Klassique Sukhumvit Hotel

เส้นทาง

Klassique Sukhumvit Hotel Where Bangkok Feels Like Home
(2)

🌦️ မိုးကြီးလာမယ်ဆိုလို့ စောင့်နေတာ… မိုးက ချိန်းထားတာ မေ့နေပြီထင်တယ်။ 🤭ဒီရက်ပိုင်း Bangkok မှာ မိုးသည်းထန်နိုင်တယ်ဆိုတဲ့...
12/10/2026

🌦️ မိုးကြီးလာမယ်ဆိုလို့ စောင့်နေတာ… မိုးက ချိန်းထားတာ မေ့နေပြီထင်တယ်။ 🤭

ဒီရက်ပိုင်း Bangkok မှာ မိုးသည်းထန်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် ခရီးလာဖို့ စိတ်ပူနေကြတဲ့သူတွေ များပါတယ်။ မင်မင်တို့လည်း မိုးအခြေအနေကို စောင့်ကြည့်နေတာပေါ့နော်။ 👀☔

ဒါပေမယ့် အောက်တိုဘာ ၁၂ ရက်နေ့အထိ မင်မင်တို့ဘက်မှာတော့ စိုးရိမ်ထားသလောက် မိုးကြီးကြီးမားမား မရွာသေးဘဲ သွားလာလည်ပတ်လို့ အဆင်ပြေနေဆဲပါ။ 💙

မိုးကြီးလာမယ်ဆိုလို့ ခရီးစဉ်ဖျက်ဖို့ စဉ်းစားနေသူတွေလည်း မိုးမရောက်ခင် ကိုယ်က အရင်စိတ်ပူပြီး ပင်ပန်းမနေပါနဲ့ဦးနော်။ ဒါပေမယ့် မိုးက ချိန်းထားတာ နောက်ကျနေတာလည်း ဖြစ်နိုင်တာမို့ သတိတော့ မလျှော့ကြပါနဲ့။ 🤭 ☔

မိုးရွာနိုင်တဲ့ သတိပေးချက်တွေ ဆက်ရှိနေသေးတာကြောင့် Weather Update တွေကြည့်ပြီး ကိုယ်သွားမယ့်နေရာရဲ့ လမ်းအခြေအနေကိုလည်း စစ်ဆေးထားဖို့ အကြံပြုပါတယ်။

Klassique Sukhumvit မှာ တည်းခိုနေတဲ့ ဧည့်သည်တော်ကြီးတွေလည်း သွားလာရေးအတွက် အကူအညီလိုရင် Reception ကို မေးမြန်းနိုင်ပါတယ်နော်။ 💙

မိုးကိုတော့ မင်မင်တို့ ထိန်းမပေးနိုင်ပေမယ့် ဧည့်သည်တော်ကြီးတို့ ခရီးစဉ် အဆင်ပြေဖို့တော့ တတ်နိုင်သလောက် ကူညီပေးပါမယ်။ 🏡🥰

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel
🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260.

1933 ถ.สุขุมวิท แขวงพระโขนงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260.

📞 Call us: +66 2 332 7144
📩 Email: [email protected]

#မြန်မာဟိုတယ် #ဘန်ကောက်

🏆 ကမ္ဘာ့ No. 1 City ဖြစ်သွားတဲ့ Bangkok… ဘာတွေများ ဒီလောက်ကောင်းလို့ No. 1 တောင်ဖြစ်ရတာလဲ? 🙄2026 ခုနှစ် Condé Nast Trave...
09/10/2026

🏆 ကမ္ဘာ့ No. 1 City ဖြစ်သွားတဲ့ Bangkok… ဘာတွေများ ဒီလောက်ကောင်းလို့ No. 1 တောင်ဖြစ်ရတာလဲ? 🙄

2026 ခုနှစ် Condé Nast Traveller (UK) Readers’ Choice Awards မှာ Bangkok က World’s Best City အဖြစ် No. 1 ရွေးချယ်ခံခဲ့ရပါတယ်။ 🎉

