F1 Fitness

F1 Fitness Premium Fitness Centre in Yangon. Facilities: Gym Floor, Group Classes, Swimming Pool, Tennis Court..
(316)

ခါးသေးချင်လို့ လုပ်မိရာက ခါးပိုတုတ်လာသလား? (Hourglass Waist အတွက် ရှောင်ရမည့် အမှား ၅ ချက်)ဆက်တိုက်ဆော့နေပေမယ့် ခါးသေးမသ...
06/09/2026

ခါးသေးချင်လို့ လုပ်မိရာက ခါးပိုတုတ်လာသလား? (Hourglass Waist အတွက် ရှောင်ရမည့် အမှား ၅ ချက်)
ဆက်တိုက်ဆော့နေပေမယ့် ခါးသေးမသွားဘဲ ပိုတုတ်လာစေတဲ့ အဓိကအမှား (၅) ချက်-

1️⃣Weighted Side Bends လုပ်မိခြင်း — အလေးမပြီး ခါးဘေးစောင်းဆော့တာက ခါးဘေးကြွက်သား (Obliques) တွေကို ကြီးလာစေပြီး ခါးပိုပြည့်သွားစေပါတယ်။
2️⃣Calorie Deficit မလုပ်ခြင်း — အစားအသောက် ကယ်လိုရီမလျှော့ဘဲ ကစားနေရင် အဆီမကျတဲ့အပြင် ကြွက်သားပါ တက်လာလို့ ခါးပိုတုတ်လာပါမယ်။
3️⃣ ကျောပြင်နဲ့ တင်ပါးကို လျစ်လျူရှုခြင်း — ကျောအပေါ်ပိုင်း (Lats) နဲ့ တင်ပါး (Glutes) ကြီးထွားလာမှ ခါးက အချိုးကျပြီး သေးသယောင် (Optical Illusion) ထင်ရှားလာတာပါ။
4️⃣ Cardio သီးသန့်ပဲ လုပ်ခြင်း — Cardio ဆက်တိုက်လုပ်တာက အဆီကျသွားနိုင်ပေမယ့် ကောက်ကြောင်းပုံစံမကျ ဖြစ်တတ်ပါတယ်။
5️⃣ အသက်ရှူစနစ် မှားယွင်းခြင်း — ဗိုက်ကို အတွင်းသို့ ရှုံ့သွင်းထိန်းချုပ်ရမယ့်အစား အပြင်သို့ ဖောင်းထုတ်ပြီး အားစိုက်ခြင်းက ဝမ်းဗိုက်နံရံကို ပိုထူစေပါတယ်။

ဒီလို အားစိုက်ထုတ်သမျှ သဲထဲရေသွန်မဖြစ်ဖို့.... ကြိုးစားတိုင်း ထိရောက်ဖို့ အတွေ့အကြုံရင့် Trainer များနဲ့ F1 Fitness မှာ စနစ်တကျ လေ့ကျင့်လိုက်ပါ။
=============
Are you working hard for a snatched waist but ending up with a thicker midsection? (5 Common Mistakes to Avoid)

1️⃣Weighted Side Bends: Building heavy obliques widens your waistline.
2️⃣ No Calorie Deficit: Without reducing calories, fat remains while muscles grow underneath.
3️⃣Ignoring Back & Glutes: Widening the upper back (Lats) and glutes is essential to create the hourglass illusion.
4️⃣ Excessive Cardio Only: Too much cardio makes you lose curves, leaving a boxy shape.
5️⃣ Incorrect Core Engagement: Bracing outward instead of drawing the stomach inward thickens the abdominal wall.

Train smart and hit your body goals systematically with F1 Fitness!

🏢𝐅𝟏 𝐅𝐢𝐭𝐧𝐞𝐬𝐬
📲 𝟎𝟗𝟐𝟔𝟑𝟐𝟎𝟕𝟑𝟎𝟗 | 𝟎𝟗𝟐𝟔𝟑𝟗𝟗𝟕𝟓𝟏𝟎
🌐 𝐡𝐭𝐭𝐩://𝐰𝐰𝐰.𝐟𝟏𝐟𝐢𝐭𝐧𝐞𝐬𝐬𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐜𝐨𝐦
📩𝐟𝟏𝐟𝐢𝐭𝐧𝐞𝐬𝐬.𝐦𝐲𝐚𝐧𝐦𝐚𝐫@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
📍𝐋𝐞𝐯𝐞𝐥 𝟔, 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐘𝐚𝐧𝐠𝐨𝐧 𝐌𝐚𝐱, 𝐍𝐨. 𝟒𝟓𝟗 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 7-9-26 to 12-9-26."𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."Unlock your inner a...
05/09/2026

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 7-9-26 to 12-9-26.

"𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."

Unlock your inner athlete with us.

ဘဝတစ်သက်တာ လက်တွဲဖော်အတွက် အကောင်းဆုံး လက်ဆောင်က ဘာဖြစ်မလဲ? 💍✨မင်္ဂလာပွဲနေ့မှာ အလှဆုံး ဝတ်စုံလေးနဲ့ ယုံကြည်မှုအပြည့် တော...
02/09/2026

ဘဝတစ်သက်တာ လက်တွဲဖော်အတွက် အကောင်းဆုံး လက်ဆောင်က ဘာဖြစ်မလဲ? 💍✨
မင်္ဂလာပွဲနေ့မှာ အလှဆုံး ဝတ်စုံလေးနဲ့ ယုံကြည်မှုအပြည့် တောက်ပနေဖို့ဆိုတာ လှပတဲ့ Body Shape တစ်ခုတည်းတင် မဟုတ်ပါဘူး။ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး အသက်ကြီးတဲ့အထိ အတူတူ လျှောက်လှမ်းနိုင်မယ့် "ကျန်းမာကြံ့ခိုင်မှု" လည်း လိုသေးတယ်နော်။
ဒီလို တူနှစ်ကိုယ် ရွှေလက်တွဲမယ့် နေ့ရက်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပေးနိုင်ဖို့ Novotel Yangon Max မှာ ကျင်းပမယ့် "All for Love" Wedding Fair 2026 မှာ F1 Fitness က မင်္ဂလာမောင်နှံတွေအတွက် အထူးအခွင့်အရေး ဖန်တီးပေးထားပါတယ်။

ပွဲရက် ၂ ရက်တည်းသာ ရရှိမယ့် သီးသန့် အစီအစဉ် —
🔥 3 Months Membership (Buy 1 Get 1) 🔥
🗓ရက်စွဲ: September 5 & 6, 2026
📍နေရာ: Novotel Yangon Max (All for Love Wedding Fair)
🛍Promotion: 3 Months Membership — Buy 1 Get 1

F1 Fitness နဲ့အတူ စိတ်လှုပ်ရှားစရာ နေ့ရက်တွေကို အတူတူ ဖြတ်သန်းရင်း ကျန်းမာလှပတဲ့ အနာဂတ်အတွက် ပထမဆုံး ခြေလှမ်းကို စတင်လိုက်ပါ! 🏋️‍♂️❤️🏋️‍♀️
👉 ဒီပို့စ်လေးမှာ ချစ်သူလေးကို Mention ခေါ်ပြီး အတူတူသွားဖို့ အခုပဲ တိုင်ပင်လိုက်ပါနော်။
==============
What could be the greatest gift for your life partner? 💍✨
Shining with confidence in your wedding attire is about more than just having a great body shape. Walking hand in hand and growing old together requires lasting health and fitness, too.
To help you give this priceless gift for your big day, F1 Fitness is offering an exclusive opportunity for couples at the "All for Love" Wedding Fair 2026, held at Novotel Yangon Max.

An exclusive offer available for 2 days only:
🔥 3 Months Membership (Buy 1 Get 1) 🔥
🗓Date: September 5 & 6, 2026
📍Location: Novotel Yangon Max (All for Love Wedding Fair
🛍Promotion: 3 Months Membership — Buy 1 Get 1

Take the first step toward a healthy, vibrant future together and share this exciting journey with F1 Fitness! 🏋️‍♂️❤️🏋️‍♀️

👉 Tag your special someone in the comments and plan your visit together!

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 for 31-8-26 to 5-9-26."𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."Unlock your inn...
29/08/2026

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 for 31-8-26 to 5-9-26.

"𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."

Unlock your inner athlete with us.

