𝑳𝒂𝒃𝒐𝒓 𝑾𝒐𝒓𝒌 𝑷𝒍𝒖𝒔 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅

เส้นทาง

𝑳𝒂𝒃𝒐𝒓 𝑾𝒐𝒓𝒌 𝑷𝒍𝒖𝒔 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก 𝑳𝒂𝒃𝒐𝒓 𝑾𝒐𝒓𝒌 𝑷𝒍𝒖𝒔 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅, เซอร์วิสอพาร์ทเมนท์, 257/1 Moo. 1, Hang Sung, Chon Buri

▫️စာရွက်စာတမ်းအမျိုးမျိုး
▫️𝗩𝗶𝘀𝗮 သက်တမ်းတိုးခြင်း
▫️ရက် ၉၀ သတင်းပို့ခြင်း
▫️𝗪𝗼𝗿𝗸 𝗣𝗲𝗿𝗺𝗶𝘁 လျောက်ထားခြင်း
▫️𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁, 𝗖𝗶 စာအုပ်ပြုလုပ်ခြင်း
▫️MOU စနစ်ဖြင့် လုပ်သားတင်သွင်းခြင်း

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆောက်လုပ်ရေးကဏ္ဍရှိ လုပ်သားရှားပါးမှုပြဿနာ ဖြေရှင်းရန် အရေးပေါ်အစီအစဉ် (၅) ချက်ကို ဆွေးနွေး၂၀...
10/08/2026

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆောက်လုပ်ရေးကဏ္ဍရှိ လုပ်သားရှားပါးမှုပြဿနာ ဖြေရှင်းရန် အရေးပေါ်အစီအစဉ် (၅) ချက်ကို ဆွေးနွေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Julapun Amornvivat သည် ထိုင်းဘုရင်၏ အုပ်ထိန်းမှုအောက်ရှိ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Lisa Ngamtrakulpanich နှင့် ကိုယ်စားလှယ်အဖွဲ့အား အလုပ်သမားဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ထိုင်း–ကမ္ဘောဒီးယား နယ်စပ်အခြေအနေနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဆောက်လုပ်ရေးကဏ္ဍတွင် ကြုံတွေ့နေရသော နိုင်ငံခြားလုပ်သားရှားပါးမှုပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့ အချက်အလက်များ ဖလှယ်ကာ မူဝါဒဆိုင်ရာ အကြံပြုချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယအလုပ်သမားဝန်ကြီး၊ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

အဓိကဆွေးနွေးခဲ့သည့် အစီအစဉ် (၅) ချက်

၁။ MOU ၄ နှစ်သက်တမ်းပြည့် မြန်မာလုပ်သားများအား ဆက်လက်လုပ်ကိုင်ခွင့်ပေးရေး

ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာအစိုးရတို့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပသည့် အစည်းအဝေး၌ MOU စနစ်ဖြင့် လာရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများအတွက် ၄ နှစ်သက်တမ်းပြည့်ပြီးနောက် ယခင်ကလို ရက် ၃၀ နေရပ်ပြန်နားရန် မလိုအပ်ဘဲ ယာယီဆက်လက်လုပ်ကိုင်နိုင်ရေးကို မူအားဖြင့် သဘောတူညီခဲ့ကြသည်။

လက်ရှိတွင် အသေးစိတ်စည်းမျဉ်းများကို နိုင်ငံခြားလုပ်သားစီမံခန့်ခွဲမှု မူဝါဒကော်မတီနှင့် ထိုင်းအစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် ပြင်ဆင်လျက်ရှိပြီး နောက်ဆုံးအတည်ပြုချက် မရရှိသေးပါ။

၂။ သက်တမ်းကုန်ဆုံးထားသော နိုင်ငံခြားလုပ်သားများအား ယာယီတရားဝင်လုပ်ကိုင်ခွင့်ပေးရေး

ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် လုံခြုံရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသားများအနက် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးထားသူများကို တစ်ကြိမ်လျှင် ၂ နှစ်အထိ ယာယီတရားဝင် နေထိုင်လုပ်ကိုင်ခွင့် ပေးနိုင်ရေးကို စဉ်းစားလျက်ရှိသည်။

ယင်းအစီအစဉ်သည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

၃။ မြန်မာလုပ်သား ခေါ်ယူရေးလမ်းကြောင်းများ ပိုမိုအဆင်ပြေစေရေး

ထိုင်း–မြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်များ မဖွင့်လှစ်နိုင်သေးသဖြင့် MOU စနစ်ဖြင့် လာရောက်မည့် မြန်မာလုပ်သားများသည် လက်ရှိတွင် လေကြောင်းခရီးဖြင့်သာ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်သေးသည်။