ဘာကြောင့်လဲဆိုတော့ Bangkok က ခရီးသွားတွေအတွက် Experience မျိုးစုံကို မြို့တစ်မြို့တည်းမှာ ခံစားနိုင်တဲ့နေရာဖြစ်နေလို့ပါ။

🏯 Culture & Attractions: ရှေးဟောင်းဘုရားကျောင်းတွေ၊ နန်းတော်တွေကနေ Modern City Lifestyle အထိ

🍜 Food Paradise: နာမည်ကြီး Street Food တွေကနေ Fine Dining Experience တွေအထိ

🛍️ Shopping & Markets: Shopping Mall ကြီးတွေ၊ Local Market တွေနဲ့ စျေးဝယ်စရာနေရာမျိုးစုံ

🌃 Entertainment & Nightlife: Rooftop Bars, Night Markets နဲ့ ညဘက်လည်ပတ်စရာတွေ

💙 Thai Hospitality: ခရီးသွားတွေကို နွေးထွေးစွာ ကြိုဆိုတတ်တဲ့ ဝန်ဆောင်မှုနဲ့ ယဉ်ကျေးမှု

ဒီလို အားသာချက်တွေရှိတဲ့ Bangkok မှာ Shopping ကလည်း ခရီးသွားတွေ အကြိုက်ဆုံး Experience တွေထဲက တစ်ခုပါပဲ။ 😍

Bangkok မှာ Shopping ဆိုတာ Luxury Mall တွေမှာ Brand ကြီးတွေဝယ်တာတစ်မျိုးတည်း မဟုတ်ဘူးနော်။

👗 Fashion နဲ့ Wholesale Shopping
💄 Beauty & Skincare Products
✨ Thai Local Brands
🛒 Weekend Markets & Street Shopping
🎁 Souvenirs နဲ့ Unique Finds

ကိုယ့် Budget နဲ့ ကိုက်တဲ့ Shopping Experience ကို ရွေးလို့ရတာက Bangkok ရဲ့ အားသာချက်တစ်ခုပါ။

ဒါကြောင့် ဒီတစ်ခေါက် Bangkok လာလည်မယ်ဆို Shopping အတွက်လည်း အချိန်လေး သီးသန့်ဖယ်ထားဦးနော်။ 🛍️

ပြီးတော့ ဘယ်မှာ ဘာဝယ်ရမလဲ၊ ဘယ်လိုသွားရမလဲ၊ ဘယ် Shopping Spot တွေကို တစ်ရက်တည်းတွဲသွားလို့ရမလဲ ဆိုတာ မသိရင်လည်း Klassique Sukhumvit မှာတည်းတဲ့ ဧည့်သည်တော်ကြီးတွေအတွက် FREE Trip Advice & Planning Assistance ရှိပါတယ်။ 🗺️💙

ကမ္ဘာ့ No. 1 City ကို လာလည်ပြီး Shopping မထွက်ခဲ့ရင်တော့ နည်းနည်းနာတာပေါ့နော်! 😂🧳

Free service applies to Trip Advice & Planning Assistance only. Transportation, shopping purchases, tickets, meals and other travel expenses are not included.

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel
🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260.

1933 ถ.สุขุมวิท แขวงพระโขนงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260.

📞 Call us: +66 2 332 7144
📩 Email: [email protected]

#မြန်မာဟိုတယ် #ဘန်ကောက်

🌦️ Bangkok ကိုလာဖို့ မိုးကြောင့် စိတ်ပူနေကြလား?ဒီရက်ပိုင်း Bangkok နဲ့ အနီးတဝိုက်မှာ မိုးသည်းနိုင်တယ်ဆိုတဲ့ သတိပေးချက်တွ...
07/10/2026

🌦️ Bangkok ကိုလာဖို့ မိုးကြောင့် စိတ်ပူနေကြလား?