22/08/2026

⚡️ Move! Sweat! Energy! – Les Mills Relaunch Recap Video 🔥
Aug 10 ရက်နေ့ Les Mills Relaunch Event မှာ F1 Fitnesd Member များ မမောမပန်းနိုင် Maximum Energy နဲ့ ပါဝင်ခဲ့ကြတဲ့ အမိုက်စား Moment တွေကို စုစည်းထားတဲ့ အမှတ်တရ Video လေး ပြန်လည်မျှဝေလိုက်ပါတယ်! 🎞✨
BODYPUMP 137, BODYCOMBAT 107 နဲ့ BODYBALANCE 112 Movement သစ်တွေ၊ သံစဉ်သစ်တွေကို စီးမျောရင်း Instructors တွေနဲ့အတူ အင်တိုက်အားတိုက် ပါဝင်ပေးခဲ့ကြလို့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်! ❤️
နောက် Event မှာလဲ ဒီထက်ပိုမိုက်တဲ့ Energy တွေနဲ့ ပြန်ဆုံကြမယ်နော်! ⚡️💪
======
Here are the memorable moments from our Les Mills Relaunch Event on Aug 10, packed with maximum energy and tireless enthusiasm from our F1 Members! 🎞✨
A huge thank you to everyone for fully participating alongside our instructors while grooving to the new movements and beats of BODYPUMP 137, BODYCOMBAT 107, and BODYBALANCE 112! ❤️

Let's bring even greater energy to the next event! ⚡️💪

🏢 𝐅𝟏 𝐅𝐢𝐭𝐧𝐞𝐬𝐬
📲 𝟎𝟗 𝟐𝟔𝟑 𝟐𝟎𝟕 𝟑𝟎𝟗 | 𝟎𝟗 𝟐𝟔𝟑 𝟗𝟗𝟕 𝟓𝟏𝟎
🌐 www.f1fitnessmyanmar.com
📍 𝐋𝐞𝐯𝐞𝐥 𝟔, 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐘𝐚𝐧𝐠𝐨𝐧 𝐌𝐚𝐱, 𝐍𝐨. 𝟒𝟓𝟗 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐘𝐚𝐧𝐠𝐨𝐧.

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 for 24-8-26 to 29-8-26."𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."Unlock your in...
22/08/2026

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 for 24-8-26 to 29-8-26.

"𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."

Unlock your inner athlete with us.

Gym မဆော့ခင်နဲ့ ဆော့ပြီး Stretch လုပ်တာ တူသလား? (Dynamic vs. Static Stretching)လေ့ကျင့်ခန်းမလုပ်ခင် အငြိမ် stretch လုပ်တ...
16/08/2026

Gym မဆော့ခင်နဲ့ ဆော့ပြီး Stretch လုပ်တာ တူသလား? (Dynamic vs. Static Stretching)
လေ့ကျင့်ခန်းမလုပ်ခင် အငြိမ် stretch လုပ်တာ (Static Stretching) က ဒဏ်ရာရတာကို ကာကွယ်ပေးတယ်လို့ ထင်ပါသလား?
တကယ်တော့ ကြွက်သားတွေ အလုပ်မလုပ်ရသေးခင်မှာ ဒီအတိုင်းဆွဲဆန့်တာက ကြွက်သားရဲ့ တွန်းကန်အားနဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေပြီး အလေးမတဲ့အခါမှာလည်း အားမရှိသလို ဖြစ်စေနိုင်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းကတော့ မဆော့ခင်မှာ လှုပ်ရှားမှုပါတဲ့ သွေးပူစေမယ့် Warm-up (Dynamic Stretch) လုပ်ပြီး၊ ဆော့ပြီးမှသာ ကြွက်သားတွေကို ပြေလျော့စေတဲ့ အကြောလျှော့တာ (Static Stretch) ကို လုပ်ရမှာပါ။