ထိုင်းဘက်မှ နယ်စပ်လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရန် အဆိုပြုထားသော်လည်း မြန်မာဘက်မှ လုံခြုံရေးအခြေအနေများကြောင့် လေကြောင်းဖြင့်သာ စေလွှတ်လိုကြောင်း အသိပေးထားသည်။

၄။ e-Work Permit စနစ်ကို အဆင့်မြှင့်တင်ခြင်း

ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် e-Work Permit စနစ်ကို တိုးချဲ့အသုံးပြု၍ အလုပ်လုပ်ခွင့်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ အချက်အလက်ပြင်ဆင်ခြင်းနှင့် အလုပ်ရှင်ပြောင်းလဲခြင်းတို့ကို အွန်လိုင်းစနစ်ဖြင့် ပိုမိုမြန်ဆန်၊ ပွင့်လင်းမြင်သာပြီး စာရွက်စာတမ်းအသုံးပြုမှု လျော့နည်းစေရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဗီဇာနှင့် လူမှုဖူလုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

၅။ ရေရှည်လုပ်သားရင်းမြစ် တိုးချဲ့ရေး

ထိုင်းအစိုးရသည် လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားများအတွက် ယခင်ဆောင်ရွက်နေသော အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်နေသည့်အပြင် သီရိလင်္ကာနိုင်ငံမှ လုပ်သားခေါ်ယူနိုင်ရေး အတွက် နှစ်နိုင်ငံသဘောတူစာချုပ် မူကြမ်းကို ပြင်ဆင်ပြီးဖြစ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ရရှိပြီးနောက် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

အလုပ်သမားဝန်ကြီး၏ ပြောကြားချက်

ဝန်ကြီး Julapun Amornvivat က ဆောက်လုပ်ရေးလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် ကဏ္ဍဖြစ်ကြောင်း၊ လုပ်သားရှားပါးမှုပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် အနီးကပ်ပူးပေါင်းကာ လိုအပ်သော အစီအစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

LaborWork Company Limited မှ အသိပေးအကြောင်းကြားချက်

အထက်ဖော်ပြပါ အချက်များသည် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ထားသော ဆွေးနွေးမှုနှင့် မူဝါဒအဆိုပြုချက်များ ကို အခြေခံ၍ မြန်မာလုပ်သားများ နားလည်လွယ်ကူစေရန် ဘာသာပြန်တင်ဆက်ခြင်း ဖြစ်ပါသည်။

⚠️အထူးသတိပြုရန် — MOU ၄ နှစ်သက်တမ်းတိုးခြင်းနှင့် သက်တမ်းကုန်ဆုံးထားသော လုပ်သားများအား ယာယီတရားဝင်လုပ်ကိုင်ခွင့်ပေးခြင်းတို့သည် နောက်ဆုံးအတည်ပြုချက် မရရှိသေးသော အဆိုပြုအစီအစဉ်များ ဖြစ်ပါသည်။ သက်ဆိုင်ရာကော်မတီများနှင့် ထိုင်းအစိုးရအဖွဲ့၏ တရားဝင်အတည်ပြုကြေညာချက် ထုတ်ပြန်ပြီးမှသာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

Foreign Workers Employment Agency LaborWork Company Limited အနေဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်များအတွက် အလုပ်သမားဥပဒေ၊ MOU စနစ်၊ အလုပ်လုပ်ခွင့်နှင့် ဗီဇာဆိုင်ရာ တရားဝင်သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

https://www.facebook.com/share/p/18YWaRTRDi/

🚨 ဝပ်ပါမစ် သက်တမ်းကုန်တော့မယ်... အခုထိ မပြင်ဆင်ရသေးဘူးလား?11 ဒီဇင်ဘာ 2026 တွင် ဝပ်ပါမစ် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားမျာ...
08/08/2026

🚨 ဝပ်ပါမစ် သက်တမ်းကုန်တော့မယ်... အခုထိ မပြင်ဆင်ရသေးဘူးလား?

11 ဒီဇင်ဘာ 2026 တွင် ဝပ်ပါမစ် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများအတွက် အရေးကြီးသော အချိန် ရောက်ရှိလာပါပြီ။

လူအများစုက သက်တမ်းကုန်ခါနီးမှ သက်တမ်းတိုးဖို့ စောင့်နေကြပေမယ့် ကြိုတင်ပြင်ဆင်မထားလျှင် လုပ်ငန်းစဉ်စတင်သည်နှင့် လျှောက်ထားသူများ များပြားလာနိုင်ပြီး အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ပါသည်။

အခုပဲ ကြိုတင်စာရင်းတင်သွင်းခြင်းကို လုပ်ထားခြင်းက သင့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်နိုင်ပါတယ်။

👤 #အလုပ်သမားEmployeeဘက်မှလိုအပ်ချက်များ

• 🪪 Work Permit Smart Card (ရှိပါက)