ဒီရက်ပိုင်း Bangkok နဲ့ အနီးတဝိုက်မှာ မိုးသည်းနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေရှိနေတာကြောင့် ခရီးစဉ်ရှိထားသူတွေ စိတ်ပူနေကြမယ်ထင်ပါတယ်။

ဒါပေမယ့် လက်ရှိ Bangkok အခြေအနေကတော့ ထင်ထားသလောက် မဆိုးဘဲ သွားလာလို့ အဆင်ပြေနေပါတယ်နော်။ 💙

မိုးကတော့ အချိန်ပိုင်းရွာနိုင်တာရှိလို့ ☔ လေးဆောင်ထားပြီး ကိုယ်သွားမယ့်နေရာရဲ့ Weather နဲ့ လမ်းအခြေအနေကို ထွက်ခါနီး တစ်ချက်စစ်ထားရင် ပိုအဆင်ပြေပါတယ်။

မိုးကြောင့် အရမ်းကြီး စိတ်မပူပါနဲ့။ လက်ရှိထိတော့ လည်လို့ပတ်လို့၊ သွားလို့လာလို့ အဆင်ပြေနေပါတယ်။ 🏙️✨

Klassique Sukhumvit မှာ တည်းခိုနေတဲ့ ဧည့်သည်တော်ကြီးတွေလည်း သွားလာရေးအခြေအနေ၊ ဘယ်လိုသွားရင်အဆင်ပြေမလဲဆိုတာ သိချင်ရင် Reception ကို အချိန်မရွေး မေးလို့ရပါတယ်နော်။ 💙

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel
🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260.

1933 ถ.สุขุมวิท แขวงพระโขนงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260.

📞 Call us: +66 2 332 7144
📩 Email: [email protected]

#မြန်မာဟိုတယ် #ဘန်ကောက်

🤝 ထားဝယ်ရေဘေးသင့်ပြည်သူများအတွက် အတူတကွ ပါဝင်ကူညီပေးကြပါစို့။ Klassique Sukhumvit Hotel မှလည်း ဒီအရေးပေါ်ကူညီရေးအစီအစဉ်မ...
03/10/2026

🤝 ထားဝယ်ရေဘေးသင့်ပြည်သူများအတွက် အတူတကွ ပါဝင်ကူညီပေးကြပါစို့။ Klassique Sukhumvit Hotel မှလည်း ဒီအရေးပေါ်ကူညီရေးအစီအစဉ်မှာ ပါဝင်ပံ့ပိုးပေးထားပါတယ်။ ❤️

Standing together for Dawei. 🤍
Every contribution makes a difference.

ယခုလက်ရှိဖြစ်ပေါ်ခဲ့သော ထားဝယ်မြို့ ရေကြီးရေလျံမှုနှင့် မြေပျိုမှုအန္တရာယ်များနှင့် နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုများကို ခံစားခဲ့ရသည့် မြန်မာနိုင်ငံပြည်သူများအတွက် Luxurium Group နှင့်အတူ ရိက္ခာခြောက် နှင့် အခြားလိုအပ်သောကုန်စည်များ လှူဒါန်းပေးနိုင်ပါသည်။

Bangkok မှ ထားဝယ်မြို့သို့အရောက် ကုန်စည်များကို Land Cargo ဖြင့် တိုက်ရိုက်ပို့ဆောင်မည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများအား တိုက်ရိုက်လှူဒါန်းပေးမည်ဖြစ်ပါသည်။

🗓️ အလှူပစ္စည်းများလက်ခံမှုကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ညနေအထိ လက်ခံပေးမည်ဖြစ်ပြီး

📍 ဘန်ကောက်မြို့ရှိ Klassique Sukhumvit Hotel သို့ ကိုယ်တိုင်လာရောက်ပေးပို့နိုင်ပါသည်။

