour တွေနဲ့ City Break အတွက်

🇻🇳 Da Nang – From US$143
🏖️ Beach, Café Hopping နဲ့ Relax Trip အတွက်

🇸🇬 Singapore – From US$157
🌟 Family Trip ဖြစ်ဖြစ်၊ Short Getaway ဖြစ်ဖြစ် အဆင်ပြေတဲ့ Destination

🇻🇳 Hanoi – From US$161
☕ Old Quarter, Local Coffee Culture နဲ့ Historical Attractions တွေကို ခံစားနိုင်မယ့် မြို့

🇻🇳 Ho Chi Minh City – From US$163
🍜 Local Food နဲ့ Urban Lifestyle ကို ကြိုက်နှစ်သက်သူများအတွက်

🇮🇩 Bali – From US$243
🌴 Resort, Beach Club နဲ့ Instagram-worthy Spots တွေကို ရှာဖွေနေသူများအတွက်

📌 လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ခရီးသွားရက်စွဲ၊ လေကြောင်းလိုင်းနှင့် Seat Availability ပေါ်မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။

💡 June လမှာ ဘယ်မြို့ကို အရင်သွားချင်ဆုံးလဲ?
Comment မှာ ပြောခဲ့ပေးပါ 👇

📩 Flight Ticket, Hotel Booking, Visa Service များအတွက် Seagull Service ကို ဆက်သွယ်နိုင်ပါတယ်။

📲 +95 9798338900
📲 +95 9400594959

✈️ ထိုင်းက (၆၀) ရက် Visa-Free ကို ပြန်လျှော့တော့မယ်ဆိုတဲ့ သတင်းကြောင့် စိတ်ရှုပ်နေကြပြီလား? 🤔🇹🇭လတ်တလော ခရီးသွားဂရုတွေထဲမ...
26/05/2026

✈️ ထိုင်းက (၆၀) ရက် Visa-Free ကို ပြန်လျှော့တော့မယ်ဆိုတဲ့ သတင်းကြောင့် စိတ်ရှုပ်နေကြပြီလား? 🤔🇹🇭

လတ်တလော ခရီးသွားဂရုတွေထဲမှာ
“ထိုင်းနိုင်ငံက (၆၀) ရက် Visa-Free Stay ကို ပြန်လည်လျှော့ချပြီး (၃၀) ရက်ပဲ ခွင့်ပြုတော့မယ်” ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံသားတွေကတော့ အစကတည်းက (၁၄) ရက် Visa-Free ပဲ ရရှိတာဖြစ်လို့
“ကိုယ်တွေနဲ့ မဆိုင်ပါဘူး” လို့ ထင်မိနိုင်ပါတယ်။

ဒါပေမယ့် အမှန်တကယ်မှာတော့ သတိထားဖို့ လိုလာတဲ့ အခြေအနေ ဖြစ်ပါတယ်။

ထိုင်းအစိုးရက Stay Period ကို ပြန်လည်တင်းကျပ်လိုက်တာဟာ
တရားမဝင် နေထိုင်မှု (Overstay) တွေ၊ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ထိန်းချုပ်ဖို့ ဖြစ်တဲ့အတွက်
ယခုကာလမှာ Immigration စစ်ဆေးမှုတွေက အရင်ထက် ပိုတင်းကျပ်လာနိုင်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေ (၁၄) ရက် Free Entry နဲ့ သွားမယ်ဆိုရင်တောင်
လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ စာရွက်စာတမ်း စစ်ဆေးမှု ပိုများလာနိုင်ပါတယ်။

📌 Seagull Service ကနေ အရေးကြီးတဲ့ အကြံပြုချက်များ

✅ (၁) (၁၄) ရက်အတွင်း အလည်သွားမယ့်သူများ

အောက်ပါ စာရွက်စာတမ်းများကို အဆင်သင့် ပြင်ဆင်ထားဖို့ အရေးကြီးပါတယ် —

• အသွား / အပြန် လေယာဉ်လက်မှတ်
• Hotel Booking အပြည့်အစုံ
• Show Money
💵 ထိုင်းဘတ်ငွေ ၂၀,၀၀၀ (သို့) USD ၅၀၀ ခန့်

စာရွက်စာတမ်း မစုံခြင်း၊ Show Money မလုံလောက်ခြင်းတို့ ဖြစ်ပါက
Immigration မှ အဝင်မခံရခြင်း (Reject) ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။

✅ (၂) (၁၄) ရက်ထက် ပိုနေမယ့်သူများ / အလုပ်၊ ကျောင်း၊ ဆေးကုသရန် သွားမယ့်သူများ

“(၁၄) ရက် Free Entry နဲ့ အရင်ဝင်ပြီးမှ Visa ပြောင်းမယ်၊ Stay တိုးမယ်” ဆိုတဲ့ အစီအစဉ်မျိုးကို
ယခုကာလမှာ ရှောင်ကြဉ်သင့်ပါတယ်။