• 📄 Work Permit စာရွက်

• 📸 ကိုယ်တစ်ပိုင်းဓာတ်ပုံ (Passport Size / လိုင်စင်ပုံ)

• 🛂 CI (Certificate of Identity) သို့မဟုတ် Passport Bio Page (စာအုပ်ရှိပါက)

• 📑 Visa Page (ဗီဇာရှိပါက)

🏢 #အလုပ်ရှင်Employerဘက်မှလိုအပ်ချက်များ

• 🆔 အလုပ်ရှင်၏ မှတ်ပုံတင်ကတ်

• 📘 အလုပ်ရှင် သန်းခေါင်စာရင်း

• 📃 လုပ်ငန်းလိုင်စင် (Business Registration / Commercial Registration)

• 💻 DOE Account (ရှိပါက)

• 📱 အလုပ်ရှင်၏ ဆက်သွယ်ရန် ဖုန်းနံပါတ်

📌 အရေးကြီးသော အသိပေးချက်

✅ စာရွက်စာတမ်းများကို ရှင်းလင်းပြတ်သားစွာ ဓာတ်ပုံရိုက်၍ ပေးပို့ပါ။

✅ မရှင်းလင်းသော စာရွက်စာတမ်းများသည် လုပ်ငန်းစဉ် နှောင့်နှေးနိုင်ပါသည်။

⭐ ☎0993866447

🚨 အသိပေးကြေညာချက်📕 ပတ်စ်ပို့စာအုပ် သက်တမ်းတိုးမည့်သူများအတွက်📅 ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့မှစတင်၍🇲🇲 မြန်မာသံရုံးမှ သတ်...
08/08/2026

🚨 အသိပေးကြေညာချက်

📕 ပတ်စ်ပို့စာအုပ် သက်တမ်းတိုးမည့်သူများအတွက်

📅 ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့မှစတင်၍

🇲🇲 မြန်မာသံရုံးမှ သတ်မှတ်ထားသော အခွန်နှုန်းထား ပြောင်းလဲသတ်မှတ်ထားပါသည်။

💰 ယခင် – ၃၃ လစာအခွန် (4,950 ဘတ်)
💰 ယခု – ၃၄ လစာအခွန် (5,100 ဘတ်)

✅ ထို့ကြောင့် ပတ်စ်ပို့သက်တမ်းတိုးရန် စီစဉ်ထားသော မိတ်ဆွေများအနေဖြင့် 5,100 ဘတ် ကို ကြိုတင်ပြင်ဆင်ထားရန် လေးစားစွာ အသိပေးအပ်ပါသည်။

📩 အသေးစိတ်အချက်အလက်များနှင့် ဝန်ဆောင်မှုဆိုင်ရာ မေးမြန်းလိုပါက LaborWork Company Limited Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

LaborWork Plus Company Limited
Reliable Service • Trusted Partner

#ထိုင်းရောက်မြန်မာ

✨ **ဘတ်စာရင်းအသစ်များ စတင်လက်ခံဆောင်ရွက်နေပါပြီ** 🇹🇭📢 **Labor Work Plus** မှ ထိုင်းနိုင်ငံတွင် **ဘတ်စာရင်းအသစ် (Work Per...
21/07/2026

✨ **ဘတ်စာရင်းအသစ်များ စတင်လက်ခံဆောင်ရွက်နေပါပြီ** 🇹🇭

📢 **Labor Work Plus** မှ ထိုင်းနိုင်ငံတွင် **ဘတ်စာရင်းအသစ် (Work Permit အသစ်)** ပြုလုပ်လိုသူများအတွက် လျှောက်ထားမှုများကို စတင်လက်ခံဆောင်ရွက်ပေးနေပါပြီ။

✅ တရားဝင်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးခြင်း
✅ စာရွက်စာတမ်းများကို အသေးစိတ်စစ်ဆေး၍ အကြံပြုပေးခြင်း
✅ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းစွာ လမ်းညွှန်ပေးခြင်း
✅ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုဖြင့် ကူညီဆောင်ရွက်ပေးခြင်း

ဘတ်အသစ်ပြုလုပ်ရန် စီစဉ်နေသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပြီး အသေးစိတ်အချက်အလက်များကို လာရောက်မေးမြန်းနိုင်ပါသည်။

📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

**Labor Work Plus**
**ယုံကြည်မှုဖြင့် ဝန်ဆောင်မှုပေး၊ စိတ်ချရသော လုပ်ငန်းစဉ်ဖြင့် အတူလျှောက်လှမ်းပါ။** 🇹🇭

#𝗟𝗮𝗯𝗼𝗿𝗪𝗼𝗿𝗸𝗣𝗹𝘂𝘀𝗖𝗼𝗺𝗽𝗮𝗻𝘆𝗟𝗶𝗺𝗶𝘁𝗲𝗱☎0993866447
ာအုပ်_CIRegistration

ိုင်းရောက်ရွှေမြန်မာများ
ုပ်မယ်_CIစာရင်းသွင်းမယ်

စက်ရုံပိတ်သိမ်းတဲ့အခါ အလုပ်သမားတွေ ရရှိသင့်တဲ့ အခွင့်အရေးများ___________________________________________________________...
20/07/2026