လိုအပ်သည့်နေရာများသို့ တိုက်ရိုက်ထိရောက်စွာ လှူဒါန်းပေးသွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ပေးကြသူများအားလုံးကို လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။ ဤခက်ခဲသော အချိန်ကာလများတွင် အားလုံး၏ ပူးပေါင်းပါဝင်မှုသည် ကျွန်ုပ်တို့ အသိုင်းအဝိုင်း၏ အံ့ဖွယ်စွမ်းအားကို ပြသလျက်ရှိပြီး သဘာဝဘေးဒဏ်ခံစားနေရသူများအတွက် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုတစ်ခုကို ဖန်တီးနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။

In response to the recent flooding, landslides, and the resulting damage affecting communities in Dawei, Myanmar, we are joining hands with Luxurium Group to support those impacted during this difficult time.

We are accepting donations of dry food, essential supplies, and other necessary goods from those in Bangkok who would like to contribute.

All collected items will be transported directly from Bangkok to Dawei by land cargo and distributed to flood-affected communities in need.

📍 Donation Drop-off Point:
Klassique Sukhumvit Hotel, Bangkok

🗓️ Donations will be accepted until the evening of 7 October 2026.

Our aim is to ensure that the donated supplies reach the communities where support is most needed as directly and effectively as possible.

We sincerely thank everyone who chooses to contribute. During times of hardship, every act of kindness matters. By coming together as a community, we believe our collective support can make a meaningful difference to those affected by this natural disaster.

Together, we can help. Together, we can make a difference.

Bangkok ရောက်တိုင်း သွားနေကျနေရာတွေပဲ ထပ်သွားနေတုန်းလား?နာမည်ကြီးလို့ သွားသင့်တာတော့ မှန်ပါတယ် … ဒါပေမယ့် Bangkok ကို အက...
02/10/2026

Bangkok ရောက်တိုင်း သွားနေကျနေရာတွေပဲ ထပ်သွားနေတုန်းလား?

နာမည်ကြီးလို့ သွားသင့်တာတော့ မှန်ပါတယ် … ဒါပေမယ့် Bangkok ကို အကြိမ်ကြိမ်ရောက်ပြီးနေပြီ၊ ဒါပေမယ့် Check-in တွေကတော့ ဒီနေရာတွေပဲဆို ရင်တော့ နည်းနည်း Update လုပ်ဖို့လိုပြီနော် 🤭

တကယ်တော့ Bangkok မှာ အသစ်ဖွင့်ထားတဲ့နေရာတွေ၊ Café အသစ်တွေ၊ Shopping Spot အသစ်တွေ၊ Photo Spot အသစ်တွေ၊ Local တွေကြားမှာ ခေတ်စားနေတဲ့နေရာတွေ အများကြီးရှိပါတယ်။ ✨

ဒါပေမယ့်
“ဘယ်သွားရမလဲ?”
“ဘယ်လိုသွားရမလဲ?”
“တစ်ရက်တည်း ဘယ်နေရာတွေနဲ့ တွဲသွားလို့ရမလဲ?” ဆိုတာ မသိဘူးဆိုလည်း အေးဆေးပါ။ 😎

Klassique Sukhumvit မှာတည်းရင် ကိုယ်သွားချင်တဲ့ပုံစံလေးပဲ ပြောပါ။ 🗺️
Trip Planning Buddies တွေက Trip Advice & Planning ကို FREE ကူညီပေးပါတယ်။

ဒီတစ်ခေါက် Bangkok Trip မှာတော့ သွားနေကျနေရာတွေကိုပဲ ထပ်မသွားနဲ့တော့နော်… အသစ်လေးတွေလည်း ရှာကြည့်ရအောင် 💙

Free service applies to Trip Advice & Planning Assistance only. Transportation, tickets, meals and other travel expenses are not included.