ဘယ်အချိန်မှာ ဘာလုပ်မလဲ?
Before Workout (Dynamic)… လက်လွှဲတာ၊ ခြေပစ်တာ၊ ခါးလှည့်တာ (High Knees, Arm Circles, Bodyweight Squats) လိုမျိုး လှုပ်ရှားမှုပါတာတွေ လုပ်ပါ။ နှလုံးခုန်နှုန်းကို ဖြည်းဖြည်းချင်း မြင့်တက်စေလို့ ကြွက်သားထဲ သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့အပြင် အဆစ်အမြစ်တွေကို ပူနွေးစေပြီး လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်ဖို့ ပြင်ဆင်ပေးပါတယ်။
After Workout (Static)… လေ့ကျင့်ခန်းလုပ်ပြီးချိန် တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပုံစံတစ်ခုကို စက္ကန့် ၂၀-၃၀ ခန့် အငြိမ် ဆွဲဆန့်ပေးပါ။ ဒါက ကြွက်သားနာကျင်မှုကို လျှော့ချပေးပြီး ကြွက်သားမျှင်တွေရဲ့ ပြန်လည်နာလန်ထူမှု (Recovery) ကို မြန်ဆန်စေပါတယ်။

ဒဏ်ရာအန္တရာယ်ကင်းကင်းနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေရရှိဖို့ Stretch လုပ်နည်းစနစ်ကို မှန်မှန်ကန်ကန် ပြောင်းလဲလိုက်ပါ။ ပိုမိုဘေးကင်းပြီး ထိရောက်တဲ့ လေ့ကျင့်မှုတွေအတွက် F1 Fitness ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
===============
Do you think that static stretching (holding a stretch still) before a workout protects you from injury? In fact, stretching cold muscles statically decreases muscle elasticity and performance, which can make you feel weak when lifting weights. The right way is to perform dynamic warm-ups (Dynamic Stretch) before working out, and save static stretching (Static Stretch) for after the workout to cool down the muscles.

What to do and when?
Before Workout (Dynamic)− Do movements like arm swings, leg kicks, and torso twists (High Knees, Arm Circles, Bodyweight Squats). This gradually raises your heart rate, improves blood circulation to the muscles, and prepares your joints like putting on a warm coat.
After Workout (Static)− Hold a still stretch for 20-30 seconds per muscle group after exercising. This reduces muscle soreness and speeds up the recovery of muscle fibers.

Change your stretching routine properly to stay injury-free and achieve peak performance. Come and join us at F1 Fitness for a safer and more effective workout experience!

🏢𝐅𝟏 𝐅𝐢𝐭𝐧𝐞𝐬𝐬
📲 𝟎𝟗𝟐𝟔𝟑𝟐𝟎𝟕𝟑𝟎𝟗 | 𝟎𝟗𝟐𝟔𝟑𝟗𝟗𝟕𝟓𝟏𝟎
🌐 𝐡𝐭𝐭𝐩://𝐰𝐰𝐰.𝐟𝟏𝐟𝐢𝐭𝐧𝐞𝐬𝐬𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐜𝐨𝐦
📩𝐟𝟏𝐟𝐢𝐭𝐧𝐞𝐬𝐬.𝐦𝐲𝐚𝐧𝐦𝐚𝐫@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
📍𝐋𝐞𝐯𝐞𝐥 𝟔, 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐘𝐚𝐧𝐠𝐨𝐧 𝐌𝐚𝐱, 𝐍𝐨. 𝟒𝟓𝟗 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 for 17-8-26 to 22-8-26."𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."Unlock your in...
15/08/2026

𝑭𝟏 𝑭𝒊𝒕𝒏𝒆𝒔𝒔 𝑮𝑿 𝒄𝒍𝒂𝒔𝒔𝒆𝒔 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆 𝒖𝒑𝒅𝒂𝒕𝒆 for 17-8-26 to 22-8-26.

"𝑺𝒕𝒂𝒓𝒕 𝒏𝒐𝒘. 𝑺𝒕𝒂𝒚 𝒄𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒕. 𝑺𝒆𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆."

Unlock your inner athlete with us.

ဗိုက်တစ်နေရာတည်းက အဆီပဲ သီးသန့်ချလို့ရလား?ဝမ်းဗိုက်၊ လက်မောင်း ဒါမှမဟုတ် ပေါင်က အဆီတွေပဲ ကျချင်လို့ အဲဒီနေရာတွေကိုပဲ အသည...
09/08/2026