စက်ရုံပိတ်သိမ်းတဲ့အခါ အလုပ်သမားတွေ ရရှိသင့်တဲ့ အခွင့်အရေးများ
______________________________________________________________

✅စက်ရုံပိတ်သိမ်းတဲ့အခါ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို လုပ်ငန်းခွင်ဥပဒေအတိုင်း အပြည့်အဝ တာဝန်ယူပေးရပါမယ်။ လုပ်ငန်းရှင် ဒေဝါလီခံတာပဲဖြစ်ဖြစ်၊ စီးပွားရေးအခက်အခဲ၊ အမှာစာလျော့နည်းမှု၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် အခြားအကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းပိတ်သိမ်းတာပဲဖြစ်ဖြစ် အလုပ်သမားတွေရဲ့ ဥပဒေအရရရှိသင့်တဲ့ အခွင့်အရေးတွေကို မဖျက်သိမ်းနိုင်ပါဘူး။ အလုပ်သမားတွေ နစ်နာမှုမရှိစေဖို့ ဥပဒေက ကာကွယ်ပေးထားတဲ့ အခွင့်အရေးတွေကို သိရှိထားဖို့ အရေးကြီးပါတယ်။

၁။ လုပ်သက်အလိုက် လျော်ကြေးငွေ (Severance Pay)

🔹အလုပ်သမားတစ်ဦးဟာ အလုပ်လုပ်ကိုင်ခဲ့တဲ့ လုပ်သက်အလိုက် ဥပဒေသတ်မှတ်ထားတဲ့ လျော်ကြေးငွေကို ရရှိပိုင်ခွင့်ရှိပါတယ်။ လုပ်သက်များလေလေ ရရှိမယ့် လျော်ကြေးပမာဏလည်း ပိုများလာမှာဖြစ်ပြီး အလုပ်ရှင်က ဥပဒေအတိုင်း အပြည့်အဝ ပေးချေရပါမယ်။

၂။ လုပ်ခလစာနှင့် မသုံးရသေးသော ခွင့်ရက်များ

🔹အလုပ်သမားတွေဟာ နောက်ဆုံးအလုပ်ဆင်းတဲ့ရက်အထိ ရရှိသင့်တဲ့ လုပ်ခလစာကို အပြည့်အဝ ရပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် မသုံးရသေးတဲ့ နှစ်စဉ်ခွင့်ရက် (Annual Leave) တွေကိုလည်း ငွေကြေးတန်ဖိုးအဖြစ် ပြန်လည်တွက်ချက်ပြီး ပေးချေရပါမယ်။ အချိန်ပိုကြေး (OT)၊ ကော်မရှင် သို့မဟုတ် အခြားပေးချေရမယ့် အကျိုးခံစားခွင့်တွေ ကျန်ရှိနေပါကလည်း ဥပဒေအတိုင်း ရရှိသင့်ပါတယ်။

၃။ ကြိုတင်အကြောင်းကြားခြင်း မရှိသည့်အတွက် လျော်ကြေး

🔹အလုပ်ရှင်က လုပ်ငန်းပိတ်သိမ်းမယ်ဆိုတာကို ဥပဒေသတ်မှတ်ထားတဲ့ ရက်ပေါင်း ၃၀ ကြိုတင် အသိပေးခြင်း မပြုခဲ့ဘူးဆိုရင် အလုပ်သမားတစ်ဦးစီကို လစာ ၁ လစာနှင့် ညီမျှတဲ့ လျော်ကြေးငွေကို ထပ်မံပေးချေရပါမယ်။

၄။ အလုပ်သမားများ သတိပြုသင့်သည့်အချက်

🔹စက်ရုံပိတ်သိမ်းကြောင်း ကြေညာလိုက်တာနဲ့ စာရွက်စာတမ်းတစ်စုံတစ်ရာကို အလျင်စလို လက်မှတ်မထိုးခင် သေချာဖတ်ရှုနားလည်ဖို့ လိုအပ်ပါတယ်။ မိမိရရှိသင့်တဲ့ လျော်ကြေး၊ လုပ်ခလစာနဲ့ အခြားအခွင့်အရေးတွေ ပြည့်စုံစွာ ရရှိပြီးမှသာ လက်ခံသင့်ပါတယ်။ မရှင်းလင်းတာတွေရှိရင် သက်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း သို့မဟုတ် ဥပဒေအကြံပေးတွေဆီက အကူအညီ ရယူနိုင်ပါတယ်။