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel
🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260

1933 ถ.สุขุมวิท แขวงพระโขนงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260

📞 Call us: +66 2 332 7144
📩 Email: [email protected]

#မြန်မာဟိုတယ် #ဘန်ကောက်

🇲🇲 မြန်မာ၉၂ ရက်တာ အတူရှိခဲ့ပြီးနောက် … နှုတ်ဆက်ရမယ့်အချိန် ရောက်လာပါပြီ။ 💙Room 307 မှာ ၉၂ ရက်တိုင်တိုင် တည်းခိုခဲ့တဲ့ ဧည...
01/10/2026

🇲🇲 မြန်မာ

၉၂ ရက်တာ အတူရှိခဲ့ပြီးနောက် … နှုတ်ဆက်ရမယ့်အချိန် ရောက်လာပါပြီ။ 💙

Room 307 မှာ ၉၂ ရက်တိုင်တိုင် တည်းခိုခဲ့တဲ့ ဧည့်သည်တော်ကြီးဆီက ဒီလိုနွေးထွေးတဲ့ လက်ရေးစာလေး ရရှိခဲ့ပါတယ်။

သုံးလကျော်ကြာ Klassique Sukhumvit ကို ကိုယ့်အိမ်လေးတစ်အိမ်လို ရွေးချယ်ပေးခဲ့တာနဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် ချစ်စရာကောင်းတဲ့ စကားလေးတွေ ချန်ထားပေးခဲ့တာကို အများကြီးကျေးဇူးတင်ပါတယ်။ 🏡

ဒီ Goodbye က နောက်တစ်ကြိမ် ပြန်ဆုံနိုင်မယ့် See You Again ဖြစ်ပါစေ။ 💙

🇬🇧 English

After 92 days together, it’s time to say goodbye.

Our lovely guest from Room 307 left this heartfelt note after staying with us for more than three months.

Thank you for making Klassique Sukhumvit your home and for your kind words to every member of our team. It has truly been our pleasure having you with us. 🏡

We hope this goodbye is only a “See You Again.” 💙

🇹🇭 ไทย

หลังจากอยู่ด้วยกันมา 92 วัน ถึงเวลาที่ต้องบอกลากันแล้ว 💙

แขกที่น่ารักจากห้อง 307 ได้ฝากข้อความอันอบอุ่นนี้ไว้ หลังจากพักกับเรานานกว่าสามเดือน

ขอบคุณที่ให้ Klassique Sukhumvit เป็นเหมือนบ้านของคุณ และขอบคุณสำหรับคำพูดดี ๆ ที่มอบให้กับพนักงานทุกคน 🏡

และหวังว่า Goodbye ครั้งนี้จะเป็นเพียง “แล้วพบกันใหม่” 💙

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel
🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260
1933 ถ.สุขุมวิท แขวงพระโขนงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260

📞 +66 2 332 7144
📩 [email protected]

#မြန်မာဟိုတယ် #ဘန်ကောက်

💙 Bangkok မှာ တည်းဖို့ Hotel ရွေးနေတယ်ဆိုရင် … တည်းရတာ သက်သောင့်သက်သာရှိမလား၊ သွားလာရလွယ်မလား၊ Hotel မှာ ဘာ Facilities တ...
30/09/2026

💙 Bangkok မှာ တည်းဖို့ Hotel ရွေးနေတယ်ဆိုရင် …

တည်းရတာ သက်သောင့်သက်သာရှိမလား၊ သွားလာရလွယ်မလား၊ Hotel မှာ ဘာ Facilities တွေရှိလဲ၊ Booking တင်ရတာ စိတ်ချရလား - အားလုံးက အရေးကြီးပါတယ်။ ✨

Klassique Sukhumvit မှာတော့ …

🛏️ Comfortable Rooms
တစ်နေ့လုံး Bangkok ပတ်ပြီး ပြန်လာတဲ့အခါ သက်သောင့်သက်သာ အနားယူနိုင်မယ့် အခန်းတွေ။

