10/10/2026
Chiang Mai ရောက်ရင် ဒီလို ကော်ဖီဆိုင်လေး တစ်ခေါက်တော့ သွားကြည့်သင့်တယ်☕
ကော်ဖီဆိုင်ဆိုတာ ကော်ဖီသောက်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။
တစ်ခါတလေ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏထွက်ပြီး
သဘာဝတရားနဲ့ အေးအေးဆေးဆေး အနားယူဖို့လည်း လိုတယ်မလား။ 🌱
ဒီလိုအချိန်မျိုးအတွက် Chiang Mai မှာ
သွားလည်သင့်တဲ့ Cafe လေးတစ်ခုကတော့
ARB PA Home & Cafe ပါ။
Mae Kampong သွားတဲ့လမ်းဘက်မှာရှိပြီး
သစ်ပင်စိမ်းစိမ်းလေးတွေ၊ စီးဆင်းနေတဲ့
စမ်းချောင်းလေးတွေနဲ့ သဘာဝအငွေ့အသက်တွေကို
အပြည့်အဝခံစားနိုင်မဲ့ နေရာလေးပါ။
ဒီဆိုင်လေးရဲ့ အထူးခြားဆုံးအချက်က
စမ်းချောင်းဘေးမှာထိုင် ရေစီးသံလေးနားထောင်ရင်း
ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေး
သောက်လို့ရတာပါပဲ။
ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တဲ့သူတွေအတွက်လည်း
နေရာကောင်းလေးဖြစ်သလို ချစ်သူနဲ့ဖြစ်ဖြစ်၊
သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းဖို့လည်း သင့်တော်ပါတယ်။
Chiang Mai ကို အလည်လာပြီး LM Hostel မှာ
တည်းမယ်ဆိုရင်လည်း ဒီလို Cafe လှလှလေးတွေ၊
လည်ပတ်စရာနေရာလေးတွေကို ကျွန်တော်တို့ဆီမှာ မေးမြန်းနိုင်ပါတယ်။
Chiang Mai ခရီးစဉ်ကို အမှတ်တရကောင်းလေးတွေနဲ့
ပြည့်စုံစေဖို့ LM Hostel က ကြိုဆိုနေပါတယ်။ ❤️
LM Hostel
You_Are_VIP