**မှတ်ချက်**
လုပ်သက်အလိုက် ရရှိမယ့် လျော်ကြေးပမာဏဟာ အလုပ်လုပ်ခဲ့တဲ့ ကာလအပေါ် မူတည်ပြီး ကွာခြားပါတယ်။

#𝗟𝗮𝗯𝗼𝗿𝗪𝗼𝗿𝗸𝗣𝗹𝘂𝘀𝗖𝗼𝗺𝗽𝗮𝗻𝘆𝗟𝗶𝗺𝗶𝘁𝗲𝗱
☎0993866447
ာအုပ်_CIRegistration

ိုင်းရောက်ရွှေမြန်မာများ
ုပ်မယ်_CIစာရင်းသွင်းမယ်

✅ မကြာသေးမီက ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ခြင်း၊ အထောက်အထားမပြည့်စုံခြင်းနှင့် အလုပ်လုပ်ခွင့်ဆိုင်ရာ စည်းမျဉ်းများကိ...
18/07/2026

✅ မကြာသေးမီက ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ခြင်း၊ အထောက်အထားမပြည့်စုံခြင်းနှင့် အလုပ်လုပ်ခွင့်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သူများအပေါ် အာဏာပိုင်များက စစ်ဆေးဖမ်းဆီးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

✅ ထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများ ဆုံးနိုင်ငံဖြစ်ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

အခုကာလမှာထိုင်းအစိုးရက လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ယခင်ထက် ပိုမိုတင်းကျပ်စွာအကောင်အထည်ဖော်လာတာဖြစ်လို့ နေရာအနှံ့အပြားတွင် တရားမဝင်နေထိုင်သူများ၊ အလုပ်လုပ်ခွင့်အထောက်အထား မပြည့်စုံသူများကို စစ်ဆေးဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေပါတယ်။

✅ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ Work Permit နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများကို အမြဲတမ်း တရားဝင်အခြေအနေဖြင့် ကိုင်ဆောင်ထားရမှာ​ဖြစ်ပါတယ်။ အလုပ်ရှင်ပြောင်းလဲခြင်း သို့မဟုတ် နေရပ်လိပ်စာပြောင်းလဲခြင်းများ ရှိပါကလည်း သက်ဆိုင်ရာဥပဒေအတိုင်း အချိန်မီ ဆောင်ရွက်ရန် လိုအပ်ပါတယ်။

✅ မိမိ၏ အလုပ်အကိုင်နှင့် အနာဂတ်လုံခြုံရေးအတွက် ဥပဒေကို လေးစားလိုက်နာခြင်းသည် အရေးကြီးဆုံးဖြစ်ပြီး သတင်းအမှားများကို မယုံကြည်ဘဲ တရားဝင်သတင်းရင်းမြစ်များနှင့် ယုံကြည်စိတ်ချရသော အေဂျင်စီများမှ အချက်အလက်များကိုသာ ရယူပြီး ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။

✅ဘတ်ရိုက်ထားသူများ ထိုင်းဥပဒေအရ အလုပ်လုပ်ခွင့် ရရှိထားသူများဖြစ်ပြီး ရဲနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့များ၏ စစ်ဆေးမှုများကို ယုံကြည်စိတ်ချစွာ ရင်ဆိုင်နိုင်ပါသည်။ ထို့အပြင် Work Permit နှင့် သက်ဆိုင်သော အခွင့်အရေးများ၊ လူမှုဖူလုံရေးစနစ် (Social Security)၊ ဆေးကုသခွင့်နှင့် အလုပ်သမားဥပဒေအရ ကာကွယ်မှုများကိုလည်း ရရှိနိုင်ပါတယ်။

တရားဝင်စာရွက်စာတမ်းများ ရှိခြင်းကြောင့် အလုပ်ရှင်ပြောင်းလဲလိုသည့်အခါ၊ နေရပ်ပြောင်းရွှေ့လိုသည့်အခါ သို့မဟုတ် နိုင်ငံပြန်ပြီး ပြန်လည်ဝင်ရောက်လိုသည့်အခါတွင်လည်း ပိုမိုလွယ်ကူအဆင်ပြေစေပါတယ်။

🚫တရားမဝင်နေထိုင်ခြင်း၏ အန္တရာယ်များ

✅ ဘတ်မရှိဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် ဗီဇာသက်တမ်းကုန်ဆုံးပြီး ဆက်လက်နေထိုင်ခြင်းသည်ဥပဒေချိုးဖောက်မှုဖြစ်ပါတယ်။ အာဏာပိုင်များ၏ စစ်ဆေးမှုတွင် ဖမ်းဆီးခံရပါက ဒဏ်ငွေ၊ ထိန်းသိမ်းခံရခြင်း၊ နေရပ်ပြန်ပို့ခံရခြင်းနှင့် အချို့အခြေအနေများတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ကန့်သတ်ခံရနိုင်ပါတယ်။ ထို့အပြင် အလုပ်ရှင်နှင့် ပြဿနာဖြစ်ပွားပါကလည်း ဥပဒေအရ မိမိအခွင့်အရေးကို အပြည့်အဝ ကာကွယ်ရခက်ခဲပါတယ်။