🚆🛺 Convenient Location + Free Tuk Tuk
Sukhumvit Road ပေါ်မှာရှိပြီး BTS On Nut နဲ့နီးပါတယ်။ Hotel ရဲ့ Free Tuk Tuk Service နဲ့လည်း BTS On Nut အပါအဝင် အနီးအနား Drop-off Points တွေကို သွားလို့ရပါတယ်။

✨ More Than Just a Stay
Hotel ထဲမှာပဲ Yatha Wadi Burmese Cuisine - Bangkok, Nine TNine NineT Nine - Salon in Bangkok, Book BooK NooK - Myanmar Bookshop in Bangkok နဲ့ Cat.ffee Bangkok - Cats and Coffee တို့ရှိလို့ တည်းခိုရုံသက်သက်ထက်ပိုတဲ့ Experience ကို ရနိုင်ပါတယ်။

📄 Easy & Reliable Booking
Booking Confirm လုပ်ဖို့ ငွေအပြည့်ကြိုချေထားစရာမလိုဘဲ Booking တင်ပြီးရင်လည်း Hotel ကနေ Confirmation Document တိုက်ရိုက်ရရှိမှာမို့ ကိုယ့် Booking အတွက် စိတ်ချလို့ရပါတယ်။ 💙

Bangkok Trip အတွက် တည်းရအဆင်ပြေ၊ သွားလာရလွယ်၊ Hotel ထဲမှာလည်း လိုအပ်တာတွေစုံပြီး Booking လုပ်ရတာလည်း လွယ်တဲ့နေရာ ရှာနေတယ်ဆိုရင် ...

🏡 Klassique Sukhumvit မှာ ဆုံကြမယ်နော်။

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel
🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260

1933 ถ.สุขุมวิท แขวงพระโขนงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260

📞 Call us: +66 2 332 7144
📩 Email: [email protected]

#မြန်မာဟိုတယ် #ဘန်ကောက်

October မှာ Bangkok လာဖို့ စီစဉ်ထားသူတွေကို အသိပေးချင်တာလေးကတော့ Klassique Sukhumvit ရဲ့ Deluxe Room Rate က 990 THB / Ni...
30/09/2026

October မှာ Bangkok လာဖို့ စီစဉ်ထားသူတွေကို အသိပေးချင်တာလေးကတော့ Klassique Sukhumvit ရဲ့ Deluxe Room Rate က 990 THB / Night ကနေ စပါတယ်! 💙

မိုးအခြေအနေတွေလည်း အများကြီး သက်သာလာပြီဆိုတော့ ရွှေ့ထားတဲ့ Bangkok Trip တွေ ပြန်စီစဉ်ဖို့ အချိန်ရောက်ပြီနော်။ ✈️🏙️

Klassique Sukhumvit ရဲ့ အခန်း Rate တွေက Occupancy ပေါ်မူတည်ပြီး ပြောင်းလဲတာမို့ အခန်းလွတ်များတဲ့ရက်မှာ စျေးပိုသက်သာပါတယ်။

ဒါကြောင့် 990 THB Rate ရနိုင်တဲ့ရက်ကို လက်လွတ်မခံချင်ရင် စောစော Booking တင်ထားနော်! 🔥

October Bangkok Trip ရှိပြီဆို Travel Date လေးပို့ပြီး ကိုယ်လာမယ့်ရက်အတွက် Rate ကို အခုပဲမေးထားလိုက်ပါ။ 💙

မြန်မာ: စျေးနှုန်းအားလုံးသည် အခွန်အခများ ပါဝင်ပြီးသား စျေးနှုန်းများဖြစ်ပါသည်။
English: All rates are inclusive of taxes and fees.
ไทย: ราคาทั้งหมดรวมภาษีและค่าธรรมเนียมแล้ว

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel
🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260

1933 ถ.สุขุมวิท แขวงพระโขงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260

