29/07/2026
🙏 ဓမ္မစကြာနေ့ (ဝါဆိုလပြည့်နေ့) အခါသမယ 🙏
ယနေ့ ဓမ္မစကြာနေ့၊ ဝါဆိုလပြည့်နေ့၏ မြင့်မြတ်သော အခါသမယတွင်
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မအလင်းရောင်ကို နှလုံးသွင်းကာ
ကုသိုလ်တရားများ တိုးပွား၍ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများနှင့် ပြည့်စုံနိုင်ကြပါစေ။
ဤမြတ်သောနေ့တွင် ပြုလုပ်သမျှ ကုသိုလ်အစုစုတို့သည်
မိမိနှင့်တကွ မိသားစုဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများအားလုံးထံ အကျိုးပြုစေပြီး
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ အလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်ခြင်း၊
လိုရာဆန္ဒများ ပြည့်ဝကြစေပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”
(အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏)
အားလုံးပဲ ဓမ္မအလင်းဖြင့် ဘဝခရီးကို အေးချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။
မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေ။ 🙏🌕
……………………………………………..
🍀𝐓𝐡𝐞 𝐇𝐨𝐬𝐭𝐞𝐥 𝐄𝐑𝐀
✅ 𝐫𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧𝐬 >> 𝐈𝐧𝐛𝐨𝐱 𝐅𝐁 𝐨𝐫 𝐜𝐚𝐥𝐥 𝐮𝐬 𝐧𝐨𝐰
at 𝟎𝟔𝟒𝟗𝟏𝟒𝟎𝟖𝟒𝟎 (Viber On) ☎️𝐓𝐞𝐥 : 𝟎𝟐𝟎𝟎𝟎𝟖𝟖𝟒𝟑.
📍Location at - https://maps.app.goo.gl/jhrtdAdu2CnusWoP8?g_st=com.google.maps.preview.copy
916/21, Sukhumvit 55, Thong Lo, Khlong Tan Nuea, Watthana, Bangkok 10110, Thailand.
🇹🇭
916/21 ซ.สุขุมวิท 55 (ทองหล่อ) แขวงคลองตันเหนือเขตวัฒนากรุงเทพมหานคร(10110)