✅ လက်ရှိကာလတွင် ထိုင်းအစိုးရသည် တရားမဝင်အလုပ်သမားများနှင့် ဥပဒေချိုးဖောက်မှုများကို တားဆီးရန် စစ်ဆေးမှုများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့် "အဆင်ပြေသလို နေမယ်" ဆိုတဲ့ အတွေးအခေါ်ထက် "ဥပဒေနှင့်အညီ နေထိုင်မယ်" အတွေးအခေါ်ဖြင့် နေထိုင်ခြင်းက မိမိနှင့် မိသားစု၏ အနာဂတ်လုံခြုံရေးအတွက် ပိုမိုအကျိုးရှိပါတယ်။

☎0993866447
#𝗟𝗮𝗯𝗼𝗿𝗪𝗼𝗿𝗸𝗣𝗹𝘂𝘀𝗖𝗼𝗺𝗽𝗮𝗻𝘆𝗟𝗶𝗺𝗶𝘁𝗲𝗱
ာအုပ်_CIRegistration

ိုင်းရောက်ရွှေမြန်မာများ
ုပ်မယ်_CIစာရင်းသွင်းမယ်

🔹ထိုင်းရောက်ရွှေ မြန်မာတွေ သိထားရမည့်အချက်များ-------------------------------------------------✅ထိုင်းနိုင်ငံထဲကို နည်းလ...
16/07/2026

🔹ထိုင်းရောက်ရွှေ မြန်မာတွေ သိထားရမည့်အချက်များ
-------------------------------------------------

✅ထိုင်းနိုင်ငံထဲကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၅ သန်းခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ထိုင်းနိုင်ငံထဲမှာ နေထိုင်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ မဖြစ်မနေ သိရှိရမယ့် ဥပဒေတွေရှိပါတယ်။

ဒီဥပဒေတွေကို သိရှိထားမှသာ အန္တရာယ်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်မှာ ဖြစ်တာကြောင့် မဖြစ်မနေသိသင့်တဲ့ ဥပဒေတွေကို ဖော်ပြပေးလိုက်ပါတယ်။

🔸စာရွက်စာတမ်း သိမ်းခံထားရခြင်း

✅အလုပ်ရှင်က အလုပ်သမားတွေရဲ့နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့်လက်မှတ်စတဲ့ စာရွက်စာတမ်းတွေကို အလုပ်သမားတွေရဲ့ခွင့်ပြုချက်မရှိဘဲ သိမ်းဆည်းထားခွင့် မရှိပါဘူး။ သိမ်းထားရင်လည်း အလုပ်သမားတွေ ပြန်လည်တောင်းခံရာမှာ ပေးအပ်ရမှာပါ။ မပေးအပ်ရင် အာဏာပိုင်တွေကို တိုင်ကြားနိုင်ပါတယ်။

မပေးအပ်ဘဲ ဆက်ပြီးသိမ်းထားရင်

- ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃၁ အရ အရေးယူနိုင်

အလုပ်ရှင်ကို ၆ လထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ်

ဒဏ်ငွေ ဘတ် ၁ဝ,ဝဝဝ ကနေ ၁ဝဝ,ဝဝဝ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်

🔸အများပြည်သူပိုင်နေရာတွေမှာ ဒါတွေသတိထား

အများပြည်သူပိုင် နေရာတွေမှာသန့်ရှင်းမှုကို ထိခိုက်နိုင်တဲ့ အရာတွေ မလုပ်ရပါဘူး။

_တားမြစ်ထားတဲ့နေရာတွေမှာရေချိုးတာ၊ဆေးကြောတာ

_ပန်းခြံတွေမှာ အညစ်အကြေးစွန့်တာ၊ အပေါ့အလေးစွန့်တာ

_လမ်းမပေါ်၊ ကားတွေ၊ လှေတွေပေါ်မှာကွမ်းတံတွေးထွေးတာ၊ နှပ်ချီးညှစ်တာ၊

_စည်းကမ်းမဲ့ အမှိုက်ပစ်တာ

_ခြံစည်းရိုးနဲ့ အပင်တွေပေါ်ထိုင်တာ၊ တက်တာ၊ ပန်းခူးတာ

_အများပြည်သူဆိုင်ရာ နေရာတွေမှာအိပ်တာ၊ လူကူးတံတားပေါ်မှာထိုင်တာ၊
_လှဲအိပ်တာ စတာတွေ မပြုလုပ်ရပါဘူး။