📞 Call us: +66 2 332 7144
📩 Email: [email protected]

#မြန်မာဟိုတယ် #ဘန်ကောက်

🌦️ BANGKOK UPDATE - ရေကျလာနေပေမယ့် မိုးဖွဲဖွဲရှိနေဆဲ 🌦️Bangkok ရဲ့ နေရာတော်တော်များများမှာ ရေစကျလာပြီး သွားလာမှုတွေ ပြန်...
28/09/2026

🌦️ BANGKOK UPDATE - ရေကျလာနေပေမယ့် မိုးဖွဲဖွဲရှိနေဆဲ 🌦️

Bangkok ရဲ့ နေရာတော်တော်များများမှာ ရေစကျလာပြီး သွားလာမှုတွေ ပြန်လည်အဆင်ပြေလာပါပြီ။ Public Transportation တွေလည်း ပုံမှန်ပြန်လည်ပြေးဆွဲနေပြီး Klassique Sukhumvit ရဲ့ Free Tuk Tuk Service လေးလည်း ပြန်လည်ပြေးဆွဲနေပါပြီ။ 🛺💙

ဒါပေမယ့် မိုးကတော့ ခဏခဏရွာနေဆဲဖြစ်ပြီး ရေမကျသေးတဲ့နေရာတွေလည်း ရှိနေသေးတာကြောင့် သွားလာတဲ့အခါ သတိထားဖို့ လိုပါသေးတယ်။

ဒီရက်ပိုင်း အပြင်ထွက်မယ်ဆို -

🚕 Taxi / Grab / Bolt ကို ကြိုခေါ်ထားပါ။
✈️ Airport သွားမယ်ဆို အချိန်ပိုပေးပြီး စောစောထွက်ပါ။
📍 မထွက်ခင် Route နဲ့ လမ်းအခြေအနေကို ကြိုစစ်ပါ။
🌧️ ရေကျန်နေတဲ့လမ်းတွေကို တတ်နိုင်သလောက် ရှောင်ပါ။
👟 ရေထဲဆင်းခဲ့ရရင် ပြန်ရောက်တာနဲ့ သန့်ရှင်းစွာ ဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။
🦟 ခြင်ကိုက်မခံရအောင်လည်း ဂရုစိုက်ပါ။

အခြေအနေက သက်သာလာနေပေမယ့် မိုးရှိနေသေးတာမို့ သွားလာရေးရော ကျန်းမာရေးပါ ဂရုစိုက်ကြပါနော်။ 💙

Stay Smarter. Stay Better. Stay Klassique.

Klassique Sukhumvit Hotel

🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260

1933 ถ.สุขุมวิท แขวงพระโขนงเหนือ เขตวัฒนา, ใต้สะพานพระโขนง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260

📞 Front Office: 06-1929-9608
📩 Email: [[email protected]]

#မြန်မာဟိုတယ် #ဘန်ကောက်

🌧️💙 မိုးတွေကြီးနေတဲ့ ဒီရက်တွေမှာ အပြင်ထွက်ဖို့ မလိုရင် မထွက်ပါနဲ့နော်။လက်ရှိ Bangkok မှာ မိုးသည်းထန်ပြီး ရေကြီးနေတဲ့နေရာ...
26/09/2026

🌧️💙 မိုးတွေကြီးနေတဲ့ ဒီရက်တွေမှာ အပြင်ထွက်ဖို့ မလိုရင် မထွက်ပါနဲ့နော်။

လက်ရှိ Bangkok မှာ မိုးသည်းထန်ပြီး ရေကြီးနေတဲ့နေရာတွေ၊ သွားလာရခက်ခဲနေတဲ့ လမ်းတွေရှိနေတာကြောင့် Klassique Sukhumvit မှာ တည်းခိုနေတဲ့ ဧည့်သည်တော်ကြီးတွေကို အပြင်ထွက်ပြီး စားစရာရှာရတာ၊ လမ်းပေါ်မှာ သွားလာရတာ၊ မလိုအပ်ဘဲ အပြင်ထွက်ရတာမျိုး မဖြစ်စေချင်ပါဘူး။