ဗိုက်တစ်နေရာတည်းက အဆီပဲ သီးသန့်ချလို့ရလား?
ဝမ်းဗိုက်၊ လက်မောင်း ဒါမှမဟုတ် ပေါင်က အဆီတွေပဲ ကျချင်လို့ အဲဒီနေရာတွေကိုပဲ အသည်းအသန် လေ့ကျင့်ခန်း လုပ်နေပါသလား?
တကယ်တော့ ခန္ဓာကိုယ်မှာ "Spot Reduction" (တစ်နေရာတည်းက အဆီပဲ ကွက်ချခြင်း) ဆိုတာ သိပ္ပံနည်းကျ လုံးဝမရှိပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေက သွေးလှည့်ပတ်မှုကတစ်ဆင့် တစ်ပြိုင်နက်တည်း လောင်ကျွမ်းသွားတာပါ။ ဗိုက်ချချင်လို့ Sit-ups တွေ၊ Crunches တွေချည်းပဲ တစ်နေ့ အကြိမ်ရာချီ လုပ်နေမယ့်အစား ခန္ဓာကိုယ်တစ်ခုလုံးက အဆီထု (Body Fat Percentage) ကို လောင်ကျွမ်းစေမယ့် စနစ်တကျ နည်းလမ်းတွေကို အသုံးပြုရပါမယ်။
အဆီကျပြီး Fit ဖြစ်ဖို့ တကယ့်သော့ချက်များ-
ကြွက်သားအုပ်စုလိုက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။ Compound Movements (Squats, Deadlifts, Push-ups) လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ရဲ့ Metabolism ကို ကာလရှည် မြှင့်တင်ပေးပြီး ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေပါတယ်။
စိတ်ရှည်ပါ။ ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇ (Genetics) ပေါ်မူတည်ပြီး အဆီကျတဲ့နေရာ အနှေးအမြန် ကွာခြားနိုင်လို့ ဇွဲမလျှော့ဘဲ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။

ဒီလို တစ်နေရာတည်းကအဆီကိုပဲ ဇွတ်ချမနေပဲ တစ်ကိုယ်လုံးကအဆီတွေကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန် လောင်ကျွမ်းလိုသူတွေကတော့… F1 Fitness မှာလာရောက်လေ့ကျင့်ကြရင်း စနစ်ကျတဲ့လမ်းညွှန်မှုတွေနဲ့ မှန်မှန်ကန်ကန်လေ့ကျင့်ဖို့… ဒီနေ့ပဲ ဆက်သွယ်လိုက်ပါ။
===============
Are you working out intensely focusing only on your belly, arms, or thighs just to lose fat in those specific spots?
In reality, "Spot Reduction" (losing fat from one specific area) scientifically does not exist. When you exercise, fat is burned simultaneously from the entire body through blood circulation. Instead of doing hundreds of sit-ups and crunches a day to lose belly fat, you need to use systematic methods to lower your overall Body Fat Percentage.

Real Keys to Lose Fat and Get Fit:
Total Body Workouts: Compound movements that use large muscle groups (Squats, Deadlifts, Push-ups) elevate your metabolism for the long term and burn more calories.

Patience & Consistency: Depending on your genetics, the speed of fat loss varies by area, so it is necessary to be patient and not give up.

For those who want to stop obsessing over spot reduction and burn overall body fat effectively and properly... come train with us at F1 Fitness!

Contact us today to receive systematic guidance and workout the right way.

🏢𝐅𝟏 𝐅𝐢𝐭𝐧𝐞𝐬𝐬
📲 𝟎𝟗𝟐𝟔𝟑𝟐𝟎𝟕𝟑𝟎𝟗 | 𝟎𝟗𝟐𝟔𝟑𝟗𝟗𝟕𝟓𝟏𝟎
🌐 𝐡𝐭𝐭𝐩://𝐰𝐰𝐰.𝐟𝟏𝐟𝐢𝐭𝐧𝐞𝐬𝐬𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐜𝐨𝐦
📩𝐟𝟏𝐟𝐢𝐭𝐧𝐞𝐬𝐬.𝐦𝐲𝐚𝐧𝐦𝐚𝐫@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
📍𝐋𝐞𝐯𝐞𝐥 𝟔, 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐘𝐚𝐧𝐠𝐨𝐧 𝐌𝐚𝐱, 𝐍𝐨. 𝟒𝟓𝟗 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

Address

Yangon

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

09263207309

Alerts

Be the first to know and let us send you an email when F1 Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to F1 Fitness:

Shortcuts

Share