🔸တော်ဝင်ဥပဒေ သို့မဟုတ် ဘုရင်ဥပဒေ

✅ထိုင်းနိုင်ငံမှာ ဘုရင်၊ မိဖုရားနဲ့ နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံနဲ့ တော်ဝင်မျိုးနွယ်တွေကို အသရေဖျက်တာ၊ စော်ကားတာ၊ ခြိမ်းခြောက်တာ ဖြစ်စေတဲ့ အပြုအမူ၊ အပြောအဆိုတွေ လုပ်ခွင့်မရှိပါဘူး။

ကျူးလွန်မိရင်

_နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၁၂ အရ ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်၊

_အလုပ်လုပ်ခွင့်လက်မှတ် ပြန်သိမ်းတာ၊

_တရားဝင်နေထိုင်ခွင့်ကို ရုတ်သိမ်းတာ၊

_နယ်နှင်ဒဏ်ပေးတာ စသဖြင့် ပြစ်ဒဏ်ခံရနိုင်ပါတယ်။

🔸တရားမဝင် အလုပ်လုပ်ခြင်း

✅ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ဆိုင်ရင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) လိုပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်တွေမှာပဲ လုပ်ကိုင်ရပါမယ်။

တရားမဝင် အလုပ်လုပ်ကိုင်ပါက

- ပုဒ်မ ၁ဝ၁ အရ ဒဏ်ငွေ ဘတ်၅,ဝဝဝ မှ ၅ဝ,ဝဝဝ အထိ

- မိမိနိုင်ငံ ပြန်ပို့ခြင်း

- ထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခြင်းတို့ ခံရနိုင်။

🔸တရားမဝင် အလုပ်လုပ်ခြင်း

လုပ်ခွင့်မရှိသော အလုပ်များ

_ဈေးရောင်း၊

_အနှိပ်၊

_ဆံပင်ညှပ်၊

_သယ်ယူပို့ဆောင်ရေး၊

_ဧည့်လမ်းညွန်၊

_အလှပြင်စသဖြင့်

အာဏာပိုင်တွေက အလုပ်လုပ်ခွင့်လက်မှတ်ကို စစ်ဆေးတဲ့အချိန် မပြသနိုင်ရင် ပုဒ်မ ၁၂ဝ အရ ဘတ် ၅ဝဝဝ ထက်မပိုတဲ့ ဒဏ်ငွေကို ပေးဆောင်ရမှာ ဖြစ်

🔸အလုပ်ချိန်နဲ့ လုပ်အားခ

✅ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပုံမှန်အလုပ်ချိန် တစ်နေ့ ၈ နာရီ၊ အန္တရာယ်ရှိ လုပ်ငန်းခွင် ဆိုရင် တစ်နေ့ ၇ နာရီပဲ ရှိရပါမယ်။

တစ်ပတ်မှာ အလုပ်နားရက် ၁ ရက်ရှိရပါမယ်။ အကယ်၍ အလုပ်နားရက် အလုပ်ဆင်းရရင် ပုံမှန်လစာထက် နောက်တစ်ဆ ရရှိရမှာဖြစ်ပါတယ်။

အနိမ့်ဆုံး လုပ်အားခ ၃၂၈ ဘတ် မှ ၃၅၄ ဘတ်

တစ်လတစ်ခါ အနည်းဆုံး ပေးရမည်

အချိန်ပိုကြေး ၁ နာရီလုပ်ခ၏ ၁ ဒသမ ၅ ဆ ရရှိမှာဖြစ်ပါတယ်။

☎0993866447
#𝗟𝗮𝗯𝗼𝗿𝗪𝗼𝗿𝗸𝗣𝗹𝘂𝘀𝗖𝗼𝗺𝗽𝗮𝗻𝘆𝗟𝗶𝗺𝗶𝘁𝗲𝗱
ာအုပ်_CIRegistration

ိုင်းရောက်ရွှေမြန်မာများ
ုပ်မယ်_CIစာရင်းသွင်းမယ်

🔹CI စင်တာတွေမှာ ငွေအဆမတန် တောင်းနေတာတွေ ဖြေရှင်းပေးဖို့ မြန်မာသံရုံးကို ထိုင်းအသိပေး***မဖြေရှင်းနိုင်သည့် စင်တာများကို ပ...
15/07/2026

🔹CI စင်တာတွေမှာ ငွေအဆမတန် တောင်းနေတာတွေ ဖြေရှင်းပေးဖို့ မြန်မာသံရုံးကို ထိုင်းအသိပေး

***မဖြေရှင်းနိုင်သည့် စင်တာများကို ပိတ်သိမ်းမည်***
________________________________________________

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အရေးပါတဲ့ CI စင်တာတွေမှာ ငွေကြေးအဆမတန် တောင်းခံမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ထိုင်းအလုပ်သမားဝန်ကြီးက ပြတ်သားတဲ့ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အခက်အခဲတွေကို လွန်ခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်ကတည်းက ကြိုတင်သိရှိထားပြီးဖြစ်ကာ မြန်မာသံအမတ်ကြီးကို ကိုယ်တိုင်ခေါ်ယူ ဆွေးနွေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