ဒါကြောင့် လက်ရှိ In-house Guests တွေအတွက် -

🍽️ Yatha Wadi Burmese Cuisine - Bangkok မှာ ဘာစားစား 5% OFF
အပြင်ထွက်ပြီး စားစရာရှာစရာမလိုဘဲ Hotel ထဲမှာပဲ အေးအေးဆေးဆေး စားနိုင်ပါတယ်။

💇‍♀️ NineT Nine - Salon in Bangkok မှာ ဘာ Service လုပ်လုပ် 25% OFF
မိုးကြောင့် အပြင်ထွက်လို့မကောင်းတဲ့အချိန် Hotel ထဲမှာပဲ အနားယူရင်း ကိုယ်လိုအပ်တဲ့ Salon Services တွေကို အသုံးပြုနိုင်ပါတယ်။

ပြီးတော့ မိုးနဲ့ရေကြီးမှုအခြေအနေကြောင့် အိမ်ပြန်ဖို့ အဆင်မပြေသေးတာ၊ ခရီးဆက်ဖို့ခက်ခဲနေတာကြောင့် Stay ကို ဆက်တိုးဖို့လိုအပ်တယ်ဆိုရင်လည်း တစ်ည 900 THB Special Rate နဲ့ ဆက်လက်တည်းခိုနိုင်အောင် စီစဉ်ပေးထားပါတယ်။ 🏨

ဒီအချိန်မှာ Promotion တစ်ခုလုပ်ချင်တာထက် Klassique Sukhumvit မှာ ရှိနေတဲ့ ဧည့်သည်တော်ကြီးတွေ ဘေးကင်းပြီး အဆင်ပြေပြေ နေနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးချင်တာပါ။ 💙

အပြင်ထွက်ဖို့ မလိုရင် Hotel မှာပဲ အေးအေးဆေးဆေး နားနေပါနော်။
လိုအပ်တာရှိရင်လည်း Reception ကို အချိန်မရွေး ပြောပေးပါ။

အားလုံး ဒီမိုးရက်တွေကို ဘေးကင်းရန်ရှင်းစွာနဲ့ အဆင်ပြေပြေ ကျော်ဖြတ်နိုင်ကြပါစေ။ 🌧️💙

မြန်မာ: စျေးနှုန်းအားလုံးသည် အခွန်အခများ ပါဝင်ပြီးသား စျေးနှုန်းများဖြစ်ပါသည်။
English: All rates are inclusive of taxes and fees.
ไทย: ราคาทั้งหมดรวมภาษีและค่าธรรมเนียมแล้ว

Stay Smarter. Stay Better. Stay Klassique.
Klassique Sukhumvit Hotel

🏡 Where Bangkok Feels Like Home

📍 1933 Sukhumvit Road, Between On Nut BTS & Phra Khanong BTS, Phra Khanong Nuea, Watthana, Bangkok 10260

1933 ถ.สุขุมวิท แขวงพระโขงเหนือ เขตวัฒนา, ใต้สะพานพระโขง อยู่ตรงทางเลี้ยวยูเทิร์น, กรุงเทพมหานคร 10260

📞 Front Office: 06-1929-9608
📩 Email: [[email protected]]

#မြန်မာဟိုတယ် #ဘန်ကောက်

ที่อยู่

1933 (A) Building, Sukhumvit Road (near Soi 73), Phra Khanong Nuea, Watthana
Bangkok
10260

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Klassique Sukhumvit Hotel โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

ได้รับการสนับสนุน

  • Cana Boutique Hotel

    Cana Boutique Hotel

    141 ซ. จรัญสนิทวงศ์ 57/2 แขวง บางบำหรุ เขต บางพลัด

แชร์

หมวดหมู่