အဝင်ဂိတ်မှာတင် Reject ဖြစ်သွားနိုင်တာကြောင့်
အချိန်၊ ငွေကြေး၊ စိတ်ပင်ပန်းမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။

📌 အကောင်းဆုံးနည်းလမ်းကတော့ —

မြန်မာနိုင်ငံကနေ မထွက်ခင်ကတည်းက
ကိုယ်နဲ့ သင့်တော်တဲ့ Visa အမျိုးအစားကို ကြိုတင်လျှောက်ထားပြီးမှ သွားခြင်းပါပဲ။

ဥပမာ - Tourist Visa ဖြင့် သွားမယ်ဆိုရင် Stay Extension တိုးနိုင်ပြီး
ရက် (၉၀) အထိ နေထိုင်နိုင်ပါတယ်။

💼 Seagull Service မှ ဝန်ဆောင်မှုပေးနေသော Services များ

✅ International Visa Services
— Thailand Tourist Visa
— Work Visa
— Student Visa နှင့် အခြား Visa များ

✅ Passport Services
— Passport အသစ်ပြုလုပ်ခြင်း
— Passport သက်တမ်းတိုးခြင်း

✅ Full Travel Services
— Flight Ticket Booking
— Hotel Booking

✅ Bangkok Immigration Services
— ထိုင်းရောက် မြန်မာနိုင်ငံသားများအတွက် နေထိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုများ

✈️ ခရီးသွားဖို့ စိတ်ကူးရရုံနဲ့ ကျန်တာတွေ ခေါင်းရှုပ်မခံပါနဲ့။
Visa၊ Passport၊ Flight Ticket၊ Hotel Booking အကုန်လုံးကို Seagull Service က ကူညီပေးဖို့ အသင့်ရှိနေပါတယ် 🤝

📩 သွားမယ့် ခရီးစဉ်အကြောင်းကို Comment မှာ ရေးခဲ့နိုင်ပါတယ်
(သို့) Chat Box ကနေ တိုက်ရိုက်လာရောက် တိုင်ပင်နိုင်ပါတယ်။

📞 Hotlines:
09 798 338 900
09 400 594 959

🇻🇳 ဗီယက်နမ် ဒါနန်း (Da Nang) ကို အတူတူ သွားချင်တဲ့သူ ရှိလား? 🏖️ကဲ... ပုံထဲကလို သူငယ်ချင်းနဲ့အတူတူ ကမ်းခြေမှာ အမိုက်စား ပ...
15/05/2026

🇻🇳 ဗီယက်နမ် ဒါနန်း (Da Nang) ကို အတူတူ သွားချင်တဲ့သူ ရှိလား? 🏖️

ကဲ... ပုံထဲကလို သူငယ်ချင်းနဲ့အတူတူ ကမ်းခြေမှာ အမိုက်စား ပုံတွေရိုက်၊ နာမည်ကြီး Golden Bridge (ရွှေရောင်တံတား) ကြီးပေါ်မှာ လမ်းလျှောက်၊ Cable Car စီးပြီး Ba Na Hills ရဲ့ အလှအပတွေကို ခံစားချင်တယ်ဆိုရင်တော့...

ခရီးသွားဖို့ အမြဲတမ်း ပလန်တွေဆွဲပြီး အကောင်အထည် မပေါ်သေးတဲ့ သင့်ရဲ့ Bestie ကိုသာ အခုချက်ချင်း ဒီ Post အောက်မှာ Mention ခေါ်လိုက်တော့နော်! 😎👇

ဒါနန်း (Da Nang) က ကမ်းခြေအလှအပတွေ၊ တောင်ပေါ်ရှုခင်းတွေ၊ အရသာရှိတဲ့ Seafood တွေနဲ့ ပြည့်နှက်နေတဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာလို့ အခုဆို မြန်မာတွေ အသွားအများဆုံးနဲ့ အကြိုက်ဆုံး ခရီးစဉ်တစ်ခု ဖြစ်နေပါပြီ။

သွားမယ်ဆိုတဲ့ စိတ်ကူးလေးပဲ လိုပါတယ်။ ကျန်တဲ့ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ သီးသန့် Tour Package (ကား၊ ဂိုက်) နဲ့ လေဆိပ်ဖြတ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို Seagull Service ကနေ အစအဆုံး တာဝန်ယူ စီစဉ်ပေးနေပါတယ်ဗျာ။ ✈️💼

သူငယ်ချင်းကို Tag မယ်၊ ခရီးစဉ်အတွက် Seagull ကို Hello လုပ်မယ်... ဒါပဲလေ! 🤩

📞 Customer Service Hotlines: 09 798 338 900, 09 400 594 959

Address

Yangon

Alerts

Be the first to know and let us send you an email when Seagull Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share