CI စင်တာတွေရဲ့ လုပ်ငန်းစဉ်ဟာ မူလနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တာဝန်ယူမှုအောက်မှာ ရှိနေပေမဲ့လည်း၊ လုပ်ငန်းခွင်အတွင်းမှာ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးကို ထိုင်းအစိုးရအနေနဲ့ လုံးဝလျစ်လျူရှုထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ မြန်မာသံရုံးထံကို တရားဝင်စာပေးပို့ထားပြီးဖြစ်ကြောင်း ဝန်ကြီးက အလေးပေး ပြောကြားခဲ့ကြောင်း သိရပါတယ်။

အကယ်၍ အဆိုပါ ငွေကြေးကောက်ခံတဲ့ လုပ်ရပ်တွေကို ဖြေရှင်းနိုင်ဘူးဆိုရင်တော့ ပြဿနာဖြစ်ပွားနေတဲ့ နေရာတွေမှာရှိတဲ့ CI စင်တာတွေကို လုပ်ငန်းရပ်ဆိုင်းခိုင်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ လုပ်ငန်းစဉ်တွေ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ လိုအပ်ရင် နောက်တစ်ဆင့်တက်ပြီး ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အတည်ပြုထားပါတယ်။
#𝗟𝗮𝗯𝗼𝗿𝗪𝗼𝗿𝗸𝗣𝗹𝘂𝘀𝗖𝗼𝗺𝗽𝗮𝗻𝘆𝗟𝗶𝗺𝗶𝘁𝗲𝗱☎️0993866447
ာအုပ်_CiRegistration

ိုင်းရောက်ရွှေမြန်မာများ
ုပ်မယ်_Ciစာရင်းသွင်းမယ်

✅ဘတ်အသစ်တင်ထားတဲ့သူတွေက လက်ဗွေနှိပ်ပြီးသွားရင် CI ရုံးတွေဖွင့်ပေးတဲ့အချိန်မှာ CI စာအုပ်အစိမ်းလုပ်ရပါမည်။ CI စာအုပ်လုပ်ရန...
14/07/2026

✅ဘတ်အသစ်တင်ထားတဲ့သူတွေက လက်ဗွေနှိပ်ပြီးသွားရင် CI ရုံးတွေဖွင့်ပေးတဲ့အချိန်မှာ CI စာအုပ်အစိမ်းလုပ်ရပါမည်။

CI စာအုပ်လုပ်ရန် လိုအပ်တဲ့စာရွက်စာတမ်းများ _

(၁)ဝါ့ပါမစ်စာရွက်။
(၂)ငွေချေဖြတ်ပိုင်းစာရွက်။
(၃)လက်ဗွေနှိပ်ထားတဲ့စာရွက်။
(၄)မှတ်ပုံတင်မူရင်း/အိမ်ထောင်စုဇယားမိတ္တူ
(၅)မိမိ၏ ကိုယ်တစ်ပိုင်း ၂ပုံ။

WorkPermitကဒ်ထုတ်တဲ့နေ့ဘာတွေ့ ယူဆောင်သွားရမလဲ ?✅ရက်ချိန်းစာရွက်✅ ဘိုင့်အနုမှတ်စာရွက် ✅ passportစာအုပ်နဲ့ သက်တမ်းတိုးထားပ...
12/07/2026

WorkPermitကဒ်ထုတ်တဲ့နေ့ဘာတွေ့ ယူဆောင်သွားရမလဲ ?
✅ရက်ချိန်းစာရွက်
✅ ဘိုင့်အနုမှတ်စာရွက်
✅ passportစာအုပ်နဲ့ သက်တမ်းတိုးထားပါက
passportစာအုပ်(မူးရင်)ကိုပါ ယူဆောင်သွားရပါမယ်။

မှတ်ချက် ။ ကဒ်သွားထုတ်ယူမဲ့သူများအနေနဲ့(၃၀)မီနစ်
ကြိုတင်အရောက်သွားရပါမည် ။

#𝗟𝗮𝗯𝗼𝗿𝗪𝗼𝗿𝗸𝗣𝗹𝘂𝘀𝗖𝗼𝗺𝗽𝗮𝗻𝘆𝗟𝗶𝗺𝗶𝘁𝗲𝗱
☎0993866447
ာအုပ်_CiRegistration

ိုင်းရောက်ရွှေမြန်မာများ
ုပ်မယ်_Ciစာရင်းသွင်းမယ်

ที่อยู่

257/1 Moo. 1, Hang Sung
Chon Buri
20190

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ 𝑳𝒂𝒃𝒐𝒓 𝑾𝒐𝒓𝒌 𝑷𝒍𝒖𝒔 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์